ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟောင်ကောင် အထူးအုပ်ချုပ်ရေး ဒေသ နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသ တို့မှ သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ကမ္ဘာလှည့်ဗီဇာကင်းလွတ်ခွင့်၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင် သူများကို ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုထားမှုကို စမ်းသပ်ကာလ (၁) နှစ် ထပ်မံ သက်တမ်း တိုးမြှင့်မည်

    ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသတို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို ကမ္ဘာလှည့်ဗီဇာ ကင်းလွတ်ခွင့်ဖြင့် (၁-၁၀-၂၀၁၈) ရက်နေ့မှ (၃၀-၉-၂၀၁၉) ရက်နေ့အထိ စမ်းသပ်ကာလ (၁) နှစ် သတ်မှတ်ပြီး ပြည်ဝင်ခွင့် ပြုခဲ့ပါသည်။

    ထို့အပြင် တရုတ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ကို (၁-၁၀-၂၀၁၈) ရက်နေ့မှ (၃၀-၉-၂၀၁၉) ရက်နေ့အထိ လည်းကောင်း၊ အိန္ဒိယနိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ကို (၁-၁၂-၂၀၁၈) ရက်နေ့မှ (၃၀-၁၁-၂၀၁၉) ရက်နေ့အထိ လည်းကောင်း စမ်းသပ်ကာလ (၁) နှစ် သတ်မှတ်ပြီး ခွင့်ပြု ပေးခဲ့ပါသည်။

    ယခုအခါ အဆိုပါနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး ရည်ရွယ်၍လည်းကောင်း မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်၍လည်းကောင်း ဂျပန်နိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသတို့မှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ကမ္ဘာလှည့်ဗီဇာ ကင်းလွတ်ခွင့် ခွင့်ပြုထားမှုကို (၁-၁၀-၂၀၁၉) ရက်နေ့မှ (၃၀-၉-၂၀၂၀) ရက်နေ့အထိ လည်းကောင်း၊ တရုတ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုထားမှုကို (၁-၁၀-၂၀၁၉) ရက်နေ့မှ (၃၀-၉-၂၀၂၀) ရက်နေ့အထိ လည်းကောင်း၊ အိန္ဒိယနိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) ခွင့်ပြုထားမှုကို (၁-၁၂-၂၀၁၉) ရက်နေ့မှ (၃၀-၁၁-၂၀၂၀) ရက်နေ့အထိ လည်းကောင်း၊ နောက်ထပ် (၁) နှစ် ထပ်မံ သက်တမ်း တိုးမြှင့်သွားမည် ဖြစ်ပါသည်။

Sorry, the comment form is closed at this time.