ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ထားဝယ်ခရိုင်၊ ထားဝယ်၊လောင်းလုံ၊သရက်ချောင်းနှင့် ရေဖြူမြို့နယ် များအတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲတက်ရောက်၊ ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး တိုက်တွန်း ပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊  ထားဝယ်ခရိုင်၊ ထားဝယ်၊လောင်းလုံ၊သရက်ချောင်းနှင့် ရေဖြူမြို့နယ် များအတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲတက်ရောက်၊ ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး တိုက်တွန်း ပြောကြား။

နေပြည်တော်၊ ဇန်နဝါရီလ ၁၃ ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊နိုင်ငံတော်ဝန်ကြီးချုပ်၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ကိုနှင့်တာဝန်ရှိသူများ နှင့်အတူ ဇန်နဝါရီလ(၁၃)ရက်၊ မွန်းလွဲ(၃)နာရီခွဲတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည့် ထားဝယ်ခရိုင်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်များအတွင်း ပန်းခင်း စီမံချက်ဖြင့်ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲသို့တက်ရောက်သည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနမှဆောင်ရွက်နေသည့် ပန်းခင်းစီမံချက်သည် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် မွေးရာပါနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရဖြစ်သော နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ကာယကံရှင် ပြည်သူများထံ လွယ်ကူလျင်မြန်စွာရရှိရေးအတွက် နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးသည့် နိုင်ငံတော်စီမံချက်တစ်ခုဖြစ်ပါကြောင်း၊ ယင်းစီမံချက်ကို မိမိတို့ဌာနက တာဝန်ယူဆောင်ရွက်ရ သော်လည်း အခြားသောဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီမှု၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရှိမှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိမည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ လူတစ်ဦးချင်းစီ၏ လူမှုဘဝဆောင်ရွက်မှုတိုင်းတွင် မရှိမဖြစ်အရေးကြီးသည့် ကတ်ပြားဖြစ်သည် နှင့်အညီ နိုင်ငံသားအားလုံးက မဖြစ်မနေဆောင်ရွက်ကိုင်ဆောင်ထားကြရန်လိုကြောင်း၊ ပြည်သူ များကုန်ကျစရိတ် သက်သာစေရေးအတွက် နိုင်ငံတော်မှ အစစအရာရာပံ့ပိုးကူညီဆောင်ရွက် ပေးလျက်ရှိရာ ကတ်ပြားမရှိသေးသူပြည်သူများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ရပ်မိရပ်ဖများထံ အသိပေးအကြောင်းကြားကာ ဆက်သွယ်ဆောင်ရွက်ကြရန်လိုအပ်ပါ ကြောင်း၊ ရရှိပြီးသောကတ်ပြားများကိုလည်း ပျောက်/ပျက်မှုမရှိစေရေးအတွက် ဂရုပြု ကိုင်ဆောင်ကြရန် မှာကြားလိုပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ပန်းခင်းစီမံချက်ဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယခုအထိ အိမ်ထောင်စုလူဦးရေ စာရင်း (၄၆၀၅) စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၆၉၉) ကတ် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မြို့နယ်အလိုက် သတ်မှတ်ကာလအတွင်း ဆောင်ရွက်ရမည့်လျာထားချက် ပြည့်မီပြီးစီးရေး အတွက် အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းများ အဆင်ပြေ လွယ်ကူစွာဆောင်ရွက်နိုင်ရေးအတွက် အဖက်ဖက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်းနှင့် ရေဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၅၉၁)စု နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၉၂၂) ကတ်ကို ကာယကံရှင်ပြည်သူများသို့ အသီးသီးပေးအပ် ကြပြီးနောက် တက်ရောက်လာရောက်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။ (-)

 

Sorry, the comment form is closed at this time.