ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲသို့တက်ရောက်၊ လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချကာ ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (/၂၀၂၂) ဖွင့်ပွဲသို့တက်ရောက်၊ လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချကာ ရည်မှန်းချက် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန်မှာကြား။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားသင်တန်းကျောင်း၊ အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁) ရက်၊ ယနေ့နံနက်(၁၀) နာရီခွဲတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်  ယခုသင်တန်းသည် မိမိတို့ဝန်ကြီးဌာန၏ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား သင်တန်းကျောင်း တွင် တတိယအကြိမ်အဖြစ် ဖွင့်လှစ်သည့် အမှုထမ်းအဆင့် ဘာသာရပ်ဆိုင်ရာသင်တန်းဖြစ်ပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဓိကလုပ်ငန်းတာဝန်ကြီး (၃)ရပ် ဖြစ်သည့် လူဝင်မှု ကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းတို့ကို နိုင်ငံတော်အစိုးရ၏ မူဝါဒ လမ်းညွှန်ချက်များနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် e-ID စနစ် လုပ်ငန်း အကောင်အထည်ဖော်ရေးလုပ်ငန်းကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်း တာဝန်များသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်ပြီး သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ သိရှိနားလည်ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ဌာန၏လုပ်ငန်းစဉ်များကို သိရှိနားလည်ပြီး ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန်၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းမျဉ်း၊ စည်းကမ်း များကို သိရှိလိုက်နာကျင့်သုံးနိုင်ရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်တတ်စေ ရန်နှင့် ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ဝန်ဆောင်မှုပေးနိုင်ရန် စသည့်ရည်ရွယ်ချက် များဖြင့် ဖွင့်လှစ်သင်ကြားပို့ချခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များသည် ပြည်သူကို ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သည့်အတွက် မိမိတို့၏ လုပ်ဆောင်ချက်များအပေါ် ပြည်သူများ နားလည်သဘောပေါက်ရန် အရေးကြီးပါ ကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတွင် ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက် များ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေ၊ ဝန်ထမ်းကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်း၊ မြန်မာ့ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုများနှင့် ကမ္ဘာ့နိုင်ငံများအခြေအနေတို့ကို မိမိနှင့်ဒုတိယဝန်ကြီးတို့ အပါအဝင် ဌာနမှအတွေ့အကြုံရှိသည့် အရာရှိများနှင့် ပြင်ပပညာရှင်များက ဆွေးနွေးပို့ချကြ မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံးသည် အသိတူမှ အလုပ်တူမည်ဖြစ်သည့်အတွက် ဌာန၏ လုပ်ငန်းဆောင်ရွက်မှုများကို သိရှိနားလည်ထားကြရန် အ‌ရေးကြီးပါကြောင်း၊ လက်ရှိအခြေအနေ တွင် မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံခြားသာထိန်းသိမ်းရေးဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ကို အဆင့်မြှင့်တင်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်၏စီမံချက်တစ်ခုဖြစ်သော ပန်းခင်းစီမံချက် ကိုလည်း နိုင်ငံနှင့်အဝန်း ကြိုးပမ်းဆောင်ရွက်နေကြပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် အချိန်စေ့ရောက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး e-ID စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော် အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်ကို နားလည်ထားကြရန်လိုကြောင်း၊ ယနေ့ခေတ် သည် နည်းပညာခေတ်ဖြစ်သည်နှင့်အညီ IT နည်းပညာများ တတ်ကျွမ်းပြီး ဘာသာစကား နားလည်ကျွမ်းကျင်ရေးအတွက်လည်း လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ ရိုသေကာ ဌာန၏ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ကျွမ်းကျင်ပိုင်နိုင်ရေးနှင့် ဆက်ဆံရေးကောင်းမွန် ပြေပြစ်ပြီး ပူးပေါင်းဆောင်ရွက်တက်ရေးတို့အတွက် အလေးဂရုပြုကြိုးပမ်းဆောင်ရွက်သွားရန် အရေးကြီးပါကြောင်း၊ သင်တန်းမှ သင်ကြားပို့ချချက်များကို ဂရုတစိုက်လေ့လာမှတ်သားကြရန် နှင့် လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချကာ ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လည်း မှာကြားလိုကြောင်းဖြင့်ရှင်းလင်းမှာကြားသည်။

          ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် (၃၁-၁-၂၀၂၂) ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂) တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တစ်နှစ်ပြည့် တာဝန် ထမ်းဆောင်ခဲ့မှုအခြေအနေများ၊ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ရမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားချက် များအပေါ် ထပ်ဆင့်ရှင်းလင်းပြောကြားပြီး နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိ၍ လုပ်ငန်းတာဝန်များကို အထူးကြိုးပမ်း ဆောင်ရွက်ကြရန်တို့ကိုလည်း အကျယ်တဝင့်ရှှင်းလင်းပြောကြားပြီး သင်တန်းဖွင့်ပွဲကို ရုပ်သိမ်းလိုက်သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး သင်တန်းသားအိပ်ဆောင်နှင့် စားရိပ်သာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အား လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသူများနှင့်အတူ နေ့လည်စာအတူတကွ သုံးဆောင်ကြသည်။

          ယခုသင်တန်းသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား သင်တန်းကျောင်းတွင် တတိယအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ကာ အဆိုပါသင်တန်းသို့ နေပြည်တော်ရှိ ဝန်ကြီးရုံးနှင့်  ဦးစီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးရုံးများမှ အမှုထမ်းအဆင့် သင်တန်းသူ (၆၅)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄)ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

 

 

Sorry, the comment form is closed at this time.