ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ စီမံချက်အောင်မြင်ရေးအတွက် ကန့်သတ်ချက်၊ အဟန့်အတားများအား နည်းလမ်းရှာကြံကျော်လွှားဖြတ်သန်း၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ပန်းခင်းစီမံချက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ စီမံချက်အောင်မြင်ရေးအတွက် ကန့်သတ်ချက်၊ အဟန့်အတားများအား နည်းလမ်းရှာကြံကျော်လွှားဖြတ်သန်း၍ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။

နေပြည်တော်၊ ဩဂုတ် ၁၁ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် ပန်းခင်းစီမံချက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဩဂုတ်လ(၁၁)ရက်၊ ယနေ့နံနက် (၁၀) နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် ဉီးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများသည် သက်ဆိုင်ရာ ဒေသရုံးအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဉီးခင်ရီကအမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ(၁)ရက်နေ့မှစ၍ ဤဝန်ကြီးဌာနသို့ တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ယခုကာလ သည် နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလဖြစ်သည်နှင့်အညီ မိမိတို့ဌာနမှ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများသည်လည်း မိမိတို့ဌာနတာဝန်များအပြင် လူမှုရေးဝန်ကြီးများအဖြစ် ပိုမိုများပြားသည့် တာဝန်များကို ထမ်းဆောင်နေကြရသူများဖြစ်ပါကြောင်း၊ လက်ရှိကာလတွင် မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံသားတစ်ဦး၏ တရားဝင်ရပ်တည်ပိုင်ဆိုင်နိုင်ခွင့်နှင့် နောင်လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အားလုံး နိုင်ငံသား စိစစ်ရေးကတ်ပြားကိုင်ဆောင်မဲပေးနိုင်ရန် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံအတွက် အလွန်အရေးကြီးသည့်လုပ်ငန်းတစ်ရပ်ဖြစ်ပြီး အချိန်ကာလကန့်သတ်ချက်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ မိမိတို့ဌာနက ယင်းလုပ်ငန်းစဉ်အတွက် ပန်းခင်း စီမံချက်ရေးဆွဲကာ ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ဆောင်ရွက်နေပြီ ဖြစ်သော်လည်း ကိုဗစ်-၁၉ ကန့်သတ်ချက်များအပါအဝင် အခြားကန့်သတ်ချက်များကြောင့် လုပ်ငန်းနှောင့်နှေးမှုများရှိနေပါ ကြောင်း၊ ကန့်သတ်ချက်များမည်သို့ပင်ရှိစေကာမူ ပန်းခင်းစီမံချက်အရဆောင်ရွက်ရမည့် လုပ်ငန်း ပမာဏကိုသတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်အောင် မိမိတို့ဌာနက တွန်းအားပေးဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လုပ်နိုင်သမျှနည်းလမ်းများကို ရှာကြံတွေးတောပြီး ထိထိရောက်ရောက်မြန်မြန်ဆောင်ရွက်ကြရေးနှင့် လိုအပ်ချက်များကို ဝန်ကြီးဌာနက တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအင်အားနည်းပါးမှုကိုလည်း ထပ်မံဖြည့်ဆည်း ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အလိုက် အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှုသည်လည်း အရေးကြီးပါကြောင်း၊ ယခုပန်းခင်းစီမံချက်သည် မိမိတို့ဌာန ကတာဝန်ယူဆောင်ရွက်နေသော်လည်း နိုင်ငံတော်စီမံချက်ဖြစ်သည့်အတွက် ဌာနဆိုင်ရာများနှင့် မိတ်ဖက်အဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်ကို သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အဖွဲ့အစည်းများမှတာဝန်ရှိသူ များအား ရှင်းလင်းချပြပြီး တပ်မတော်အပါအဝင်ဒေသတွင်း အဖွဲ့အစည်းများအတွင်း ဆောင်ရွက် ပေးရမည့် လုပ်ငန်းပမာဏ၊ အရေအတွက်များပြုစု၍ ဆောင်ရွက်ပေးမည့် နည်းလမ်းများကို ကြိုတင် ချပြညှိနှိုင်းဆောင်ရွက်ထားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ဆောင်ရွက်ပေးနေသည့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်ကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေ ရေးအတွက်လည်း အသိပညာပေးခြင်းလုပ်ငန်းများကို ရုပ်မြင်သံကြား၊ ရေဒီယို၊ သတင်းစာအပါအဝင် လူမှုကွန်ယက် မီဒီယာများမှတစ်ဆင့် ဘက်ပေါင်းစုံမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝခံစားရရှိစေရေးအတွက် ဆောင်ရွက်ပေးသည့် လုပ်ငန်းဖြစ်သည်ကို သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း၊ သို့မှသာ မပြုလုပ်ရသေးသူများအနေဖြင့် နိုင်ငံသားကတ်၏ အသုံးဝင်ပုံ၊ မဖြစ်မနေ ပြုလုပ်ရမည့် ကတ်ပြားဖြစ်မှု၊ မည်ကဲ့သို့ဆောင်ရွက်ရမည်တို့ကို သိရှိနားလည်ပြီး ကာယကံရှင် များကိုယ်တိုင် မဖြစ်မနေပူးပေါင်းဆောင်ရွက်လာကြမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနသည် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ခေတ်အဆက်ဆက်စီမံချက်များဖြင့် ဆောင်ရွက် ထုတ်ပေးခဲ့ပါကြောင်း၊ ယခင်ဆောင်ရွက်ခဲ့သည့် မိုးပွင့်စီမံချက်၊ သစ္စာစီမံချက်တို့ဖြင့် ဆောင်ရွက်မှုများ သည် အချိန်ကာလသတ်မှတ်ချက်အလျဉ်းမရှိခဲ့သော်လည်း ယခုဆောင်ရွက်သည့် ပန်းခင်းစီမံချက် သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ငန်းပမာဏသတ်မှတ်ချက်နှင့် ကာလကန့်သတ်ချက်အရ မဖြစ်မနေပြီးစီးအောင်ဆောင်ရွက်ကြရမည့် စီမံချက်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်အစိုးရ အနေဖြင့် အရေးပေါ်ကာလပြဋ္ဌာန်းချက်များအရ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းဆောင်ရွက်နေချိန် တွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရာ၌ အဓိကကျသည့် ဆောင်ရွက်ချက်ဖြစ် သည့် မဲဆန္ဒရှင်အားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိကိုင်ဆောင်မဲပေးနိုင်ကြမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနဝန်ထမ်းများသည် နိုင်ငံတော်၏အရေးကြီးသည့် လုပ်ငန်းတာဝန်ကိုကျေပွန်စွာထမ်းဆောင် နိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုများအပြင် ပိုမိုအားသွန်ကာ ကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ ကိုဗစ်-၁၉ ရောဂါအပါအဝင် အခြားသောကန့်သတ်ချက်အမျိုးမျိုး၊ အဟန့်အတားအမျိုးမျိုးကို တတ်နိုင်သမျှနည်းလမ်းများ ရှာကြံကာကျော်လွှားဖြတ်သန်း၍ သတ်မှတ်ကာလအတွင်း ပန်းခင်း စီမံချက်ပြီးစီးအောင်မြင်ရေးအတွက် အင်တိုက်အားတိုက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း နှင့် ယခုအစည်းအဝေးတွင် လုပ်ငန်းလိုအပ်ချက်များ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို ပွင့်ပွင့် လင်းလင်းတင်ပြကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏနှင့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက် များကို ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးဦးဌေးလှိုင်က တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပန်းခင်းစီမံချက်သည် အနာဂတ်နိုင်ငံတော်အတွက် အရေးပါပြီး မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံတော်စီမံချက်ဖြစ်သည် နှင့်အညီ မိမိတို့ဝန်ကြီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းအားလုံးက တက်ညီလက်ညီဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.