နေခွင့်သက်တမ်းတိုးခြင်းနှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ ခွင့်ပြုခြင်း

နေခွင့်သက်တမ်းတိုးခြင်းနှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ ခွင့်ပြုခြင်း

ပြည်ဝင်ဗီဇာ (၁၂) မျိုးအနက် ကမ္ဘာလှည့်ဗီဇာ၊ စာနယ်ဇင်း/မီဒီယာဗီဇာ၊ ဖြတ်သန်းဗီဇာနှင့် အလုပ်ရုံ/ဆွေးနွေးပွဲ/ အစည်းအဝေးဗီဇာတို့မှလွဲ၍ အခြားဗီဇာ

များအားလုံးသည် နေခွင့်သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ကနဦးလျှောက်ထားရပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသို့ ညှိနှိုင်း အကြောင်းကြားစာ ပေးပို့ရပါသည်။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခွင့်ပြုပါက နေခွင့်ကာလ (၁) နှစ် အထိ သက်တမ်းတိုး ဆောင်ရွက်ပေးပါသည်။

နေခွင့်၊ ပြည်ပြန်ဝင်ခွင့် သက်တမ်းတိုးမြင့်ခြင်းအတွက် ပြင်ဆင်သတ်မှတ်မည့် အခနှုန်းထားများ

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ စတင်၍ နေခွင့်၊ ပြည်ပြန်ဝင်ခွင့် သက်တမ်းတိုးမြင့်ခြင်း အတွက် အခနှုန်းထားများအား အောက်ပါအတိုင်း

ပြင်ဆင်သတ်မှတ်သွားမည် ဖြစ်ပါသည်-

စဉ် ဗီဇာအမျိုးအစား ပြင်ဆင်သတ်မှတ်သည့်
နေခွင့်ကာလ
ပြင်ဆင်သတ်မှတ်သည့်
ဗီဇာကြေး
၁။ နေခွင့် (Stay) (၁) ရက်မှ (၃) လအထိ အမေရိကန်ဒေါ်လာ ၅၀
၂။ နေခွင့် (Stay) (၃) လမှ (၆) လအထိ အမေရိကန်ဒေါ်လာ ၁၀၀
၃။ နေခွင့် (Stay) (၆) လအထက် (၁) နှစ်အထိ အမေရိကန်ဒေါ်လာ ၂၀၀
၄။ တစ်ကြိမ်အထူးပြည်ပြန်ဝင်ခွင့်ဗီဇာ
(Single Re-entry Visa)
နေခွင့်သက်တမ်းအတွင်း
အများဆုံး (၆) လအထိ
အမေရိကန်ဒေါ်လာ ၆၀
၅။ အကြိမ်ကြိမ်အထူးပြည်ပြန်ဝင်ခွင့်ဗီဇာ
(Multiple Journey Special Re-entry Visa)
နေခွင့်သက်တမ်းအတွင်း
အများဆုံး (၁) နှစ်အထိ
အမေရိကန်ဒေါ်လာ ၂၀၀

Sorry, the comment form is closed at this time.