ထိုင်းနိုင်ငံသို့ဝင်ရောက်မည့်ခရီးသည်များအတွက် ပြည်ဝင်စည်းကမ်းချက်များ

ထိုင်းနိုင်ငံသို့ဝင်ရောက်မည့်ခရီးသည်များအတွက် ပြည်ဝင်စည်းကမ်းချက်များ

(၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်)

၂၀၂၂ ခုနှစ်၊ မေလ ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံသို့လာရောက်မည့် ခရီးသည်များအနေဖြင့် အောက်ပါ ပြည်ဝင်ဆိုင်ရာ စည်းကမ်းထုတ်ပြန်ချက်အသစ်များအား လိုက်နာရမည်ဖြစ်ပါသည်

  • လေကြောင်းခရီး
  • ကွာရန်တင်း ဝင်ရောက်ရန်မလိုအပ်ပါ။

၁။      ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးအပြည့်အဝထိုးထားပြီးသော ခရီးသည်များသည် Thai Pass အတွက် စာရင်းပေးသွင်းရမည်ဖြစ်ပြီး အောက်ပါ အထောက်အထားများ တင်ပြရပါမည်

.     နိုင်ငံကူးလက်မှတ်

.      ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးထိုးထားပြီးကြောင်းလက်မှတ်

.     ထိုင်းနိုင်ငံအတွင်းဆေးကုသမှုအတွက် အနည်းဆုံးအမေရိကန်ဒေါ်လာ ၁သောင်း နှင့်ညီမျှသော ဆေးကုသမှုအာမခံလက်မှတ် (ထိုင်းနိုင်ငံသားမဟုတ်သူများ)

.     ထိုင်းနိုင်ငံသို့ပြည်ဝင်ခွင့်ဗီဇာ (လိုအပ်ပါက)

၂။       ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးလုံးဝမထိုးထားရသေးသူများ သို့မဟုတ် အပြည့်အဝ မထိုးရသေးသော ခရီးသည်များအနေဖြင့် အောက်ပါအထောက်အထားများ တင်ပြရပါမည်

.    နိုင်ငံကူးလက်မှတ်

.    ခရီးမထွက်ခွာခင် ၇၂နာရီအတွင်း စစ်ဆေးထားသော RT-PCR စစ်ဆေးချက်အဖြေ (Thai Pass အတွက်သာ တင်ပြရန်လိုအပ်သည်)

.   ထိုင်းနိုင်ငံအတွင်းဆေးကုသမှုအတွက် အနည်းဆုံးအမေရိကန်ဒေါ်လာ ၁သောင်း နှင့်ညီမျှသော ဆေးကုသမှုအာမခံ (ထိုင်းနိုင်ငံသားမဟုတ်သူများ)

.   ထိုင်းနိုင်ငံသို့ပြည်ဝင်ခွင့်ဗီဇာ (လိုအပ်ပါက)

 

ကွာရန်တင်းဝင်ရောက်ခြင်း

          ခရီးမထွက်ခွာခင် ၇၂ နာရီအတွင်း စစ်ဆေးထားသော RT-PCR စစ်ဆေးချက် မတင်ပြနိုင်သော ကိုဗစ်၁၉ ရောဂါကာကွယ်ဆေးလုံးဝမထိုးထားရသေးသူများ သို့မဟုတ် အပြည့်အဝ မထိုးရသေးသော ခရီးသည်များ သို့မဟုတ် ကွာရန်တင်းနေထိုင်ရန် ဆန္ဒရှိသော ခရီးသည်များ အနေဖြင့် Thai Pass အတွက် အောက်ပါအထောက်အထားများ တင်ပြရပါမည်

()     နိုင်ငံကူးလက်မှတ်

()      Alternative Quarantine (AQ) Hotel တွင် ရက်စာ နေထိုင်မည့်အတည်ပြုချက် (RT-PCR စစ်ဆေးချက်အဖြေနှင့် လေဆိပ်အသွားအပြန်အပါအဝင်) Alternative Quarantine (AQ) Hotel တွင်နေထိုင် သူများအနေဖြင့် နေထိုင်စဉ် ရက်မြောက် နှင့် ရက် မြောက် နေ့တွင် RT-PCR စစ်ဆေးမှုကို Alternative Quarantine (AQ) Hotel တွင် ခံယူရမည် ဖြစ်ပါသည်။

()     ထိုင်းနိုင်ငံအတွင်း ဆေးကုသမှုအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁သောင်း နှင့် ညီမျှသော ဆေးကုသမှုအာမခံ (ထိုင်းနိုင်ငံသားမဟုတ်သူများ)

()     ထိုင်းနိုင်ငံသို့ ပြည်ဝင်ခွင့်ပြုဗီဇာ (လိုအပ်ပါက)

 

သတိပြုရန်အချက်များ

()     ကာကွယ်ဆေးအပြည့်အဝထိုးထားသော ခရီးသွားများအတွက် PCR Test စစ်ဆေးရန် မလိုပါ  (မထွက်ခွာမီနှင့်ထိုင်းနိုင်ငံသို့ရောက်ရှိချိန်)

()      Thai Pass ဖြင့် ခရီးမသွားမီ ကွာရန်တင်းနေထိုင်မှုမှ ကင်းလွတ်ရန်ဆန္ဒရှိသော ကာကွယ် ဆေးမထိုးရသေးသည့် သို့မဟုတ် ကာကွယ်ဆေးအပြည့်အဝမထိုးရသေးသည့် သူများနှင့် ကာကွယ် ဆေးမထိုးရသေးသည့် သို့မဟုတ် ကာကွယ်ဆေးအပြည့်အဝမထိုးရသေးသည့် သူများနှင့်အတူ လိုက်ပါလာသည့် အသက် နှစ်မှ ၁၇ နှစ်အတွင်း ကာကွယ်ဆေး မထိုး ရသေးသော သို့မဟုတ် ကာကွယ်ဆေးအပြည့်အဝမထိုးရသေးသော ကလေးသူငယ်များ အပါအဝင် ၇၂ နာရီအတွင်း စစ်ဆေး ထားသော RT-PCT test Negative ဖြစ်ကြောင်း လက်မှတ် ပူးတွဲတင်ပြရမည် (အသက် နှစ်အောက် ကလေးငယ်များသည် ကာကွယ် ဆေးထိုးလက်မှတ်တင်ပြရန်မလိုပါ)

အသက် ၁၈ နှစ်အောက် ကလေးများသည် ကာကွယ်ဆေးအပြည့်အဝထိုးထားသော မိဘများကဲ့သို့ ခွင့်ပြုမည်မဟုတ်ပါ။

  • ကုန်းလမ်းခရီး

နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ

Thai Pass အတွက် စာရင်းပေးသွင်းပြီး အောက်ပါအထောက်အထားများအား ဖြည့်သွင်းပါ။

()     နိုင်ငံကူးလက်မှတ်

()      မထွက်ခွာမီ ကာကွယ်ဆေးဆေးထိုးလက်မှတ် သို့မဟုတ် ၇၂ နာရီအတွင်းစစ်ဆေးထား သော RT-PCT စစ်ဆေးချက်

()     ထိုင်းနိုင်ငံတွင်းဆေးကုသမှုအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်ညီမျှ သော အာမခံလက်မှတ်

–   မထွက်ခွာမီ ကာကွယ်ဆေးမထိုးရသေးလျှင် သို့မဟုတ် ကာကွယ်ဆေး အပြည့်အဝ မထိုးရ သေးသော သူများနှင့် ၇၂ နာရီအတွင်း စစ်ဆေးထားသော RT-PCR စစ်ဆေး ချက်လက်မှတ် မတင်ပြနိုင်လျှင် ရက်မြောက်နေ့မှ ရက်မြောက်နေ့အတွင်း       RT-PCR စစ်ဆေးချက် အပါအဝင် Alternative Quarantine (AQ) Hotel တွင် () ရက်ကြာ တည်းခိုနေထိုင်ခွင့် တင်ပြပါ။ (SQ ကို ကွာရန်တင်းနေထိုင်ရန် အနေဖြင့် ရွေးချယ်ထားသော ထိုင်းနိုင်ငံသားများ အနေဖြင့် မလိုအပ်ပါ)

 

နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ကိုင်ဆောင်သူများ

  • Thai Pass တွင် စာရင်းပေးသွင်းရန်မလိုအပ်ပါ။
  • ကျန်းမာရေးအာမခံချက် တင်ပြရန်မလိုပါ။
  • နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးထားပြီး ကြောင်း လက်မှတ်တင်ပြပါ။
  • နှစ်နိုင်ငံသဘောတူညီချက်အရ သတ်မှတ်ထားသည့် ဧရိယာအတွင်း၌သာ ခရီးသွားလာ ခွင့်ပြုသည် (ထိုင်းနိုင်ငံသားမဟုတ်သူများ)
  • ထိုင်းနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် မကိုင်ဆောင်ထားသူများအား နေထိုင်ခွင့် ရက်သာ ခွင့်ပြုသည်။

 

ထိုင်းနိုင်ငံအမျိုးသားကာကွယ်ရေးဌာနခွဲ

ကောင်စစ်ရေးရာဦးစီးဌာန

နိုင်ငံခြားရေးဝန်ကြီးဌာန

၂၀၂၂ခုနှစ်၊ မေလ ၃ ရက်

Sorry, the comment form is closed at this time.