ပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ MRTV/ MWD ရုပ်သံ၊ သတင်းစာတို့နှင့် တွေ့ဆုံမေးမြန်းခြင်းကဏ္ဍ

ပန်းခင်းစီမံချက်နှင့်စပ်လျဉ်း၍ MRTV/ MWD ရုပ်သံ၊ သတင်းစာတို့နှင့် တွေ့ဆုံမေးမြန်းခြင်းကဏ္ဍဍ

မေး။ မင်္ဂလာပါရှင့် ယခုလူအများစိတ်ဝင်စားနေတဲ့ နိုင်ငံတော်စီမံချက်တစ်ခုဖြစ်တဲ့ “ပန်းခင်း” စီမံချက်နဲ့ ပတ်သက်ပြီးတော့ လာရောက်ပြီးတော့ ရှင်းပြပေးတဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျွန်မတို့အနေနဲ့ အထူးဘဲကျေးဇူးတင် ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ ပရိတ်သတ်နဲ့စတင်ပြီး မိတ်ဆက်ပေးစေလိုပါတယ်ရှင့်။

ဖြေ။ ကျွန်တော်ကတော့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမျိုးသားမှတ်ပုံတင် နှင့်နိုင်ငံသားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး ဖြစ်ပါတယ်။

မေး။ နောက်ထပ်မေးခွန်းတစ်ခုကတော့ “ပန်းခင်း” စီမံချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့အနေနဲ့ နိုင်ငံတစ်ဝန်းဆောင်ရွက်ပေးနေတာကို သတိထားမိပါတယ်ရှင်။ သတင်းစာစောင်များနဲ့ Facebook စတဲ့ လူမှုကွန်ယက်တွေမှာလည်း တွေ့ရပါတယ်။ ဘာကြောင့် “ပန်းခင်း” စီမံချက်လို့ အမည်ပေးရတာလဲရှင့်။

ဖြေ။ ဟုတ်ကဲ့ ယခုလိုမေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ခင်ဗျား။ “ပန်းခင်း” စီမံချက်ဆို တာက ကျွန်တော်တို့ဝန်ကြီးဌာနမှ ရွေးချယ်ထားတဲ့ အများသဘောတူတဲ့ အမည်နာမတစ်ခု ဖြစ်ပါတယ်။ “ပန်းခင်း” စီမံချက်ကို ဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့မှာ အဆင့်ဆင့် ဆောင်ရွက်ခဲ့တာတွေလည်းရှိပါတယ်။ “ပန်းခင်း” စီမံချက်ဆိုတာ ယခု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ကာလမှာ ရသင့်ရထိုက်တဲ့သူတွေကို နိုင်ငံသားကတ်တွေ အရှိန်အဟုန်ဖြင့် ထုတ်ပေးဖို့လုပ်တဲ့ စီမံချက်ဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့တာဝန်တွေ များစွာတွေထဲမှာ သတ်မှတ်ချက်တွေနဲ့အညီ အကျုံးဝင်တဲ့သူတွေကို နိုင်ငံသားစိစစ်ရေးကတ် တွေကို ထုတ်ပေးဖို့ဆိုတာကလည်း လုပ်ငန်းတာဝန်တစ်ခု ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့ ယခင် ၂၀၁၀၊ ၂၀၁၁ ခုနှစ် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ တာဝန်ယူခဲ့တဲ့ “မိုးပွင့်” ဆိုတဲ့ စီမံချက်နဲ့ စတင်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်သူတွေအတွက် နိုင်ငံသားအခွင့်အရေးတွေကို အပြည့်အဝရရှိဖို့အတွက်၊ အနာဂါတ်ဘဝ ဖြောင့်ဖြူးသာယာဖို့ အတွက် မိုးစက်မိုးပေါက်ကလေးတွေကြောင့် လူတွေစိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ အေးမြဖို့ ရည်ရွယ်ချက်နဲ့ “မိုးပွင့်” ဆိုတဲ့ မှတ်ပုံတင်ထုတ်ပေးရေး စီမံချက်ကို စခဲ့တာဖြစ်ပါတယ်။ အဲဒီစီမံချက်ကာလကတော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်းမှာ မိုးပွင့် အဆင့် (၇)၊ မိုးပွင့်အထူးစီမံချက် (၈) ဆိုပြီး စုစုပေါင်း စီမံချက်ကြီး (၈) ခုကို ဆောင်ရွက်ခဲ့ ပြီးတော့ နိုင်ငံသားကတ်ပေါင်း ၈.၄ သန်းနီးပါးကို ထုတ်ပေးဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် မှစပြီးတော့ နောက်ထပ်အဆင့်ဆင့် တာဝန်ယူကြတဲ့ ဝန်ကြီးဌာနအကြီးအကဲများ ကလည်း ဒီစီမံချက်ပေါ်မှာ ဆက်လက်ပြီးတော့ လုပ်ဆောင်သင့်တဲ့ စီမံချက်တစ်ခုအဖြစ် ယုံကြည်ယူဆတဲ့အတွက်ကြောင့် နိုင်ငံသားတွေအပေါ်မှာထားရှိတဲ့ သစ္စာတရားကို အခြေခံပြီး တော့ “သစ္စာ” ဆိုတဲ့စီမံချက်နဲ့ ဒီလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ခဲ့ရာ ၂၀၁၆ ကနေ ၂၀၂၀ အထိ နောက်ထပ် ထပ်ပြီးတော့ နိုင်ငံသားကတ်ပေါင်း ၆.၂ သန်း ထုတ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ယခု ဒီစီမံချက်ကာလကို‌ ရောက်လာတဲ့အတွက်ကြောင့် နိုင်ငံတော်ရဲ့လိုအပ်ချက်ဖြစ်လို့ နိုင်ငံတော်ကလည်း မူဝါဒချမှတ်ဆောင်ရွက်ပြီး တာဝန်ပေးစေခိုင်းသလို ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ အဓိကလုပ်ငန်းလည်းဖြစ်တော့ နိုင်ငံသားတွေ နိုင်ငံသားတစ်ယောက်အဖြစ် အခိုင်အမာအသိအမှတ်ပြုနိုင်ဖို့နှင့် နိုင်ငံတော်ရဲ့အနာဂါတ် ရှေ့လုပ်မယ့်လုပ်ငန်းစဉ်တွေ အားလုံးမှာ မရှိမဖြစ်လိုအပ်တဲ့ ဒီနိုင်ငံသားစိစစ်‌ရေးကတ်တွေကို အခု “ပန်းခင်း” လို့ အမည်နာမဖော်ဆောင်ထားတဲ့ စီမံချက်နဲ့‌ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ပြည်သူတွေ အတွက် နိုင်ငံသားအခွင့်အရေးတွေ အပြည့်အဝရဖို့၊ အနာဂတ်ဘဝ ဖြောင့်ဖြူးသာယာဖို့ မိုးစက်မိုးပေါက်ကလေးတွေကြောင့် လူတွေစိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ အေးမြစေရန် ရည်ရွယ်ပြီးဆောင်ရွက်ခဲ့တဲ့ “မိုးပွင့်” စီမံချက်ကစခဲ့ပြီး “သစ္စာ” စီမံချက်နဲ့ အားကောင်း ရှင်သန်စေခဲ့တဲ့၊ ရရှိလာတဲ့ အကျိုးရလဒ်တွေကြောင့် စိတ်အေးချမ်းသာဖြစ်စေတဲ့ ပန်းခင်းကြီး တစ်ခု ဆက်လက်ဖန်တီးပေးနေတယ်ဆိုတဲ့ သဘောမျိုးနဲ့ ဒီလိုနိမိတ်ဘောင်ကိုယူပြီးတော့ “ပန်းခင်း” စီမံချက်ဆိုပြီး အမည်နာမတပ်ပြီးတော့ အခုဆက်လက်ဆောင်ရွက်နေတာဖြစ် ပါတယ်။

မေး။ “ပန်းခင်း” စီမံချက်ကို ဘယ်လိုပုံစံမျိုးနဲ့ဆောင်ရွက်မယ်ဆိုတာကို ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ “ပန်းခင်း” စီမံချက်အတွက် ကျွန်တော်တို့ အမျိုးအစား (၄) မျိုး ခွဲပြီးတော့ ဆောင်ရွက်သွား ပါမယ်။
“ပန်းခင်း” စီမံချက် အတွက် အမျိုးအစား (၄) မျိုးအနေနဲ့ကတော့
(၁) လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်ပြီးတော့ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးနေတယ်။
(၂) လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းလည်းမရှိဘူး၊ ကိုင်ဆောင်လက်မှတ်လည်းမရှိသူများကို ဆောင်ရွက်ပေးနေတယ်။
(၃) ရွှေ့ပြောင်းနေထိုင်သူတွေအတွက်။ မူလဒေသမှာ အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိပြောင်းရွှေ့ ရောက်ရှိနေတဲ့ဒေသမှာ ကိုင်ဆောင်လက်မှတ်မရှိသူတွေကို ဆောင်ရွက်ပေးနေတယ်။
(၄) ရွှေ့ပြောင်းနေထိုင်သူတွေအတွက်။ မူလဒေမှာ အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ် မရှိ။ လက်ရှိရောက်ရှိနေတဲ့ဒေသမှာလည်း အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ်မရှိ သူတွေအတွက် အိမ်ထောင်စုစာရင်းရော၊ မှတ်ပုံတင်ရော ဆောင်ရွက်ပေးနေတဲ့ အမျိုးအစား (၄) မျိုးဖြစ်ပါတယ်။

မေး။ ဒီစီမံချက်ကတော့ နိုင်ငံတော်အတွက် အင်မတန်ကောင်းတဲ့ စီမံချက်တစ်ခုဖြစ်ပါတယ်။ ဒါတွေကို ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက် နိုင်ဖို့အတွက် မည်ကဲ့သို့ဆောင်ရွက်နေတယ်ဆိုတာကို သိရှိလိုပါတယ်။

ဖြေ။ ဒီ “ပန်းခင်း” စီမံချက်ကြီးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်ရဲ့ မူဝါဒလမ်းညွှန်ချက်တွေ၊ နိုင်ငံတော်မှဖြည့်ဆည်းဆောင်ရွက်ပေးမှုတွေ၊ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်ကြပ်မတ်မှုတွေ၊ မိမိတို့ဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ စနစ်တကျစီမံဆောင်ရွက်နေတာဖြစ်ပါ တယ်။ အကြမ်းဖျဉ်းအနေနဲ့ အပိုင်း(၃) ပိုင်းနဲ့ စနစ်တကျဆောင်ရွက်နေတာဖြစ်ပါတယ်-
(၁) ကျွန်တော်တို့ဝန်ကြီးဌာန လုပ်ရမယ့်အပိုင်း၊
(၂) ပူးပေါင်းဆောင်ရွက်မှုအပိုင်း၊
(၃) မီဒီယာကဏ္ဍကို Strategy Plan ရေးဆွဲပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နေတဲ့အပိုင်း။
– ပထမအပိုင်း အနေနဲ့ ကျွန်တော်တို့ဝန်ကြီးဌာနကနေ ဆောင်ရွက်ရတဲ့ အပိုင်းကတော့ ဒီစီမံချက်က ကာလကန့်သတ်ချက်နဲ့ အချိန်မီပြီးစီးဖို့အတွက် အရေးကြီးတယ်။ ဒါကြောင့် လက်ရှိဝန်ထမ်းအင်အား ဖြည့်တင်းတဲ့လုပ်ငန်းတွေ၊ အုပ်ချုပ်မှုယန္တရားတွေ အဆင်ပြေစေရေး အတွက် ဝန်ထမ်းပြောင်းရွှေ့ခန့်ထားမှုတွေ၊ ရာထူးတိုးမြှင့်ခြင်းတွေ၊ ဝန်ထမ်းတွေအတွက် သက်သာချောင်ချိရေး လုပ်ငန်းတွေအပါအဝင် ဝန်ကြီးဌာနအလိုက်၊ ဦးစီးဌာနအလိုက်၊ ပြည်နယ်/တိုင်း အလိုက် အသေးစိတ်ဆွေးနွေးပြီးတော့ လစ်လပ်မှုမရှိအောင် စနစ်တကျ ဆောင်ရွက်နေတာဖြစ်ပါတယ်။
– ဒုတိယအပိုင်း အနေနဲ့ ဝန်ကြီးဌာနများ၊ အများပြည်သူများနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် (Cooperation Coordination) အပိုင်းဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ မိမိတို့အနေနဲ့ မိမိတို့ဝန်ကြီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများ အပါအဝင် နိုင်ငံတော်လုံခြုံရေးဆိုင်ရာအဖွဲ့ အစည်းများ၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့စစ်အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကဆိုရင် BGF၊ DKBA စသည်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံမှာရှိတဲ့ တရားဝင်ဖွဲ့စည်း ရပ်တည်နေတဲ့ NGO အဖွဲ့အစည်းတွေဖြစ်တဲ့ ဥပမာ- အမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မိခင်နှင့် ကလေးအဖွဲ့ချုပ်၊ စစ်မှုထမ်းဟောင်း၊ YMBA စသည်ဖြင့် ဒီလိုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုအင်အားတွေနဲ့ ကျွန်တော်တို့ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေပါတယ်။ (ဒါကတော့ ပူးပေါင်းဆောင်ရွက်မှုအပိုင်း ဖြစ်ပါတယ်။)
– တတိယအပိုင်း အနေနဲ့ လူထုတွေကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်နိုင်အောင် ဆောင် ရွက်ဖို့အတွက် Media Strategy Plan ကိုလည်း ‌ရေးဆွဲပြီး ဆောင်ရွက်နေပါတယ်။ ဒီ Media Strategy Plan မှာလည်း ကျွန်တော်တို့က အပိုင်း (၂) ပိုင်းနဲ့ ဆောင်ရွက်နေပါတယ်။ ပထမ အပိုင်းကတော့ Online ဖြင့် အသိပေးခြင်း၊ ဒုတိယအပိုင်းကတော့ Offline ဖြင့် အသိပေးခြင်း ဖြစ်ပါတယ်။ Online ဖြင့် အသိပေးခြင်းမှာ အမျိုးအစားအားဖြင့် ကျွန်တော်တို့ဝန်ကြီးဌာန၊ တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းတွေက ဆောင်ရွက်နေတဲ့၊ ပြည်သူလူထု သိသင့်တဲ့ ဆောင်ရွက်ချက်တွေကို Facebook၊ Website တွေမှာ တင်ပြပြီးဆောင်ရွက်နေ တာဖြစ်ပါတယ်။ Offline ဆောင်ရွက်မှုအနေနဲ့ကတော့ Billboard တွေစိုက်ထူတာ၊ Pamphlet တွေ၊ သတင်းစာဂျာနယ်တွေမှာ ဆောင်းပါးတွေထည့်တာ၊ ကျွန်တော်တို့ TV Channel တွေမှာ ကျွန်တော်တို့ရဲ့ Talk Show တွေ၊ စကားပြောဝိုင်းတွေ၊ ကျွန်တော်တို့သီချင်းတွေ၊ နောက် ကျွန်တော်တို့ရဲ့ အသိပညာပေးစာတန်းတွေလုပ်တာ၊ ပြီးရင် ကျွန်တော်တို့ စာရေးသားဆက် သွယ်ရမယ့်လူတွေဆီကို ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ စာရေးသားဆက်သွယ်ခြင်းတွေ ဆောင်ရွက်တာ၊ တယ်လီဖုန်းတွေမှာ Message အတိုလေးတွေ ပေးပို့တာ စသည်ဖြင့် Online ၊ Offline Media အမျိုးအစား (၉) မျိုးနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြားသောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဒါတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ ပြည်သူတွေနားထဲမှာ ပန်းခင်းဟာ နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်တဲ့ စီမံချက်ဆိုတာကို သိရှိပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြင့်တက် လာအောင် ကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အသေးစိတ် ရှင်းပြမယ်ဆို ဒါဟာကဏ္ဍတစ်ခုဖြစ်နေတဲ့ အတွက်ကြောင့် ကျွန်တော် ဒီလောက်နဲ့ဘဲ အကျဉ်းချုပ်ရှင်းလင်း တင်ပြပါရစေခင်ဗျား။

မေး။ ဆရာရှင့် ဆရာပြောသွားတဲ့အထဲမှာ နိုင်ငံတော်ရဲ့ မူဝါဒ၊ နိုင်ငံတော်ရဲ့ လမ်းညွှန်ချက်၊ နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှု ဆိုတဲ့အထဲမှာ နိုင်ငံတော်ရဲ့ မူဝါဒနဲ့ လမ်းညွှန်ချက် ကိုတော့ ရှင်းပါတယ်ရှင့်။ နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်ပေးမှုအနေနဲ့ ဝန်ကြီးဌာနနဲ့ ပြည်သူလူထု၊ ဝန်ထမ်းတွေအပေါ်မှာ မည်ကဲ့သို့ ဖြည့်ဆည်းဆောင်ရွက်ပေးသလဲဆိုတာကို သိချင်ပါတယ်ရှင့်။

ဖြေ။ ဟုတ်ပါတယ်။ နိုင်ငံတော်ရဲ့မူဝါဒနဲ့ နိုင်ငံတော်ရဲ့လမ်းညွှန်ချက်တွေကတော့ ကျွန်တော်တို့ရဲ့ သတင်းစာတွေ၊ တီဗွီတွေမှာ ခနခနပါရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ “ပန်းခင်း” စီမံချက် အတွက် နိုင်ငံတော်ရဲ့ ဖြည့်ဆည်းဆောင်ရွက်ချက်တွေ အနေနဲ့ကတော့ ကျွန်တော်တို့ ဝန်ကြီးဌာနမှလိုအပ်နေတဲ့ ဝန်ထမ်းအင်အား အရေအတွက်တွေကို ခန့်အပ်ထားဖို့အတွက် ခွင့်ပြုပေးခြင်း၊ နေရာဒေသတိုင်းမှာ ပြည်သူလူထုကုန်ကျမယ့် သွေးစစ်ခြင်း၊ ဓါတ်ပုံရိုက်ခြင်း တွေကို နိုင်ငံတော်မှ ဖြည့်ဆည်းစီစဉ်ပေးပြီး ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ ကွင်းဆင်း ဆောင်ရွက်ခြင်း၊ တစ်မြို့နယ်မှ တစ်မြို့နယ် နယ်ကျော်သွားပြီး ကူညီဆောင်ရွက်ပေးခြင်း စတဲ့နေရာတွေမှာ ဝန်ထမ်းတွေအတွက်လည်း အခက်အခဲမဖြစ်အောင် နိုင်ငံတော်က ထိထိရောက်ရောက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါတယ်။

မေး။ “ပန်းခင်း” စီမံချက် လက်ရှိဆောင်ရွက်နေတဲ့ အမျိုးအစား (၄) မျိုးကိုရှင်းပြပါ။

ဖြေ။ (၁) ပထမအမျိုးအစားဖြစ်တဲ့ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများကို ဆောင်ရွက်ပေးနေတာတော့
– ကျွန်တော်တို့မြို့နယ်ရုံးမှာ ရုံးလက်ခံ အိမ်ထောင်စုလူဦးရေစာရင်းတွေ ရှိပါတယ်။ အဲဒီရုံးလက်ခံ အိမ်ထောင်စုလူဦးရေစာရင်းမှာ မှတ်ပုံတင်မရှိတဲ့သူစာရင်းကို ကျွန်တော်တို့ ထုတ်နှုတ်ကောက်ယူပြုစုလိုက်ပါတယ်။
– အဲဒီထုတ်နှုတ်ထားတဲ့ တစ်ဦးချင်းအမည်စာရင်းတွေကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေထံကို ပို့လိုက်ပါတယ်။ ပို့ပေးပြီးတော့ အဲဒီလူတွေ အမှန်တကယ်နေထိုင်မှုရှိ/ မရှိ ၊လူကျန်ခြင်းရှိ/ မရှိကို စိစစ်စေတယ်။
– ရပ်ကွက်၊ ကျေးရွာ စီမံအုပ်ချုပ်ရေးမှူးတွေရဲ့ အိမ်တိုင်းအိမ်တိုင်းမှာ နေထိုင်ခြင်းရှိ/မရှိ၊ မှတ်ပုံတင်ရှိ/မရှိ ကို သူတို့ကစိစစ်ပါတယ်။ စိစစ်ပြီးရရှိလာတဲ့ အရေအတွက်တွေကိုကျွန်တော်တို့ ရုံးကို ပြန်ပေးပါတယ်။ အဲဒီအခါကျမှ ကျွန်တော်တို့က အရေအတွက်တွေပေါ် မူတည်ပြီးတော့ မှတ်ပုံတင်မရှိတဲ့လူတွေ၊ ဖြည့်စွက်ရမယ့် ရှေ့ပြေးလျှောက်လွှာကို အရေအတွက် အလိုက် ကာယကံရှင်တွေ ဖြည့်စွက်နိုင်ဖို့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကတဆင့် ပေးပို့ လိုက်တာဖြစ်ပါတယ်။
– သူတို့က အဲဒီအချက်အလက်တွေ ဖြည့်ထားပြီးပြီ၊ သူတို့အတွက်လည်း အဆင်သင့်ဖြစ် နေပြီဆိုရင် ကျွန်တော်တို့က ဘယ်နေ့ဘယ်ရက်မှာ ရုံးကိုလာခဲ့ပါလို့ ရပ်ကွက်အလိုက်ချိန်းပေး တဲ့အခါမှာ ကျွန်တော်တို့ဆီကိုလာရောက်ပြီး မှတ်ပုံတင်ဆောင်ရွက်လို့ရသွားပြီဖြစ်ပါတယ်။
(၂) ဒုတိယအမျိုးအစားဖြစ်တဲ့ လက်ရှိဇာတိဒေသမှာ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းလည်းမရှိဘူး၊ ကိုင်ဆောင် လက်မှတ်လည်းမရှိသူတွေ အတွက်တော့
– သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်‌ရေးမှူးတွင် ညှိနှိုင်းပြီးတော့ ရပ်ကွက်၊ ကျေးရွာ တွေမှာ အမှန်တကယ်နေထိုင်နေသလား အဲဒီစာရင်းကို ကျွန်တော်တို့ကောက်ယူပါတယ်။
– ကောက်ယူရရှိတဲ့ မိသားစုစာရင်း၊ အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက်မှတ် မလုပ်ရသေးတဲ့ အမည်စာရင်းတွေကို အဲဒီမှာ ရရှိလာပြီဖြစ်ပါတယ်။ အဲဒီမှာ ရရှိလာတဲ့ မိသားစုစာရင်း၊ အိမ်ထောင်စုစာရင်းတွေကို မြို့နယ်တွေမှာ ဖွဲ့စည်းထားတဲ့ (၅) ဦး ကော်မတီ နဲ့ စိစစ်အတည်ပြုပါတယ်။
– (၅) ဦးကော်မတီဆိုတာ မြို့နယ်လူဝင်မှုကြီးကြပ်ရေး (ဥက္ကဋ္ဌ)၊ အဖွဲ့ဝင် (၃) ဦး (မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး (အတွင်းရေးမှူး) တွေနဲ့ဖွဲ့စည်းထားပြီး အဲဒီ (၅) ဦးကော်မတီကနေ ဒီမြို့၊ ဒီနေရာ၊ ဒီဒေသမှာ နေထိုင်တာမှန်ကန်ကြောင်းကို အတည်ပြုပါတယ်။
– (၅) ဦးကော်မတီက စိစစ်အတည်ပြုပြီးတဲ့သူတွေကို အိမ်ထောင်စုစာရင်း စတင်ထုတ် ပေးတာဖြစ်ပါတယ်။ အဲဒီအိမ်ထောင်စုစာရင်း ရရှိသွားတဲ့သူသည် ရှေ့ပြေးလျှောက်လွှာပေါ်မှာ အချက်အလက်တွေ ဖြည့်ပြီးတာနဲ့ သူဟာနိုင်ငံသားကတ် ဆောင်ရွက်သွားနိုင်ပြီဖြစ်ပါတယ်။
(၃) တတိယအမျိုးအစားဖြစ်တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက်။ မူလဒေသမှာ အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိပြောင်းရွှေ့ ရောက်ရှိနေတဲ့ဒေသမှာ ကိုင်ဆောင်လက်မှတ် မရှိသူတွေကိုလည်း လုပ်ပေးနေတာကတော့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေဟာ စားဝတ်နေရေးကြောင့်၊ အလုပ်အကိုင်ကြောင့်၊ အခြားအကြောင်းကြောင့် ရေကြည်ရာ မြက်နုရာ ဆိုသလို မူလနေထိုင်ရာအရပ်ကနေ တိုင်းဒေသကြီး၊ ပြည်နယ်ကျော်၊ မြို့နယ်ကျော် ပြောင်းရွှေ့နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
– အဲဒီပြည်သူတွေဟာ လက်ရှိရောက်ရှိရာဒေသမှာ နေထိုင်ကြသော်လည်း မူလ နေထိုင်ရာအရပ်ဒေသမှာ အိမ်ထောင်စုစာရင်းနဲ့နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ယခုလက်ရှိ ရောက်ရှိနေတဲ့နေရာမှာ မှတ်ပုံတင်မရှိသေးတဲ့အတွက် အိမ်ထောင်စုဇယားလုပ်ရမှာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့မြို့နယ်ရုံးကို ဒေသပြောင်း အိမ်ထောင်စုဇယား လုပ်လိုကြောင်း လာရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်။
– အဲဒီအချိန်က ကာယကံရှင်သည် ယခင်နေခဲ့ဖူးသည့် မူလဒေသကို သွားရောက်စရာ မလိုဘဲ ကျွန်တော်တို့ရုံးအချင်းချင်း ဆက်သွယ်ပြီးတော့ မူလဒေသမှ ပြောင်းရွှေ့တဲ့ပုံစံကို ကျွန်တော်တို့ရုံးကိုပို့ပေးတာနဲ့ ကျွန်တော်တို့က ကာယကံရှင်လက်ထဲကို အိမ်ထောင်စုဇယား ကို ချက်ချင်းထုတ်ပေးတဲ့စနစ်မျိုးနဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။
– သူသည် အိမ်ထောင်စုဇယားကိုရရှိသွားတဲ့အခါမှာ အိမ်ထောင်စုထဲမှာပါတဲ့ မိသားစုဝင် တွေက မှတ်ပုံတင်မလုပ်ရသေးဘူးဆိုရင် ရှေ့ပြေးလျှောက်လွှာတွေ ဖြည့်စွက်ခြင်း၊ ဖြည့်စွက် ရမယ့် အထောက်အထားတွေပါရှိရင် မှတ်ပုံတင်ထုတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်ပေး လိုက်တာဖြစ်ပါတယ်။
(၄) ရွှေ့ပြောင်းနေထိုင်သူတွေအတွက်။ မူလဒေမှာ အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင် လက်မှတ်မရှိ။ လက်ရှိရောက်ရှိနေတဲ့ဒေသမှာလည်း အိမ်ထောင်စုစာရင်းနဲ့ ကိုင်ဆောင်လက် မှတ်မရှိသူတွေကိုလည်း လုပ်ပေးနေတာကတော့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေ ဟာ စားဝတ်နေရေးကြောင့်၊ အလုပ်အကိုင်ကြောင့်၊ အခြားအကြောင်းကြောင့် ရေကြည်ရာ မြက်နုရာ ဆိုသလို မူလနေထိုင်ရာအရပ်ကနေ တိုင်းဒေသကြီး၊ ပြည်နယ်ကျော်၊ မြို့နယ်ကျော် ပြောင်းရွှေ့နေထိုင်ကြသူတွေ ဖြစ်ပါတယ်။
– အချို့ ပြောင်းရွှေ့နေထိုင်ကြသူတွေဟာ အကြောင်းကြောင်းကြောင့် အိမ်ထောင်စု စာရင်းမရှိခြင်း၊ ကိုင်ဆောင်လက်မှတ်မရှိခြင်း၊ အိမ်ထောင်စုစာရင်းလူဦးရေ ရှိလား/ မရှိလား ဟု မသိသူများဖြစ်နေကြခြင်းဆိုတဲ့ အမျိုးအစားမျိုးတွေ ရှိနေကြပါတယ်။ ထိုသူတွေဟာ ရွှေ့ပြောင်းသွားလာ နေထိုင်ကြတဲ့သူတွေ ဖြစ်ပါတယ်။ ထိုသူတွေဟာ ရွှေ့ပြောင်းသွားလာရင်း လက်ရှိနေထိုင်ရာ ရောက်ရှိရာဒေသမှာ နေထိုင်ကြသော်လည်း မည်သည့်နေရာတွင်မှ အိမ်ထောင်စုစာရင်း ဆောင်ရွက်ဖူးခြင်းမရှိကြပါဘူး။
– အဲဒီလူမျိုးတွေအတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ညှိနှိုင်းပြီး လူဦးရေစာရင်းကို ကောက်ယူပါတယ်။ အဲလိုကောက်ယူရရှိတဲ့စာရင်းတွေမှာ မူတည်ပြီးတော့ သူသည်ဘယ် ဒေသကပြောင်းရွှေ့လာခြင်း ဖြစ်ပါတယ်၊ ဘယ်ဒေသကနေ ဒီကိုရောက်တယ်ဆိုတာ မူလ ဒေသကို မြို့နယ်အချင်းချင်း ဆက်သွယ်မေးမြန်းပြီးတော့ နေထိုင်ခဲ့ကြောင်းကို အတည်ပြုပါ တယ်။ သူနေထိုင်ခဲ့တဲ့နေရာက ရပ်မိရပ်ဖ (သို့) ဘာသာရေးခေါင်းဆောင်တွေ (သို့) နေထိုင်ခဲ့ ကြောင်း ရပ်ကွက်တွေကထောက်ခံတယ်၊ မူလဒေသမှာနေခဲ့တယ်ဆိုတာသိရင် ယခုလက်ရှိ နေနေတဲ့နေရာမှာ နေထိုင်ကြောင်းကို အတည်ပြုပြီး ယခုလက်ရှိနေတဲ့နေရာမှာ အိမ်ထောင်စု စာရင်း ထုတ်ပေးမှာဖြစ်ပါတယ်။
– အဲလိုထုတ်ပေးခြင်းသည် အိမ်ခန်းသော်လည်းကောင်း၊ မြေသော်လည်းကောင်း၊ အဆောက်အဦးသော်လည်းကောင်း၊ ငှားရမ်းနေထိုင်ခြင်းသော်လည်းကောင်း ပိုင်ဆိုင်မှုနှင့် သက်ဆိုင်ခြင်းမရှိဘဲ သူသည်ဒီနေရာ၊ ဒီဒေသ၊ ဒီအိမ်မှာနေတယ်ဆိုတာကိုသာ အတည်ပြုပြီး (၅) ဦးကော်မတီရဲ့ ထောက်ခံချက်နဲ့ M တံဆိပ်ပါ တရားဝင် အိမ်ထောင်စုစာရင်းကို ထုတ်ပေးမှာဖြစ်ပါတယ်။
– (၅) ဦးကော်မတီကတော့ ခုနက ကျွန်တော်ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ (၅) ဦး ကော်မတီက တရားဝင်အိမ်ထောင်စုစာရင်း M အမှတ်အသား တံဆိပ်ကိုရိုက်နှိပ်ပြီးတော့ ထုတ်ပေးသွားမှာဖြစ်ပါတယ်။
– ဒီလိုရွှေ့ပြောင်းနေထိုင်သူတွေအတွက် အခုကျွန်တော်တို့ ထုတ်ပေးလိုက်တဲ့ M အမှတ်အသား တံဆိပ်ပါ အိမ်ထောင်စုစာရင်းဟာ မည်သည့်ပိုင်ဆိုင်မှုနှင့်မှ သက်ဆိုင်ခြင်း မရှိဘဲနဲ့ အမြဲတမ်းအသုံးပြုလို့ရတဲ့ ကာလကန့်သတ်ချက်မရှိတဲ့ တရားဝင်အိမ်ထောင်စုစာရင်း တစ်ခုအဖြစ် အသုံးပြုနိုင်ဖို့အတွက်သာ ဖြစ်ပါတယ်။
– ထိုကဲ့သို့ အိမ်ထောင်စုစာရင်း ရရှိသွားပြီဆိုရင် ဒီအိမ်ထောင်စုစာရင်းထဲမှာပါတဲ့ ကိုင်ဆောင်လက်မှတ် ထုတ်ပေးရခြင်းမရှိသေးတဲ့ အိမ်ထောင်စုဝင်တွေအားလုံးကို ကျွန်တော် တို့က ရှေ့ပြေးလျှောက်လွှာပုံစံဖြည့်ခိုင်းခြင်း၊ သက်ဆိုင်ရာအချက်အလက်များ ခံဝန်ကတိပြု ခိုင်းခြင်း ဆိုတဲ့အချက်အလက်တွေ၊ အထောက်အထားတွေနဲ့ မှတ်ပုံတင်ကို ဆက်လက်ထုတ် ပေးသွားမှာဖြစ်ပါတယ်။
ဒါကတော့ ဆောင်ရွက်ပေးနေတယ့် အမျိုးအစား (၄) မျိုးကို ရှင်းပြခြင်း ဖြစ်ပါတယ်။

မေး။ ယခုဒီလိုလုပ်မယ်ဆိုရင် ရုံးမှာလုပ်မှာလား၊ ကွင်းဆင်းဆောင်ရွက်မှာလား။ အခုလို Covid ကာလတွင် ကျန်းမာရေးအတွက် ကန့်သတ်ချက်နဲ့ ဘယ်လိုတွေဆောင်ရွက်နေပါသလဲ။

ဖြေ။ ကျွန်တော်တို့က တစ်ချို့အရာတွေကို အချိန်သတ်မှတ်ချက် (Time Frame) တွေနဲ့ လုပ်ရတာ ဖြစ်လို့ ရတဲ့အချိန်မှာရသလို ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ ခုနက ပြောသလို နိုင်ငံတော်လုံခြုံရေးအဖွဲ့အစည်းတွေ၊ ကျန်တဲ့အဖွဲ့အစည်းအသီးသီးတွေ၊ NGO တွေကို ကျွန်တော်တို့ ကြိုတင်အကြောင်းကြားပြီး အဲဒီနေရာတွေမှာ သတ်မှတ်ချက်ပြည့်စုံတဲ့ လူတွေ စာရင်းကို ကြိုယူ၊ ရှေ့ပြေးလျှောက်လွှာတွေကြိုပို့၊ ဖြည့်ထား၊ ဆောင်ရွက်ရမယ့် သွေးစစ်ခြင်း၊ ဓါတ်ပုံရိုက်ခြင်းတွေကို ကြိုတင်ဆောင်ရွက်ထားတယ်၊ အခြေအနေပေးတာနဲ့ ကျွန်တော်တို့ ကွင်းဆင်းဆောင်ရွက်ဆိုတဲ့ Plan နဲ့ ဆောင်ရွက်ထားခြင်း ဖြစ်ပါတယ်။ All one stop Service နဲ့ဆောင်ရွက်နေသလို တစ်ဖက်ကလည်း ရုံးမှာထိုင်ပြီး မှတ်ပုံတင်ထုတ်ပေးခြင်းအတွက် လုပ်လို့ရရင်ရတဲ့ဟာတွေကို Covid စည်းကမ်းချက်နဲ့အညီ ကျွန်တော်တို့ လုပ်နေတာတွေရှိ ပါတယ်။ မိမိတို့ အိမ်ထောင်စုစာရင်းမှာ နာမည်ပါပြီး မှတ်ပုံတင်ရှိပြီး မဖြည့်ရသေးတဲ့သူတွေကို မှတ်ပုံတင်ကို အိမ်ထောင်စုစာရင်းမှာ ဖြည့်တာတို့၊ ရှေ့ပြေးလျှောက်လွှာ ပို့ထားတဲ့လူတွေ အတွက် သူတို့များ ရုံးကိုသာလာပြီးလုပ်နိုင်ရင် အဆင်သင့်ဖြစ်အောင် လူတစ်ဦးချင်းအတွက် ဖိုင်ဖွင့်ခြင်းလုပ်ငန်းများကို ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ အလားတူ ကျွန်တော်တို့ရဲ့ရုံးတွေမှာ လာရောက်ဆောင်ရွက်လိုတဲ့ လူတွေရှိရင် Covid စည်းကမ်း သတ်မှတ်ချက်တွေနဲ့အညီ ကျွန်တော်တို့ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ယခုလက်ရှိ ရုံးမှာလုပ်လို့ရတာမှန်သမျှ ရုံးမှာလုပ်နေသလို အခြေအနေပေးတာ နဲ့အမျှ ကွင်းဆင်းပြီးတော့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ကွင်းဆင်း ခြင်း လုပ်ငန်းတွေကိုလည်း တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် ကျေးရွာအနှံ့ ဆောင်ရွက်ဖို့ အစီအစဉ်များချထားပြီး ဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ အာဏာပိုင် အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး ယန္တရားအဖွဲ့အစည်းတွေ၊ လုံခြုံရေးယန္တရား အဖွဲ့အစည်းတွေကလည်း ကြိုတင် ညှိနှိုင်းရယူချက်ယူထားပြီး ဖြစ်တဲ့အတွက် လုပ်ငန်းများအောင်မြင်စွာ ချောမွေ့သွားမှာဖြစ် ကြောင်း တင်ပြလိုပါတယ်။

မေး။ မှတ်ပုံတင်လုပ်ရမယ့် လူတွေအတွက် ဘယ်လိုအထောက်အထားတွေ လိုသလဲ။ လိုတဲ့ အထောက်အထားတွေကို ပြည်သူတွေသိအောင် ဘယ်လိုလုပ်ပေးမှာပါလဲ။

ဖြေ။ ဒါတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေတာဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ်ရုံးတွေ မှာလည်း ထင်သာမြင်သာတဲ့ ဗီနိုင်းတွေ၊ ပိုစတာတွေ၊ ဆိုင်းပုဒ်တွေနဲ့ စိုက်ထူဆောင်ရွက် ရပါတယ်။ ယခင်ကလည်း ဆောင်ရွက်ထားပြီးသား ဖြစ်ပါတယ်။ အလားတူဘဲ လူထုသိအောင် Pamphlet တွေ ဝေပြီးတော့ ဒီအပေါ်မှာ ပြည်သူလူထု သိရှိရမယ့်အချက်တွေ၊ ယူဆောင်လာ ရမယ့် အထောက်အထားတွေ ကျွန်တော်တို့ ဖြန့်ဝေပေးလျက်ရှိပါတယ်။ ကျွန်တော်တို့ ဘဏ္ဍာငွေပေါ် မူတည်ပြီးတော့ ကျေးရွာအဆင့်ထိ အာဏာပိုင်အဖွဲ့အစည်းတွေ အကူအညီ ပေးတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ဆောင်ရွက်သွားမယ့် အစီအစဉ်များလည်း ရှိပါတယ်။ Billboard ထောင်တာတွေလုပ်မယ်။ ကျွန်တော်တို့ရဲ့ Media Strategy အရလည်း Media ပိုင်းကို Online၊ Offline၊ Printed Media ကနေ လုပ်သွားနေတာဖြစ်တဲ့ အတွက် ပြည်သူလူထုအနေနဲ့ ယူဆောင်လာရမယ့် အထောက်အထားတွေ၊ ကြိုတင်ဆောင်ရွက်ထား ရမယ့် လုပ်ငန်းတွေကို သိရှိနေကြပြီဖြစ်ကြောင်း ကျွန်တော်ရှင်းလင်း ပြောကြားလိုပါတယ်။

မေး။ အခုချိန်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ဘယ်လိုအသက်အရွယ်တွေအတွက် ဦးစားပေး ဆောင်ရွက်နေပါသလဲ။

ဖြေ။ အခုတော့ အသက် (၁၆) နှစ်ကနေ (၁၈) နှစ်ကြား၊ (၁၈) နှစ်အထက် ကိုင်ဆောင်လက်မှတ်မရှိသူ တွေအားလုံးကို ခုနကပြောတဲ့ အမျိုးအစား (၄) မျိုးနဲ့ ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

မေး။ ယခုလက်ရှိ “ပန်းခင်း” စီမံချက် လုပ်ဆောင်နေတဲ့အပေါ်မှာ အခက်အခဲတွေရှိသလားရှင့်။ အခက်အခဲတွေရှိရင်လည်း ဘယ်လိုကျော်သွားနိုင်ပါမလဲရှင့်။

ဖြေ။ မှန်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ အဓိကအခက်အခဲကတော့ Covid အန္တရာယ်ပေါ့။ Covid ကြောင့် Stay At Home လုပ်နေတာတွေရှိတယ်။ ကျန်းမာရေးညွှန်ကြားချက်တွေရှိတယ်။ အချို့နေရာတွေမှာ လုံခြုံရေးကန့်သတ်ချက် အထိုက်အလျောက်ရှိတယ်။ လုံခြုံရေးကိစ္စ အနေနဲ့ကတော့ ကျွန်တော်တို့ နိုင်ငံတော်အဖွဲ့အစည်းတွေနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ ပေါင်းစပ်ဆောင်ရွက်ရသလို လက်ရှိလည်း ပေါင်းစပ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကတော့ ရုံးတွင်းလုပ်ငန်း၊ ပြင်ပလုပ်ငန်း ခွဲခြားပြီးတော့ ဒါတွေကို ကျန်းမာရေးညွှန်ကြားချက်နဲ့အညီ ကျွန်တော်တို့ဝန်ထမ်းအပါအဝင် ပြည်သူလူထု ရောဂါကင်းဝေးပြီးတော မိမိတို့ရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ဖို့အတွက် ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့အညီ မဖြစ်ဖြစ်အောင် ပြည်သူလူထုပူးပေါင်းတဲ့အားနဲ့ ကျော်လွှား ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ကောင်းပါပြီရှင့်။ ဒါနဲ့ပတ်သက်လို့လည်း ပြောစရာတွေအများကြီးရှိဦးမယ် ထင်ပါတယ်ရှင့်။ ထပ်ပြီးတော့လည်း ကျွန်မတို့ဆက်သွယ်ပြီး အပိုင်းကျန်အပိုင်းကို ဆက်ပြီးတော့ စီမံဆောင် ရွက်သွားဖို့ရှိပါတယ်ရှင့်။

ဖြေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒါက နိုင်ငံတစ်ဝှမ်းလုပ်ရမယ့် ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ လုပ်ငန်းတာဝန်သာမကဘဲ နိုင်ငံတော်ရဲ့အစီအမံဖြစ်နေတဲ့အတွက်ကြောင့် အခုလိုဝိုင်းဝန်း ကူညီပံ့ပိုးတဲ့အတွက်ကြောင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကိုလည်း အလွန်တရာမှ ကျေးဇူး တင်ကြောင်း ပြောကြားလိုပါတယ်။

Interview Record

Sorry, the comment form is closed at this time.