ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဘုတ်ပြင်းမြို့၌ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှု ကြည့်ရှုအားပေးကာ စနစ်တကျကိုင်တွယ် ထိန်းသိမ်းနိုင်ရေး ရှင်းလင်းပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဘုတ်ပြင်းမြို့၌ ကျောင်းသား၊ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးမှု ကြည့်ရှုအားပေးကာ စနစ်တကျကိုင်တွယ် ထိန်းသိမ်းနိုင်ရေး ရှင်းလင်းပြောကြား။

နေပြည်တော်၊ ဇန်နဝါရီလ ၁၄ ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊နိုင်ငံတော်ဝန်ကြီးချုပ်၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးခင်ရီသည် ဇန်နဝါရီလ(၁၄)ရက်၊ မွန်းလွှဲ(၂)နာရီခွဲတွင် ဘုတ်ပြင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဘုတ်ပြင်းမြို့နယ်၊ ဦးစီးမှူးရုံးမှဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှု့အားပေး ကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။

          ထို့နောက်ပြည်ထောင်စုဝန်ကြီးက ကျောင်းသား/ကျောင်းသူများအား ပန်းခင်းစီမံချက် ဖြစ်ပေါ်လာပုံနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊  နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အရေးပါအသုံးဝင်ပုံ၊ ရရှိသည့်ကတ်ပြားအား စနစ်တကျကိုင်တွယ် ထိန်းသိမ်းနိုင်ရေးအခြေအ‌နများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်း‌ပြောကြားပြီး ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းသား၊ကျောင်းသူ တစ်ဦးချင်း ထံအသီးသီးပေးအပ်ပြီးနောက် ကျောင်းသား၊ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း နှင့် အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အသက်ပြည့်မီသူကျောင်းသား/ ကျောင်းသူ(၁၁၈)ဦးအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။(-)

 

Sorry, the comment form is closed at this time.