ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ကောင်းမွန်သည့်အတွေ့အကြုံများကို အသိအမြင်ဖလှယ်၍ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီးဌာန၏ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ ကောင်းမွန်သည့်အတွေ့အကြုံများကို အသိအမြင်ဖလှယ်၍ လုပ်ငန်းတာဝန်များ အောင်မြင်စွာဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား။

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များ နှင့် ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ (၁၆) ရက်၊ ယနေ့ နံနက် (၉) နာရီအချိန်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)/ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်ကြီး(၃)ရပ်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားအတွက် အရေးကြီးသည့် လုပ်ငန်း များဖြစ်သကဲ့သို့ ပြည်သူကိုထိရောက်သည့် ဝန်ဆောင်မှုများပေးရသည့် လုပ်ငန်းများဖြစ်ပါ ကြောင်း၊ ယင်းလုပ်ငန်းများသည် အစဉ်အဆက်ဆောင်ရွက်နေသည့်လုပ်ငန်းများဖြစ်သော်လည်း ပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပြည်သူကိုထိရောက်မြန်ဆန်သည့် ဝန်ဆောင်မှုများပေးနိုင်ရေး၊ ခေတ်နှင့်အညီ နည်းပညာများဖြင့့်် တိုးချဲ့ဆောင်ရွက်နိုင်ရေးတို့အတွက် အဆင့်ဆင့်ကြိုးပမ်း ဆောင်ရွက်နေကြရသည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းများကို မြေပြင်၌လက်တွေ့ ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများကိုယ်တိုင် သိရှိနားလည် သဘောပေါက်ထားကြရန် အရေးကြီးပါကြောင်း၊ အသိတူမှ အလုပ်တူမည်ဖြစ်သဖြင့် ယခုကဲ့သို့ ရှင်းလင်းချပြရခြင်းဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှေ့လုပ်ငန်းစဉ်များအဖြစ်ချမှတ်ကာ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲမသမာမှုဖြစ်ပွားသည့် မဲဆန္ဒရှင် အရေအတွက်မှာ (၁၁.၃)သန်းကျော်ရှိကြောင်းကို ရွေးကောက်ပွဲကော်မရှင်က စိစစ်ထုတ်ပြန်ထား ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး နိုင်ငံသား အသိအမှတ်ပြုကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးရန်မှာ မဖြစ်မနေ လိုအပ်ချက်ပင်ဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံးကိုင်ဆောင်သင့် သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရန် မိမိတို့ဌာန၏ တာဝန်ပင်ဖြစ်သည့်အတွက် မိမိတို့ဌာနက ပန်းခင်းစီမံချက်ရေးဆွဲ ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယင်းစီမံချက်သည် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက် ရမည့်လုပ်ငန်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ငန်းပမာဏအရေအတွက်ကန့်သတ်ချက်၊ပြီးစီးအောင်ဆောင်ရွက်ရမည့်အချိန်ကန့်သတ်ချက် များရှိနေပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်မှစတင်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက် အပြီး (၁၈)လကြာပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍မရနိုင်သကဲ့သို့ ဆက်စပ်ဌာနများအပြင် ပြည်သူများပူးပေါင်းပါဝင်မှသာ ပြီးစီး အောင်မြင်မည့် စီမံချက်တစ်ခုဖြစ်ခြင်းကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် အစည်းအဝေး များတွင် မကြာခဏထည့်သွင်းမှာကြားနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက် သည် နိုင်ငံတော်စီမံချက်ဖြစ်သကဲ့သို့ မည်သည့်အဟန့်အတားများရှိစေကာမူ လုပ်နည်းလုပ်ဟန် များ တွေးတောကြံဆကာ မိမိတို့ဝန်ကြီးဌာန၏ မဖြစ်မနေပြီးစီး အောင်မြင်အောင်ဆောင်ရွက် ရမည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး  လက်ရှိအခြေအနေအရ မိမိတို့ဝန်ကြီးဌာန၏ ပထမ ဦးစားပေးလုပ်ငန်းဖြစ်သည်ကို ထပ်မံပြောကြားလိုပါကြောင်း၊ ထို့ပြင်ပန်းခင်းစီမံချက်ဆောင်ရွက် မှု အရှိန်ကိုမထိခိုက်စေဘဲ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကိုလည်း ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် သာမန်အား ဖြင့် (၁၀)နှစ်တစ်ကြိမ် ကောက်ယူရမည်ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ ကောက်ယူရန် အချိန်စေ့ရောက်ပြီဖြစ်ပါကြောင်း၊  ယင်းလုပ်ငန်းသည်လည်း နိုင်ငံတော်၏ လူမှုစီးပွားဘဝနှင့် ပတ်သက်သည့် မှန်ကန်သော ကိန်းဂဏန်းအချက်များ ရရှိစေနိုင်မည့် နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းပင်ဖြစ်ပါကြောင်း၊  ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် ပမာဏကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ် မြင့်မားသည့်လုပ်ငန်းတစ်ခုဖြစ်ပြီး လုပ်ငန်းအဆင့်(၄)ဆင့်ဖြင့် ဆောင်ရွက်ရန်လျာထားပါကြောင်း၊ လုပ်ငန်းအဆင့်(၁)ဖြစ်သည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းကိုလက်ရှိနိုင်ငံတော်အစိုးရတာဝန်ယူစဉ်ကာလအတွင်း လုပ်နိုင် သမျှ ပြီးစီးနိုင်သမျှလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်း သည် မိမိတို့ဌာနအနေဖြင့် ယခင်အတွေ့အကြုံကောင်းများရရှိပြီးဖြစ်သည့်အတွက် ကြုံတွေ့လာ မည့်အခက်အခဲများကို အောင်မြင်စွာကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုကာလ အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းတစ်ခုမှာ အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေ သည့် နယ်စပ် ဝင်/ထွက်မှုစစ်ဆေးရေးလုပ်ငန်းများနှင့် ပတ်သက်၍ နယ်စပ်ဝင်ထွက်မှု စီမံခန့်ခွဲ ရေးစနစ် (Border Management System) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပင်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တရားဝင်ဖွင့်လှစ်ထားသည့် လူဝင်မှုစစ်ဆေးရေးဂိတ်များအား လူတစ်ဦးချင်းစီအလိုအလျှောက် စစ်ဆေးမှုခံယူကာ ဝင်/ထွက်ခြင်းစနစ် (Automatic Gate) များ အသုံးပြုခြင်းစနစ် တပ်ဆင်ဆောင်ရွက်နိုင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များ၏ ဝင်ထွက်မှုများကို ဦးစီးရုံးချုပ်နှင့် အင်တာနက်ကွန်ယက် ချိတ်ဆက်နိုင် ရေးတို့အတွက် လုပ်ငန်းတစ်ဆင့်ပြီး တစ်ဆင့်အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ထို့ပြင်ယခင်ကတည်းက ဆောင်ရွက်ဆဲလုပ်ငန်းအဖြစ်ရှိနေသည့် e-ID စနစ်လုပ်ငန်းကို လက်ရှိ နိုင်ငံတော်အစိုးရကာလတွင် မိမိတို့ဌာနမှတာဝန်ယူ၍ Biographic နှင့် Biometric အပေါ် အခြေခံသည့် Unique ID စနစ်ကို စတင်ပြီး NID ခေါ် Smart Card အဖြစ်သို့ ချဉ်းကပ် ဆောင်ရွက်ရန် ရည်ရွယ်ပါကြောင်း၊ လုပ်ငန်းအစီအစဉ်အသေးစိတ်နှင့် ဘဏ္ဍာငွေဆိုင်ရာကိစ္စ ရပ်များအား တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းတစ်ခုချင်းစီကို စနစ်တကျလေ့လာ သုံးသပ်ပြီး အခြေခံအုတ်မြစ်အဖြစ် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းဆောင်ရွက်ချိန်တွင် အဆင့်လိုက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် တစ်ခုချင်းစီအား လုပ်ငန်းကော်မတီတွင် အသေးစိတ်ဆွေးနွေး၍ e-Government ဦးဆောင်ကော်မတီကို တင်ပြ အတည်ပြုရယူပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူလဆောင်ရွက်နေသည့်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နေသကဲ့သို့ လက်ရှိ နိုင်ငံတော်အစိုးရတာဝန်ယူစဉ်ကာလအတွင်း ပန်းခင်းစီမံချက်လုပ်ငန်း၊ ၂၀၂၄ ခုနှစ်အတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၊ နယ်စပ်ဝင်/ ထွက်ဂိတ်များ စီမံခန့်ခွဲမှုစနစ် အဆင့်မြှင့် တင်ခြင်းလုပ်ငန်း၊ e-ID စနစ် အကောင်အထည်ဖော်ခြင်းလုပ်ငန်းတို့ကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနလုပ်ငန်းများသည် နိုင်ငံနှင့် ပြည်သူအတွက် မဖြစ်မနေ ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်သကဲ့သို့ ပြည်သူကို တိုက်ရိုက်ထိတွေ့ဝန်ဆောင်မှုပေး ရသည့်လုပ်ငန်းများဖြစ်ခြင်းကြောင့် ဝန်ထမ်းအားလုံး လူမှုဆက်ဆံရေးကောင်းမွန်ပြီး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း နားလည်တတ်ကျွမ်းကြရန် အရေးကြီးပါကြောင်း၊ တာဝန်ရှိသူများကလည်း ဝန်ထမ်းများကို အဆင့်ဆင့်သွန်သင်ဆုံးမလမ်းညွှန်ပြသသကဲ့သို့ ဝန်ထမ်းများ၏ သက်သာ ချောင်ချိရေးကိစ္စရပ်များကိုလည်း အလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ လက်ရှိဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက် လုပ်ဆောင်ရမည့်လုပ်ငန်းများကို ဝန်ထမ်းအားလုံးအား ပြန်လည်ရှင်းလင်းချပြကြရန်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ကျရာတာဝန် ကို အားသွန်ခွန်စိုက်ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ကြမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ကောင်းမွန် သည့်အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြကာ အသိအမြင်ဖလှယ်၍လုပ်ငန်း တာဝန်များကိုအကောင်းဆုံးအောင်မြင်စွာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးစီးဌာနအလိုက် ညွှန်ကြားရေးမှူးချုပ်များက လက်ရှိလုပ်ငန်းဆောင်ရွက်မှု များနှင့် လုပ်ငန်းကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအခြေအနေများ၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ကြိုတင်ဆောင်ရွက်ထားကြရမည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က လုပ်ငန်းဆိုင်ရာအားနည်းချက် ၊ အားသာချက်များ၊ နယ်မြေဒေသအလိုက် တွန်းအားပေးလုပ်ဆောင်ရမည့်အခြေအနေ၊ ရုံးချုပ်မှ ဖြည့်ဆည်းပေးနိုင် မှုအခြေအနေများကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ သည် နိုင်ငံနှင့် ပြည်သူအတွက် ထိရောက်သော အကျိုးဖြစ်ထွန်းမှုများရရှိမည့် လုပ်ငန်းများဖြစ် ပြီး ဌာန၏ သမိုင်းမှတ်တိုင်များအဖြစ် ရေးထိုးနိုင်ရေး တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြ ရန် နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။(-)

Sorry, the comment form is closed at this time.