ကွန်ပျူတာနှင့် လူတွေ့စစ်ဆေးမည့်နေ့ရက် ကြေငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန
နေပြည်တော်
ကွန်ပျူတာနှင့် လူတွေ့စစ်ဆေးမည့်နေ့ရက် ကြေငြာခြင်း

၁။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် လစ်လပ်လျက် ရှိသော လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး၊ အငယ်တန်းစာရေး၊ ဒုတိယလက်ထောက် ကွန်ပျူတာ လုပ်ဆောင်ရေးမှူး ရာထူးနေရာများ ရွေးချယ်ခန့်ထားရေးအတွက် အင်္ဂလိပ်စာ ရေးဖြေစာမေးပွဲ အောင်မြင်ခဲ့သူ ဝန်ထမ်းလောင်းများအား ကွန်ပျူတာနှင့် လူတွေ့ စစ်ဆေးခြင်းကို ၂၀၁၇ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း ရုံးအမှတ် (၄၈)၊ နေပြည်တော်တွင် ပြုလုပ်မည် ဖြစ်ပါသည်။
၂။ ဖြေဆိုရမည့်သူများစာရင်းနှင့် ဖြေဆိုရမည့် နေ့ရက်တို့အား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးများတွင် ကြေငြာထားပါမည်။
၃။ စာမေးပွဲ လာရောက်ဖြေဆိုရာတွင် မှတ်ပုံတင်မူရင်းနှင့် ဘွဲ့လက်မှတ်မူရင်းတို့အား တစ်ပါတည်း ယူဆောင်လာပါရန် ကြိုတင်အသိပေးအပ်ပါသည်။

Sorry, the comment form is closed at this time.