ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ဇေယျာသီရိမြို့နယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နဝဒေးခန်းမ၌ ကျင်းပ။

ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲကို ဇေယျာသီရိမြို့နယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) နဝဒေးခန်းမ၌ ကျင်းပ။

နေပြည်တော်၊ အောက်တိုဘာ ၁၅ ။

ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီး ဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို အောက်တိုဘာလ ၁၅ ရက်၊ ယနေ့နံနက် ၉ နာရီက ဇေယျာသီရိမြို့နယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ နဝဒေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ၊ စခန်းမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်၊ မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှုအောက်ရှိ ရုံးဌာန အသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များတက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားများအတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးမှု အခြေအနေ၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးနှင့် လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးမှုအခြေအနေ၊ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှုအောက်ရှိ ရုံးဌာနများမှ တပ်မတော်သားများနှင့် မိသားစုဝင်များအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုအခြေအနေများနှင့်စပ်လျဉ်း၍  အကျယ်တဝင့်ရှင်းလင်း အမှာစကားပြောကြားသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ညွှန်ကြားရေးမှူးချုပ် ဦးထိန်ဝင်းနှင့်တာဝန်ရှိသူများက ပေးအပ်ကြရာ ကတ်ပြားလျှောက်ထားကြသူများနှင့် ကိုယ်စားလှယ်များက အသီးသီးလက်ခံရယူကြသည်။

ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှုအပေါ် စခန်းမှူးရုံး၊ စခန်းမှူး ဗိုလ်မှူးချုပ် ဇော်နိုင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများအတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ပြီးနောက် အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါအခမ်းအနားတွင် ဇေယျာသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ကွပ်ကဲမှုအောက်ရှိ ရုံးဌာနအသီးသီးမှ တပ်မတော်သားများနှင့် မိသားစုဝင်များ အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၄၀၂) စောင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၃၆၄) ကတ်ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.