ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ အတွင်း ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း သတ်မှတ်အချိန် ကာလအတွင်း သတ်မှတ်လုပ်ငန်းပမာဏ ပြည့်မီပြီးစီးအောင် ကြိုပမ်းဆောင်ရွက်ကြရေးမှာကြား ။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ အတွင်း ပန်းခင်းစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း

သတ်မှတ်အချိန် ကာလအတွင်း သတ်မှတ်လုပ်ငန်းပမာဏ ပြည့်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ကြရေးမှာကြား ။

 နေပြည်တော်၊စက်တင်ဘာ ၆ ။

          တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့အတွင်း ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ  ၆ ရက်၊ ယနေ့ မွန်းလွဲ (၁) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူး များသည် သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။

          အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံတော်၏စီမံချက်ဖြစ်သည့် ပန်းခင်းစီမံချက်အား မိမိတို့ဌာနမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက် သည် သတ်မှတ်အချိန်ကာလအတွင်း သတ်မှတ်လုပ်ငန်းပမာဏ ပြည့်မီပြီးစီးအောင် ကြိုးပမ်းဆောင် ရွက်ကြရမည့်အခြေအနေ၊ ယခု ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးရသည့် အပေါ်စနစ်တကျသုံးသပ်ကာ ဆောင်ရွက်နိုင်သမျှ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ကြရန်လိုအပ်မှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာ ရေးညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်နိုင်‌ရေးအခြအနေ၊ လုပ်ငန်းများ ထိရောက်အောင်မြင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးနေမှု၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများကလည်း ဒေသအာဏာပိုင်များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေးအခြေအနေ၊ မီဒီယာပိုင်းမှ online / offline အသုံးပြု၍ ပြည်သူများ သိရှိနားလည်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိအခြေအနေအရ တပ်မတော်အပါအဝင် အဖွဲ့အစည်း အသီးသီးသို့ ဆက်သွယ်အသိပေးကာ စာရင်းဇယားများကောက်ယူဆောင်ရွက်ရေးနှင့် ရုံးများသို့လာရောက်ဆောင်ရွက်နိုင်မည့် အရေအတွက် သတ်မှတ်ကန့်သတ်ဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ ဆောင်ရွက်ရမည့် လုပ်ငန်း ပမာဏအလိုက် တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရင်း ရည်မှန်းချက်သို့ အောင်မြင်‌အောင် ကြိုးပမ်းဆောင်ရွက်ကြရန် နှင့် လုပ်ငန်းလိုအပ်ချက်များကို အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်ကြရန် လိုအပ်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

          ထို့နောက် တနင်္သာရီ၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် ဦးစီးမှူးများက ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များကို ဗီဒီယိုကွန့်ဖရင့်စနစ်ဖြင့် အသီးသီးရှင်းလင်းတင်ပြကြသည်။

          ယင်းနောက် ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့်တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ပန်းခင်းစီမံချက်သည် နိုင်ငံသားတိုင်း လူမှုဘဝပြည့်စုံနိုင်ရေးအတွက် အရေးကြီးသည့် အထောက် အထားထုတ်ပေးသည့် စီမံချက်ဖြစ်သည်နှင့်အညီ ပြည်သူများ သိရှိဆောင်ရွက်စေရေး နည်းမျိုးစုံ အသုံးပြု၍ အလေးထားဆောင်ရွက်ကြရန်မှာကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.