ပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လုပ်ငန်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာလိုအပ်ချက်များ ပြည့်စုံမှန်ကန်ရေး ဆွေးနွေးမှာကြား။

ပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ လုပ်ငန်းဆိုင်ရာနှင့် နည်းပညာဆိုင်ရာလိုအပ်ချက်များ ပြည့်စုံမှန်ကန်ရေး ဆွေးနွေးမှာကြား။

နေပြည်တော်၊ ဩဂုတ် ၁၉ ။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖေါ်ဆောင်ရွက် လျှက်ရှိသည့် ပန်းခင်းစီးမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းနှင့် ချိပ်ဆက်ဆောင်ရွက်နိုင်မည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေ မှတ်ပုံတင်ခြင်းစနစ် (e-ID Population Registry) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်၊ မွန်းလွဲ(၁)နာရီခွဲက နေပြည်တော်ရှှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ် များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လက်ရှိကာလတွင် ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ရန်ရှိနေ သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဥပဒေနှင့်အညီ နိုင်ငံသားအဖြစ် အကျုံးဝင်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုရုံးပိတ်ရက် သတ်မှတ်ကာလများတွင်လည်း ပန်းခင်းစီမံချက်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများအဖြစ် ဝန်ကြီး ဌာနမှဆောင်ရွက်ရန်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်နှင့် မီဒီယာဖြင့် ပြည်သူများသို့အသိပေးဆောင်ရွက်ရန်စသည့် အပိုင်း (၃) ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်ရုံးများအလိုက် လစ်လပ် နေရာများတွင် ဝန်ထမ်းအင်အားများဖြည့်တင်းဆောင်ရွက်ခြင်းနှင့် လိုအပ်သည့်အထောက်အကူပြု ပစ္စည်းများဖြည့်တင်းခြင်း လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ မိတ်ဖက်အဖွဲ့အစည်း များနှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် တပ်မတော်အပါအဝင် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများသို့ လုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ဆက်သွယ် အသိပေးအကြောင်းကြားခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ မီဒီယာဖြင့် ပြည်သူများသို့ အသိပေးရာတွင်လည်း ဝန်ကြီးဌာန၏ Website နှင့် Facebook Page များ ထူထောင်ခြင်း၊ သတင်းဆောင်းပါးများ ထုတ်လွှင့်ဖော်ပြခြင်းတို့စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့််အညီ Work From Home စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်နိုင်သမျှလုပ်ငန်းများကို တွေးတောကြံဆ၍ စဉ်ဆက်မပြတ်ဆောင်ရွက်နေသကဲ့သို့ အခြေအနေပေးသည်နှင့် နယ်မြေ ဒေသအလိုက်အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးစီစဉ် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ရေရှည်တွင် ကျယ်ကျယ်ပြန့်ပြန့်ခိုင်ခိုင်မာမာဖြင့် နိုင်ငံတကာအဆင့်အတန်းမီ အသုံးပြုဆောင်ရွက်နိုင်ရေး အတွက်ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေ ဖြင့် အီလက်တရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်းစနစ်(e-ID Population Registry) ကို စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ e-ID စနစ်သည် နိုင်ငံတော်မှဆောင်ရွက်နေသည့် e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားကို e-ID စနစ်ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် အခြားသောဆက်စပ်ဌာနများမှ ပြည်သူများအတွက် ဆောင်ရွက်လျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိပ်ဆက်ဆောင်ရွက်နိုင်ရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့ကို စဉ်းစားသုံးသပ် ဆောင်ရွက်ကြရန်လိုကြောင်း၊ e-ID လုပ်ငန်းစနစ်နှင့်ပတ်သက်၍ အစဉ်အဆက်ဆောင်ရွက်ခဲ့မှု များအပေါ် ပြန်လည်လေ့လာသုံးသပ်ကာ လုပ်ငန်းပိုင်းဆိုင်ရာလိုအပ်ချက်များ၊ နည်းပညာ ဆိုင်ရာ လိုအပ်ချက်များ မှန်ကန်ပြည့်စုံစွာဆောင်ရွက်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် e-ID လုပ်ငန်းစနစ်နှင့်ပတ်သက်၍ အစဉ်အဆက် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းအခြေအနေများ၊ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာ အကြံပြုချက်များနှင့် တွေ့ကြုံနိုင်သည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဌေးလှိုင်က e-ID Population Registry လုပ်ငန်းနှင့် ပတ်သက်၍ ယခင်ကဆောင်ရွက်ခဲ့မှုအခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းဆိုင်ရာ တာဝန်ခံ များက e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆပ်ကော်မတီများ အလိုက် ဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များနှင့် လိုအပ်သည်များ မေးမြန်းဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးပြီး e-ID စနစ်လုပ်ငန်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို စီမံချက်စနစ်တကျရေးဆွဲဆောင်ရွက်နိုင်ရေး၊ လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ရယူမှတ်တမ်းတင်ထိန်းသိမ်းခြင်းဖြစ်သည့် အတွက် ဥပဒေနှင့်အညီ ဖြစ်စေရေးနှင့် ဆက်စပ်ဌာနများ၊ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး နိဂုံးချုပ်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.