ပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ ဝန်ကြီးဌာနမှအရာထမ်းများအားတွေ့ဆုံ၍ နိုင်ငံနှင့်ပြည်သူ့အကျိုး အတွက်စိတ်ရင်းစေတနာမှန်ဖြင့်အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။

ပြည်ထောင်စုဝန်ကြီးဉီးခင်ရီ၊ ဝန်ကြီးဌာနမှအရာထမ်းများအားတွေ့ဆုံ၍ နိုင်ငံနှင့်ပြည်သူ့အကျိုး
အတွက်စိတ်ရင်းစေတနာမှန်ဖြင့်အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းမှာကြား။

နေပြည်တော်၊ ဩဂုတ် ၁၂ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီသည် ဩဂုတ်လ(၁၂)ရက်၊ယနေ့နံနက်(၁၀)နာရီတွင်အဆိုပါဝန်ကြီးဌာန ၊အစည်းအဝေးခန်းမ၌ ဝန်ကြီး ဌာနရှိ ဝန်ကြီးရုံးနှင့် ဉီးစီးဌာနများမှ အရာထမ်းများအားတွေ့ဆုံရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဉီးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်ဉီးအောင်ကျော်စိုးနှင့် ဉီးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများတက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကအမှာစကားပြောကြားရာ၌ မိမိတို့ဌာန ဝန်ထမ်းများအနေဖြင့်  မိမိတို့နိုင်ငံ၏သမိုင်းကြောင်းနှင့် ခေတ်အဆက်ဆက်ပြောင်းလဲမှု ဖြစ်စဉ် များကို သိရှိထားကြရန်လိုအပ်ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့နိုင်ငံများနှင့်  မိမိတို့နိုင်ငံနှင့် ထိစပ် နေသည့် အိမ်နီးချင်းနိုင်ငံများ၏သမိုင်းကြောင်းအခြေအနေ၊ ဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း လေ့လာသိရှိထားရန်လိုအပ်ပါကြောင်း၊ သို့မှသာ လက်ရှိနိုင်ငံတော်၏ ဖြစ်ပေါ်ပြောင်းလဲမှု ပကတိ အခြေအနေများအပေါ် စဉ်းစားသုံးသပ်ကာ မိမိတို့၏လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ ပြည်သူ့အင်အားစာရင်း ကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းစသည့် လုပ်ငန်းတာဝန်(၃)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ယင်းလုပ်ငန်းတာဝန်များသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားနှင့် ဆက်စပ်လျက်ရှိသည်ကို သိရှိထားကြရန်လိုအပ်ပါကြောင်း၊ လက်ရှိနိုင်ငံတော် အစိုးရသည် နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလပြဌာန်းချက်များ နှင့်အညီစီမံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းပြဌာန်းချက်အရ သတ်မှတ်အချိန်ကာလတွင် ပါတီစုံဒီမိုကရေစီ စနစ် ဖော်ဆောင်နိုင်ရေးအတွက် အထွေထွေရွေးကောက်ပွဲ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် မိမိတို့ဌာနအနေဖြင့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်အားလုံး ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲ ပေးနိုင်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းကို မိမိတို့ဌာနက ပန်းခင်းစီမံချက်ဖြင့်ဆောင် ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက် အောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ဌာနကဆောင် ရွက်လျက်ရှိသည့် လူဝင်မှုစစ်ဆေးရေးလုပ်ငန်း၊ e-Visa လုပ်ငန်း၊ နိုင်ငံခြားသားအမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်း၊ မြန်မာနိုင်ငံသားအဖြစ်ပြန်လည်ခံယူခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်း စသည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်လူဉီးရေသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက်လည်း ကြိုတင်ဆောင်ရွက် သင့်သည်များကို ဆောင်ရွက်ထားကြရန်လိုပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘော တူညီပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှနေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကို လည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဌာန၏ လုပ်ငန်းများ သည် နိုင်ငံတော်အတွက်အရေးပါသည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ ယင်းလုပ်ငန်းများကို တာဝန်ရှိသူအဆင့်ဆင့်က လက်အောက်ဝန်ထမ်းများအား ရှင်းလင်းချပြကြရန်လည်း လိုအပ် ပါကြောင်း၊ သို့မှသာ အသိတူမှအလုပ်တူမည်ဖြစ်ပြီး လိုရာခရီးရည်မှန်းချက်ကို ချောမွေ့စွာ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများသည်နိုင်ငံ နှင့်ပြည်သူ့အကျိုးအတွက် စိတ်ရင်း စေတနာအမှန်ဖြင့် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းအချင်းချင်းစည်း လုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် တိုက်တွန်းပါ ကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာထမ်းများ အား လုပ်ငန်းဆိုင်ရာအခြေအနေများ မေးမြန်း၍ ရင်းရင်းနှီးနှီးနုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။(-)

Sorry, the comment form is closed at this time.