ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ထမ်းသစ်များ ကြိုဆိုတွေ့ဆုံပွဲသို့တက်ရောက်၊ နိုင်ငံတော်မှ အားထားရသည့် ရွှေတံခါးမှူးများပီပီ ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန် များကို ဦးလည်မသုန်တက်ညီလက်ညီ ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ထမ်းသစ်များ ကြိုဆိုတွေ့ဆုံပွဲသို့တက်ရောက်၊ နိုင်ငံတော်မှ အားထားရသည့် ရွှေတံခါးမှူးများပီပီ ဝန်ထမ်းအားလုံးစည်းလုံးညီညွတ်စွာဖြင့် ပေးအပ်သည့်တာဝန် များကို ဦးလည်မသုန်တက်ညီလက်ညီ ကြိုးပမ်းထမ်းဆောင်ကြရန် တိုက်တွန်းမှာကြား။

နေပြည်တော်၊ ဒီဇင်ဘာ  ၇ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းသစ်များ ကြိုဆိုတွေ့ဆုံပွဲကို ယနေ့ ဒီဇင်ဘာလ(၇)ရက်၊   မွန်းလွဲ(၂) နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်တာဝန်ရှိသူများ၊ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဝန်ထမ်းအဖြစ် ခန့်ထားခြင်းခံရသည့် ဝန်ထမ်းများအနက် နေပြည်တော်ရုံးချုပ်မှ ဝန်ထမ်းသစ်(၁၃၆) ဦးတို့ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ဝန်ထမ်းသစ်များက တစ်ဦးချင်းမိတ်ဆက်ကြပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနကို ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက စတင်တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းသစ်များကိုဌာနနှင့် ပတ်သက်သည့် သိသင့်သိထိုက်သည့် အကြောင်းအရာတွေကို သိရှိနားလည်ရန် ယခုကဲ့သို့ တွေ့ဆုံ မှာကြားရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်း တာဝန်များကို ဆောင်ရွက်ရသည့် ဌာနဖြစ်သည်နှင့်အညီ ဝန်ထမ်းတိုင်းသည် နိုင်ငံနှင့်လူမျိုးအပေါ်၊ ဌာနအပေါ် သစ္စာစောင့်သိကြရမည်ဖြစ်ပါကြောင်း၊ ဌာန၏လုပ်ငန်းများသည် လူတိုင်းနှင့်ဆက်ဆံ ဆောင်ရွက်ရသည့်အတွက် ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရန်လည်း လိုအပ်ကြောင်း၊ ဆောင်ရွက်ရ သည့်လုပ်ငန်းတိုင်းသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရသည့် အတွက် ဝန်ထမ်းတိုင်းက ဥပဒေရေးရာများကိုလည်း နားလည်တတ်ကျွမ်းကြရန်လိုကြောင်း၊ ဌာနမှ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပြင် တည်ဆဲဥပဒေများကိုလည်း သိရှိနားလည် ထားကြရန် အရေးကြီးကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် သစ္စာရှိမှု၊ ဆက်ဆံရေးကောင်းမွန်မှု၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်မှုတို့အတွက် မဖြစ်မနေဆောင်ရွက်ကြရန် ဦးစွာပြောကြားလိုပါ ကြောင်း၊ မိမိတို့နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံးအကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံအသီးသီးသို့ သွားရောက် ရာတွင် ဥပဒေနှင့်အညီ ဝင်/ထွက် သွားလာနိုင်ရေး၊ နိုင်ငံ၏ ဝေဟင်၊ ရေပြင်၊ မြေပြင် ပိုင်နက်အတွင်း နိုင်ငံခြားသားများဥပဒေနှင့်အညီ ဝင်ရောက်စေရေးနှင့် ပိုင်နက်နယ်မြေအတွင်း နိုင်ငံခြားသား တရားမဝင် ဝင်ရောက်မှုမရှိစေရေးတို့အတွက် ပထမလုပ်ငန်း တာဝန်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို တည်ဆဲဥပဒေများနှင့်အညီ စနစ်တကျ တာဝန်ယူဆောင်ရွက်ကြရပါကြောင်း၊ နိုင်ငံသားတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သည့် ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးခြင်းလုပ်ငန်းသည် ဒုတိယလုပ်ငန်းတာဝန်ဖြစ်သည့် အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်းကို ဆောင်ရွက်ခြင်းပင်ဖြစ်ပါကြောင်း၊ တတိယလုပ်ငန်းတာဝန်ဖြစ်သည့် ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေးလုပ်ငန်းသည်လည်း နိုင်ငံတော်အတွက် အရေးကြီး သည့်လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်မှာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောင်မြင်စွာကောက်ယူနိုင်ခဲ့ပြီးရရှိသည့် စာရင်းဇယား အချက်အလက်များအား  နိုင်ငံတော်အစိုးရအပါအဝင် အဖွဲ့အစည်းအသီးသီးမှ စီမံကိန်းများရေးဆွဲရာ တွင် ရယူအသုံးပြုနေပြီဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းသည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအပါအဝင် မိမိတို့နိုင်ငံနှင့်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ၏ တရားဝင်နယ်စပ်ဂိတ်တွေမှာ မိမိတို့ဝန်ထမ်းများ က လူဝင်မှုစစ်ဆေးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီဆောင်ရွက်ကြရပါကြောင်း၊  နိုင်ငံခြားသားများ အတွက် ပြည်ဝင်ဗီဇာထုတ်ပေးခွင့်ပြုခြင်းလုပ်ငန်းနှင့် နိုင်ငံခြားသားထိန်းသိမ်းရေးလုပ်ငန်းများ စသည့်

နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသား မှတ်ပုံတင်လုပ်ငန်းသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားဖြစ်မှုဆိုင်ရာ သက်သေအထောက်အထား ထုတ်ပေးသည့်လုပ်ငန်းဖြစ်သည်နှင့်အညီ နိုင်ငံသား တစ်ဦးချင်းစီအတွက် အလွန်အရေးကြီးပါကြောင်း၊  ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်တွင် ပြီးခဲ့သည့်ရွေးကောက်ပွဲအတွင်း မဲဆန္ဒရှင် စာရင်းများ တိုက်ဆိုင်စစ်ဆေးရာ၌ မဲမသမာမှုများ များစွာရှိခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား အပါအဝင် အထောက်အထားတစ်စုံတစ်ရာ မရှိဘဲ မဲပေးခဲ့သူဦးရေ အများအပြားပါဝင်နေတာကို စိစစ်တွေ့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားအထောက်အထားဆိုင်ရာ သက်သေတစ်ခုခု ကိုင်ဆောင် မဲပေးနိုင်ရေးအတွက် မှတ်ပုံတင်မရှိသူများကို ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင် ရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းတာဝန်သည် မိမိတို့ဌာန၏ တာဝန်ဖြစ်သည်နှင့်အညီ (၁၈) လကြာ ဆောင်ရွက်မည့် ပန်းခင်းစီမံချက်ရေးဆွဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ရေးဆွဲရာတွင် ဌာန၏ ဝန်ထမ်းအင်အားလိုအပ်ချက်ကိုတင်ပြခဲ့ ရာ အထက်အကြီးအကဲများက ဝန်ထမ်းသစ်ခန့်နိုင်ရေး ခွင့်ပြုပေးခဲ့သည့်အတွက် ယခုဝန်ထမ်းသစ် များကို အဆင့်ဆင့်ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုဝန်ထမ်းသစ်များသည် အဓိကအားဖြင့် ပန်းခင်းစီမံချက်နှင့်အညီ မွေးဖွားလာသည့် ဌာန၏ပန်းခင်းမျိုးဆက်သစ်များပင်ဖြစ်ပြီး  ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် ဝန်ထမ်းသစ်များမှ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ပြည်သူ့အင်အားစာရင်း ကောက်ယူထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၌ နှစ်ပေါင်း (၃၀) ကြာ ဆောင်ရွက်နိုင်ခြင်းမရှိသည့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မိမိတို့ဌာနမှ ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဌာန၏ မှတ်တိုင်တစ်ခု အောင်မြင်စွာစိုက်ထူ နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ငွေကုန်ကြေးကျ များသည့်အတွက် နိုင်ငံတကာတွင်(၁၀) နှစ်လျှင် တစ်ကြိမ်ကောက်ယူကြပြီး မိမိတို့နိုင်ငံအနေဖြင့် လာမည့် (၂၀၂၄) ခုနှစ်တွင် ပြန်လည် ကောက်ယူဖို့ အလှည့်ကျရောက်ပြီး လုပ်ငန်းဆောင်ရွက်ခွင့် ကိုလည်း ခွင့်ပြုချက်ရရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်မှ ဦးစီးဆောင်ရွက်နေသည့် e-Government ၏ အခြေခံအကျဆုံးလုပ်ငန်း ဖြစ်သည့် e-ID လုပ်ငန်းကိုလည်း မိမိတို့ဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ အဓိကလုပ်ငန်း တာဝန်များသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကို ရှေ့ရှုပြီး ချမှတ်ပြဋ္ဌာန်းထားသည့် တည်ဆဲဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ မိမိတို့ဌာနသည် ယူနီဖောင်းဝတ်ဆင်ရသည့် ဌာနဖြစ်သည်နှင့်အညီ ဝန်ထမ်းတိုင်း သတ်မှတ်ထားသောယူနီဖောင်းကို မြတ်နိုးတန်ဘိုးထားကာ သပ်သပ်ရပ်ရပ် စနစ်တကျဝတ်ဆင်ကြရန်လိုကြောင်း၊ ဝန်ထမ်းသစ်များသည် လူငယ်များဖြစ်သည် နှင့်အညီ နိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့် မျိုးဆက်သစ်များဖြစ်ပါကြောင်း၊ နိုင်ငံ့အကျိုး အတွက် ခံယူချက်၊ ယုံကြည်ချက်ရှိပြီး ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် လိုကြောင်း၊ ပြောင်းလဲတိုးတက်နေသည့်ခေတ်စနစ်နှင့်အညီ IT နည်းပညာများနှင့် အင်္ဂလိပ်ဘာသာ စကားတတ်ကျွမ်းနားလည်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် မိမိတို့၏လုပ်ငန်းတာဝန်များ အပေါ် အကောင်းဆုံးနှင့်အထိရောက်ဆုံး အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ဌာနတာဝန်ရှိသူများကလည်း ဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ လူမှုရေးစသည့်ကိစ္စများကို  အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့်လည်း ဌာန၏ ကောင်းမြတ် သည့်အစဉ်အလာများကို လက်ဆင့်ကမ်း လိုက်နာထိန်းသိမ်းပြီး အဆင့်ဆင့်ကွပ်ကဲကြီးကြပ်သူများ၏ သွန်သင်ဆုံးမမှုများကို နာယူမှတ်သားကြရန်လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် ရွှေတံခါးမှူးများပီပီ ဝန်ထမ်းအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပေးအပ်လာ သည့်တာဝန်များကို ဦးလည်မသုန် တက်ညီလက်ညီ ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဝန်ထမ်းသစ်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ ( – )

Sorry, the comment form is closed at this time.