ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသည့် မြို့နယ်(၉) မြို့နယ် အောင်မြင်ခြင်းအခမ်းအနား တက်ရောက်၊ ဝန်ထမ်းများအားတွေ့ဆုံ၍ ပေးအပ်သောတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသည့် မြို့နယ်(၉) မြို့နယ် အောင်မြင်ခြင်းအခမ်းအနား တက်ရောက်၊ ဝန်ထမ်းများအားတွေ့ဆုံ၍ ပေးအပ်သောတာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ရေးမှာကြား။

နေပြည်တော်၊ ဇန်နဝါရီလ ၂၂ ။

          ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးသည့် မြို့နယ်(၉) မြို့နယ် အောင်မြင်ခြင်းအခမ်းအနားကို ဇန်နဝါရီလ (၂၂) ရက်၊ ယနေ့နံနက် (၁၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့်တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ခဲ့ခြင်းကြောင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနမှ နိုင်ငံနှင့်အဝန်း ပန်းခင်းစီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းသည် ယခင်အစိုးရအဆက်ဆက်က ပြည်သူများအတွက် စီမံချက်များရေး ဆွဲဆောင်ရွက်ပေးခဲ့သော်လည်း အချို့ပြည်သူများသည် နိုင်ငံသားကတ်၏ တန်ဖိုးကိုသိရှိ နားလည်ခြင်းမရှိသဖြင့် လာရောက်ဆောင်ရွက်မှုမရှိခြင်းကြောင့် ကတ်ပြားမပြုလုပ်ရသေးသူများ အဖြစ် ကျန်ရှိနေကြခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသားတစ်ဦး ရပိုင်ခွင့်ရှိသည့် နိုင်ငံသားအခွင့်အရေးများ အပြည့်အဝရရှိနိုင်သည့် အထောက်အထားတစ်ခု ဖြစ်သည်ကို ပြည်သူအားလုံး သိရှိနားလည်ကြရန်လိုအပ်ပါကြောင်း၊ လူမှုဘဝဆောင်ရွက်မှုတိုင်း၌ အရေးကြီး၊ အရေးပါသည့် နိုင်ငံသားဖြစ်မှုအထောက်အထားတစ်ခုကို နိုင်ငံသားတိုင်း ရရှိ ကိုင်ဆောင်နိုင်ရေးအတွက် ယခုကဲ့သို့ နိုင်ငံတော်အစိုးရက ပြည်သူများ၏အကျိုး၊ နိုင်ငံတော်၏ အနာဂတ်အကျိုးအတွက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်ကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့်ပမာဏကို သတ်မှတ် ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် လျာထားသတ်မှတ်ထားရာ လျာထားသတ်မှတ်ချက် ပြည့်မီပြီးစီးအောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစီမံချက် သည် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုံခြုံရေးဆိုင်ရာနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက် များကြားမှ ဆောင်ရွက်ကြရခြင်းဖြစ်ပါကြောင်း၊ ယခုအခါ လုပ်ငန်းကာလ (၉) လကြာပြီဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် မြို့နယ်(၄၅)မြို့နယ်အနက် ယခုအခါ မြို့နယ်(၉) မြို့နယ်သည် ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည့်အတွက် ယခုကဲ့သို့ အောင်မြင်ခြင်းအခမ်းအနား ကျင်းပကာ ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်း သည် မိမိတို့ဌာနက တာဝန်ယူဆောင်ရွက်သော်လည်း ဒေသအာဏာပိုင်များ၊ အခြားသော ဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီဆောင်ရွက်မှသာ အောင်မြင်နိုင်မည့် နိုင်ငံတော်စီမံချက်တစ်ခု ဖြစ်ရာ ပူးပေါင်းကူညီသည့် ဌာနအားလုံးကိုလည်း ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊ လျာထားချက် ပြည့်မီရန် ကျန်ရှိနေသေးသည့် မြို့နယ်များသည်လည်း သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် လုပ်နိုင်သမျှနည်းလမ်း များရှာကြံကာ ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ ထို့ပြင် မိမိတို့ဌာနမှ တာဝန်ယူ‌ဆောင်ရွက်မည့် e-ID စနစ် လုပ်ငန်းကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံသားဆိုင်ရာလုပ်ငန်းများနှင့် ဆက်လက်ချိတ်ဆက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို အသိပေးပြောကြားလိုကြောင်း၊ ဆက်လက်၍ ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် အားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးက ပန်းခင်းစီမံချက် အောင်မြင်ရေး အတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်း ဆောင် ရွက်ပေးမှု၊ သတ်မှတ်ကာလအတွင်း လျာထားချက်ရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေက ရန်ကုန် တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်အောင်မြင်ရေးအတွက် လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီး ပြီး ဖြစ်သည့် ပုဇွန်တောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဒဂုံ၊ ဆိပ်ကြီးခနောင်တိုနှင့် ကိုကိုးကျွန်းစသည့် မြို့နယ် (၉) မြို့နယ်မှ တာဝန်ရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ရာနှုန်းပြည့်ပြီးစီးအောင်မြင်မှုအထိမ်းအမှတ်ပစ္စည်းများကို အသီးသီးပေးအပ် ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ရန်ကုန်တိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ စီစဉ်ဆောင်ရွက်ထားသည့် ပန်းခင်းစီမံချက်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ Video Clip ကို ကြည့်ရှုအားပေးပြီးနောက် မြို့နယ်(၉)မြို့နယ် လျာထားချက် ရာနှုန်းပြည့် ပြီးစီးအောင်မြင်ခြင်း အထိမ်းအမှတ် လက်ဆောင်များကို တိုင်းဒေသကြီးဦးစီးမှူးက ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများအား အမှတ်တရ ပေးအပ်သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးမှ ဆောင်ရွက်လျက်ရှိသည့် e-ID လုပ်ငန်းတွင် အသုံးပြုရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ကွန်ပျူတာအလုံး (၅၀) ကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်ဝင်းသိန်းက လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့သည် တက် ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ် (၄၅) မြို့နယ်ရှိသည့်အနက် မြို့နယ် (၉) မြို့နယ် သည် ပန်းခင်းစီမံချက် လျာထားချက် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများ၏ အမည်စာရင်းအားလုံး မှတ်တမ်းပြုစု၍  ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများက အတည်ပြုလက်မှတ်ရေးထိုးကြပြီး သက်ဆိုင်ရာမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များအား ထပ်ဆင့်အတည်ပြု လက်မှတ်ရေးထိုးမှတ်တမ်းတင်ထားပြီးဖြစ် ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည့် e-ID လုပ်ငန်းရှင်းလင်း ပွဲသို့ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး အမျိုးသားမှတ်ပုံတင်နှင့်နိုင်ငံသားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက e-ID နှင့် ပတ်သက်၍ ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် ဆောင်ရွက်သွားမည့် နည်းလမ်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးသူများ၏ ကိုယ်ရေးအချက်အလက် များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းနေမှု၊ နေပြည်တော် (ရုံးချုပ်) မှပေးပို့သည့်အချက်အလက် များနှင့် တိုက်ဆိုင်၍ e-ID စနစ် အကောင်အထည်ဖော်ရာတွင် ချိတ်ဆက်အသုံးပြုနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြား ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ က ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ဆောင်ရွက်နေမှုအခြေအနေ၊ ယင်းရှေ့လုပ်ငန်းစဉ် (၅) ရပ် အနက် နောက်ဆုံးလုပ်ငန်းစဉ်သည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့်လုပ်ငန်း ဖြစ်သကဲ့သို့ ယင်းလုပ်ငန်းစဉ်ဆောင်ရွက်နိုင်ရေးမှာ မိမိတို့ဌာနက ဆောင်ရွက်နေသည့် ပန်းခင်း စီမံချက်နှင့် ဆက်စပ်နေမှုအခြေအနေများ၊ ပန်းခင်းစီမံချက်သည် နိုင်ငံတော်စီမံချက်ဖြစ်သည်နှင့် အညီ သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီပြီးစီးရေးအတွက် အားသွန် ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ကြရေးအခြေအနေများ၊ ယင်းစီမံချက်ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် နိုင်ငံခြာသားထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့် e-ID စနစ်လုပ်ငန်းတို့အား ဆက်လက်ကြိုးပမ်းဆောင်ရွက်နိုင်ရေး အခြေအနေများ၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဖြစ်စေရေးနှင့် စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်ပိုင်နိုင်ကြရေး၊ ဝန်ထမ်းအချင်းချင်း အပြန်အလှန်လေးစား ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် ပေးအပ်သောတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

 

Sorry, the comment form is closed at this time.