ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) နှင့် လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်းသို့ သွားရောက်ကြည့်ရှု၊ ရွှေပြည်သာမြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတက်ရောက်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ၊ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) နှင့် လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်းသို့ သွားရောက်ကြည့်ရှု၊ ရွှေပြည်သာမြို့နယ်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲတက်ရောက်။

နေပြည်တော်၊ မေ ၂၇ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများလိုက်ပါလျက် မေလ ၂၆ ရက် ၊ နံနက် (၈) နာရီခွဲတွင် ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး(ရန်ကုန်) သို့သွားရောက်၍ ဆေးရုံ အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာယုယုတင်က ရန်ကုန်အလုပ်သမားဆေးရုံ ကြီး၏ ဝန်ထမ်းအင်အားအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေမှု များကို ရှင်းလင်းတင်ပြပြီး လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအာမခံစနစ်ဖြင့် အလုပ်သမားများအား ဆေးဝါးကုသ ဆောင်ရွက်ပေးမှုနှင့် အလုပ်သမားဆိုင်ရာ အကျိုးခံစားခွင့်များ ခွင့်ပြုဆောင်ရွက်ပေးနေမှုအခြေ အနေများ၊ လူမှုဖူလုံရေးအဖွဲ့လက်အောက်ရှိ အလုပ်သမားဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်း အင်အားနှင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသော အလုပ်သမားများအား ဆေးရုံကြီးမှ ဝန်ထမ်းများက စေတနာအပြည့်ဖြင့် ကုသ ဆောင်ရွက်ပေးနေသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းနှင့် ကျန်းမာရေးဝန်ထမ်း အင်အားကိုလည်း ထပ်မံခန့်အပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း နား၊နှာခေါင်း၊ လည်ချောင်း ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးကာ ဆေးဝါးကုသပေးနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် စောင့်ကြည့်လူနာဌာနနှင့် ပြင်ပလူနာဌာနတို့ကို လှည့်လည်ကြည့်ရှု၍ လာရောက်ပြသသည့်လူနာများအား နှုတ်ဆက်အားပေးကာ တာဝန်ရှိသူ များ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ်ရှိ လူမှုဖူလုံရေး -ကဲဝဲလ် ဆေးခန်းသို့သွားရောက်ကြည့်ရှု စစ်ဆေးရာ ဒေါက်တာကျော်တင်လတ်နှင့် တာဝန်ရှိသူ များက ဆေးခန်းဖွင့်လှစ်မှုနှင့် ပြင်ပလူနာများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဆေးခန်းသို့ လာရောက်ပြသသည့် အာမခံလုပ်သားလူနာများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါဆေးခန်းအပေါ်ထပ်များရှိ ရန်ကုန်တိုင်း ဒေသကြီး ၊ အလုပ်သမားရေးရာဆိုင်ရာရုံးများ ဖွင့်လှစ်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား နှုတ်ဆက်အားပေး၍ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရွှေပြည်သာမြို့နယ်၊ မြို့နယ်ခန်းမ၌ ကျင်းပသည့် ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး သည်။

အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ရေးဆွဲ၍ တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးမရှိသေးသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့်အညီ ဆောင်ရွက်ထုတ်ပေးခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် ဆက်စပ်ဌာန များ၊ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ကာယကံရှင်ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည့်လုပ်ငန်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် မြစ်ဝကျွန်းပေါ်အပါအဝင် အခြားသောဒေသများမှ ပြည်သူများသည် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များသို့ ပြောင်းရွှေ့နေထိုင်မှုများ အများအပြားရှိကာ ၎င်းတို့သည် များသောအားဖြင့် လက်ရှိဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်းများ ပါရှိလာခြင်းမရှိသကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်ရ သေးသူများလည်းရှိပါကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိလျှင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေး၍မရသဖြင့် ၎င်းတို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများလည်းရှိနိုင်ပါ ကြောင်း ၊ ယခုပန်းခင်းစီမံချက်ဖြင့် ၎င်းတို့အား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ ကာယကံရှင်ပြည်သူများအနေဖြင့်လည်း လိုအပ်သည့်အထောက်အထား စာရွက် စာတမ်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း၊ ရရှိပြီးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်း ပျက်စီး/ ပျောက်ဆုံးမှုမရှိစေရေးအတွက် စနစ်တကျ ထိန်းသိမ်းကိုင်တွယ်ကြရန် အရေးကြီးပါကြောင်းဖြင့် အကျယ်တဝင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက ရန်ကုန် တိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုနှင့် စီမံချက်အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေစာရင်း (၁၅၅) စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၅) ကတ်တို့ကို ကာယကံရှင်ပြည်သူများနှင့် ရပ်ကွက်ကိုယ်စား လှယ်များထံ အသီးသီးပေးအပ်ကြသည်။

ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ထုတ်ပေးခြင်းအတွက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းပြီး တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဦးစီးမှူးများအား အဆိုပါဧည့်ခန်းမ၌ပင် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ဌာန၏ရည်မှန်းချက်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရပါ ကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဌာနအလိုက်ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရပါကြောင်း၊ အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများသည် အလုပ်သမားများ၏အခွင့်အရေးအတွက် အပြည့်အဝကူညီဆောင်ရွက်ပေးကြ ရန် တာဝန်ရှိသကဲ့သို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ထမ်းများသည်လည်း နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားကို အလေးအနက်ထားဆောင်ရွက်ကြရပြီး နိုင်ငံခြားသားထိန်းသိမ်းရေးအပါအဝင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံသားများ အတွက် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်း၊ ပြည်သူ့အင်အားဆိုင်ရာ စာရင်းဇယားကောက်ယူထိန်းသိမ်းရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ကြရသူများဖြစ်ပါကြောင်း၊ ပြည်သူကို ဝန်ဆောင်မှုပေးရသည့် ဌာနများဖြစ်သည်နှင့် အညီ ပြည်သူအပေါ်စေတနာထားကာ ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအားလုံးသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်ကို သစ္စာစောင့်သိ ရိုသေကာ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများကလည်း မိမိလက်အောက်ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် လုပ်ငန်းဆိုင်ရာတွေ့ကြုံသည့် အခက်အခဲများကိုလည်း အချိန်နှင့် တစ်ပြေးညီ အဆင့်ဆင့် တင်ပြဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.