ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်း နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန်တိုက်တွန်း

ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏

ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကော်မတီအဆင့်ဆင့် ဖွဲ့စည်း နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန်တိုက်တွန်း။

နေပြည်တော်၊ မတ် ၂၉ ။

          ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ(၂၉)ရက် ယနေ့မွန်းလွဲ(၁)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

3

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင် က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို လူမှုစီးပွား ဆိုင်ရာ စာရင်းအင်းအချက်အလက်များအား ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်ခြင်းကြောင့် စာရင်းအင်း ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်စွာရရှိရေးသည် အလွန်အရေးကြီးပါ ကြောင်း၊ လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို သန်းခေါင်စာရင်းကောက်ယူခြင်း မှသာရရှိနိုင်ပြီး ယင်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်းစသည့်လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြု ဆောင်ရွက်ရပါကြောင်း၊ သန်းခေါင်စာရင်း၏ ထူးခြားသည့်ဝိသေသလက္ခဏာတစ်ခုမှာ အုပ်ချုပ်မှု ဧရိယာအသေးငယ်ဆုံးအဆင့်ထိ အချက်အလက်များကို ပံ့ပိုးပေးနိုင်ခြင်းဖြစ်ပါကြောင်း၊ ရှေးမြန်မာ မင်းများလက်ထက် ၁၈၇၂ ခုနှစ်မှစ၍ လွတ်လပ်ရေးမရမီအထိ သန်းခေါင်စာရင်း (၈)ကြိမ် ကောက်ယူခဲ့ပြီး လွတ်လပ်ရေးရပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း (၃)ကြိမ် ကောက်ယူခဲ့ပါကြောင်း၊ ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်း အကြောင်း အမျိုးမျိုးကြောင့် နှစ်ပေါင်း(၃၀)ကျော်ကြာ သန်းခေါင်စာရင်းကောက်ယူနိုင်ခြင်းမရှိဘဲ ၂၀၁၄ ခုနှစ် ရောက်မှသာ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ရာ နိုင်ငံတော်အတွက် လိုအပ်နေသည့် စာရင်းအင်းဆိုင်ရာ အချက်အလက်များစွာ ရရှိခဲ့ပါကြောင်း၊ လူဦးရေသန်းခေါင်စာရင်းကောက်ယူ ခြင်း လုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်များပြားခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် (၁၀)နှစ်လျှင်တစ်ကြိမ်သာ ကောက်ယူလေ့ရှိကြကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက် (၁၀)နှစ်အကြာဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အချိန်ကျရောက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက် မှစ၍ ဆောင်ရွက်နေပြီဖြစ်ပြီး သန်းခေါင်စာရင်းလုပ်ငန်းစဉ်တစ်ခုလုံးအနေဖြင့် စုစုပေါင်း (၅၄)လခန့် ကြာမြင့်မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကို မိမိတို့ဝန်ကြီးဌာနမှဦးဆောင်၍ အခြားသော ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ဗဟို သန်းခေါင်စာရင်းကော်မတီကိုလည်း ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းဥပဒေနှင့်အညီ ကော်မတီအဆင့်ဆင့်ဖြစ်သည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်အထိ သန်းခေါင်စာရင်းကော်မတီများကိုလည်း ဆက်လက် ဖွဲ့စည်းနိုင်ရေး ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများအောင်မြင်ရေး အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။

1

          ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက ဗဟိုသန်းခေါင်စာရင်းကော်မတီဖွဲ့စည်းရေးနှင့် သန်းခေါင်စာရင်း ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

2

          ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန် ရှိသူများက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအောင်မြင်ရေးအတွက် ဌာနအလိုက်ပံ့ပိုး ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ကော်မတီအဆင့်ဆင့်တွင် ဌာနအလိုက်ပါဝင်ဖွဲ့စည်း ဆောင်ရွက်မည့် အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များကို အသီးသီးရှင်းလင်းတင်ပြကြရာ ဗဟိုသန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်ကလိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိုင်ငံတော် အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးကဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးနိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေး ကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။(-)

4

Sorry, the comment form is closed at this time.