နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် YGN သင်္ကေတဖြင့် ကိုင်ဆောင်ထားသူ နိုင်ငံခြားသားများ၏ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် နှစ်စဉ်သက်တမ်း အတည်ပြုလဲလှယ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပေးခြင်း

နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် YGN သင်္ကေတဖြင့် ကိုင်ဆောင်ထားသူ နိုင်ငံခြားသားများ၏ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် နှစ်စဉ်သက်တမ်း အတည်ပြုလဲလှယ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပေးခြင်း

  1. မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ ပြည်ဝင်ဗီဇာ တစ်မျိုးမျိုးဖြင့် ဝင်ရောက်ခဲ့ပြီး ရက်ပေါင်း (၉၀) ထက် ကျော်လွန်နေထိုင်သူများသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၆(၁)(ခ)(ဂ) တို့အရ YGN သင်္ကေတဖြင့် နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ဆောင်ရပါသည်။
  2. YGN သင်္ကေတ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်သည် နှစ်စဉ် နိုဝင်ဘာလ (၃၀) ရက်နေ့ တွင် သက်တမ်းကုန်ဆုံးပါသည်။ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၇(၂)(ခ) အရ သက်တမ်းကုန်ဆုံးသည့်နေ့မှ ရက် (၃၀) အတွင်း နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
  3. သို့ပါ၍ နှစ်စဉ် ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း သတ်မှတ်အခငွေ (9) US$  ပေးသွင်းစေ၍ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိပါသည်။ သတ်မှတ်ကာလကုန်ဆုံးပြီး ဇန်နဝါရီလအတွင်း လာရောက်လဲလှယ် ပါက နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ အပိုဒ် ၁၇ (၃) အရ ကျသင့်အခွန်ငွေ၏ (၂) ဆ ဖြစ်သည့် (18) US$ ပေးသွင်းရမည်ဖြစ်ပါသည်။
  4. ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာနှင့်တစ်ဝှမ်းဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန် ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံတွင်း ရောက်ရှိနေထိုင်ကြသည့် နိုင်ငံခြားသားများအတွက် နိုင်ငံခြားသားမှတ်ပုံတင် (YGN – သင်္ကေတ) လက်မှတ် ကိုင်ဆောင်သူများ အဆင်ပြေ ချောမွေ့စေရေးအတွက် နှစ်စဉ်လဲလှယ်ခြင်းလုပ်ငန်းကို ၁၆-၁၁-၂၀၂၀ ရက်နေ့မှစတင်၍ (ရုံးပိတ်ရက်မပါ) ကြိုတင်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Sorry, the comment form is closed at this time.