ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စစ်ဆေးဆောင်ရွက်မှုကြည့်ရှုအားပေး၊ မင်္ဂလာဒုံနှင့် လှိုင်သာယာ(အရှေ့) မြို့နယ်ဦးစီးမှူးရုံးများ ၌ နိုင်-၄ မှတ်တမ်းနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ကွန်ပျူတာဖြင့် ဖြည့်သွင်း ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်း မှန်ကန်ရေး စစ်ဆေးဆောင်ရွက်မှုကြည့်ရှုအားပေး၊

မင်္ဂလာဒုံနှင့် လှိုင်သာယာ(အရှေ့) မြို့နယ်ဦးစီးမှူးရုံးများ၌ နိုင်-၄ မှတ်တမ်းနှင့်အိမ်ထောင်စုလူဦးရေစာရင်းများအား ကွန်ပျူတာဖြင့် ဖြည့်သွင်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး။

နေပြည်တော်၊ ဇူလိုင် ၃။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်စိုးနှင့် တာဝန်ရှိသူများလိုက်ပါကာ မဲစာရင်းမှန်ကန်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ် သည်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဇူလိုင်လ ၃ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းကျောင်း၌ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အထွေထွေရွေးကောက်ပွဲကော်မရှင်မှဝန်ထမ်းများ၊  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြောက်ဥက္ကလာပမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ် မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်/ကျေးစာရေးများက  နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒ ရှင်မှန်ကန်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းများပြုစုခြင်းနှင့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ ကွန်ပျူတာများဖြင့် ဖြည့်သွင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရအားပေးရာ အထွေထွေ ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသိန်းဦးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက် နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို လိုက်လံရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာ ပစ္စည်းများကို တာဝန်ရှိသူများထံ ထောက်ပံ့ ပေးအပ်သည်။ ယခုလုပ်ငန်းစဉ်တွင် လူအင်အား (၁၅၀) ကျော်က ကွန်ပျူတာ (၁) လုံးလျှင် တစ်ရက် ပျမ်းမျှ လူဦးရေ (၆၆၀)နှုန်းခန့်ဖြင့် ကွန်ပျူတာ (၉၂) လုံးအသုံးပြုကာ တစ်ရက်လျှင် ပျမ်းမျှလူဦးရေစုစုပေါင်း (၄၅၀၀၀) ကျော်ကို အချက်အလက်များ မှန်ကန်ရေး တိုက်ဆိုင်စစ်ဆေး ဖြည့်သွင်းပြုစုဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများအားတွေ့ဆုံရာ ရှေးဦးစွာ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းက ရန်ကုန်တိုင်းအတွင်း တိုးချဲ့ဖွဲ့စည်း ထားသည့် ခရိုင်ဦးစီးမှူးရုံးများ၌ ရုံးများဖွင့်လှစ်မှုနှင့် ဝန်ထမ်းများ တာဝန်ချထားဆောင်ရွက်မှု အခြေအနေ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရန် လျာထားမှုအပေါ် ဆောင်ရွက်ပြီးစီးမှု၊ မြို့နယ်အလိုက် နိုင်-၄ မှတ်တမ်း များနှင့် အိမ်ထောင်စုလူဦးရေစာရင်း များအား ကွန်ပျူတာဖြင့် ဖြည့်သွင်းမှုနှင့် နေပြည်တော် (ရုံးချုပ်) သို့ Online ဖြင့် ချိပ်ဆက်ပေးပို့ ပြီးစီးမှု၊ မဲစာရင်းမှန်ကန်စေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်နေမှု အခြေ အနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရက   တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်များ တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လည်း ဌာန၏ခရိုင်ရုံးများ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသစ် ဖွင့်လှစ်သည့် ခရိုင်ဦးစီးမှူးရုံးများ၏ ရုံးနေရာ၊ ဝန်ထမ်းခန့်ထားမှုနှင့် အခြားလိုအပ်ချက်များကို အမြန်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ခရိုင်ရုံးများ ပီပီပြင်ပြင် ဖွင့်လှစ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် လိုအပ်သည်များကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မဲစာရင်းများမှန်ကန်စေရေးအတွက် မြို့နယ် အလိုက် နိုင်ငံသားကတ်ထုတ်ပေးခြင်းမှတ်ပုံတင်စာအုပ် (နိုင်-၄) ပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို ကွန်ပျူတာများဖြင့်ဖြည့်သွင်းကာ Online မှတစ်ဆင့် နေပြည်တော် (ရုံးချုပ်) သို့ ပေးပို့ဆောင်ရွက်ခြင်းလုပ်ငန်းကိုလည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ စာရင်းအချက်အလက်များ မှန်ကန်ရေး အတွက် ရုံးချုပ်မှလည်း ခေတ်မီနည်းပညာများအသုံးပြုကာ စောင့်ကြပ်ကြည့်ရှုစိစစ်လျက်ရှိရာ စာရင်းများ၊ ကတ်ပြားအမှတ်များ မထပ်မကျန်စေရေးအတွက် အားလုံးက ကြိုးပမ်းဆောင်ရွက် ကြရန်နှင့် မဲစာရင်းများ မှန်ကန်စွာပြုစုနိုင်ရေးအတွက်လည်း ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏ အနာဂတ် အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်သည်ကို ဝန်ထမ်းအားလုံးက သိရှိနားလည်ကြရန် လိုကြောင်း၊ ထို့ပြင် နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်ကို အကောင်အထည်ဖော်နိုင်ရန် မိမိတို့ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ အဆိုပါ မဲလုပ်ငန်းစဉ်သည်လည်း နိုင်ငံတော်၏ ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းရေးအတွက် အဓိက အရေးကြီးသည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များအပါအဝင်ဌာန၏ ရည်မှန်းချက် တာဝန်များ ထိရောက်အောင်မြင်ရေးအတွက် ဝန်ထမ်းအားလုံးက တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်းနှင့် လိုအပ်သည်များကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ နိုင်-၄ မှတ်တမ်းပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွန်ပျူတာဖြင့် ဖြည့်သွင်းကာ ရုံးချုပ် Server သို့ ပေးပို့ဆောင်ရွက်ပြီးစီးမှု၊ မှတ်တမ်းပစာရင်းများ မှန်ကန်ရေး အတွက် မြေပြင်ရှိ ကိုယ်ရေးအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးမှု၊ ယခင်မဲစာရင်းများတွင် ကတ်ပြားအမှတ်များဖြည့်သွင်းရန် ကျန်ရှိမှုများအပေါ် ပြန်လည်စိစစ်ဖြည့်သွင်းနေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာ(အရှေ့) မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်း များက မြို့နယ်အတွင်းထုတ်ပေးပြီးဖြစ်သည့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ပါ အချက်အလက်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား ကွန်ပျူတာများအတွင်း ဖြည့်သွင်းပြီးစီးမှုနှင့် နေပြည်တော် (ရုံးချုပ်) ရှိ Server သို့ ပေးပို့ဆောင်ရွက်မှု၊ နိုင်ငံသား ကတ်အမှတ်များထပ်နေမှုနှင့် ဖြည့်သွင်းရန်ကျန်ရှိနေသည့် နိုင်-၄ မှတ်တမ်း အချက်အလက်များ ပြည့်စုံမှန်ကန်စွာ စိစစ်ဖြည့်သွင်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ ( – )

Sorry, the comment form is closed at this time.