ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၊ ဝန်ထမ်းများ တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၊ ဝန်ထမ်းများ တပျော်တပါး စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေး။

နေပြည်တော်၊ ဇွန် ၁၅။

ဥတုရာသီတောကိုမှီဆိုသကဲ့သို့ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိနိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြေ သာယာလှပရေးစသည့် ရည်ရွယ်ချက်များဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၅ ရက်၊ ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆိုင်ရာ ရုံးအမှတ် (၅၁) ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးအမှတ် (၄၈) နှင့် လူမှုဖူလုံရေးရုံးပတ်ဝန်းကျင်တို့၌ (၃)နေရာခွဲ၍ကျင်းပရာ ရှေးဦးစွာ အလုပ်သမားရေးရာဆိုင်ရာ ရုံးအမှတ် (၅၁) ရုံးရှေ့သတ်မှတ် နေရာ၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ခရေပင်ကို စတင်စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ညွှန်ကြားရေးမှူးချုပ်များ ၊ ဝန်ထမ်းများကသတ်မှတ်နေရာအသီးသီး၌ သစ်ပင်ပျိုးပင် (၈၀) ပင် ကိုစိုက်ပျိုးပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးအမှတ်(၄၈)သို့သွားရောက်ကာ သတ်မှတ်နေရာ၌ ရေတမာပင်ကို စိုက်ပျိုးပေးပြီး ဒုတိယ ဝန်ကြီး ဦးဌေးလှိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက သစ်ပင်ပျိုးပင်များ စိုက်ပျိုးပေးကြပြီးနောက် သတ်မှတ်နေရာအသီးသီး၌ ဝန်ထမ်းများ၏ သစ်ပင်ပျိုးပင်(၂၉၀) ကျော် ကို တပျော်တပါးစုပေါင်းစိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လူမှုဖူလုံရေးအဖွဲ့ရုံးသို့ သွားရောက်၍ သတ်မှတ် နေရာတွင် ကုက္ကိုလ်ပင်ကို စိုက်ပျိုးပေးပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၏ သစ်ပင်ပျိုးပင် (၄၀) ပင် စုပေါင်းစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါဝန်ကြီးဌာန၏ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရေ၊ ကုက္ကိုလ်၊ ရေတမာ၊ တမာ၊ ကံ့ကော်၊ ယင်းမာ၊ မဟော်ဂနီ၊ မဥ္ဇူသက၊ အာသောက၊ ပနာမားငု၊ ထိုင်ဝမ်ဘန်ဒါ၊ မကျည်း၊ သရက်၊ ပိန္နဲ၊ မာလကာ၊ ကြောင်ရှာ၊ ဇီး၊ ဒန့်သလွန်၊ သနပ်ခါး၊ ယုဇန၊ ရွက်လှ စသည့် နှစ်ရှည်ပင်၊ စားပင်၊ သီးပင်၊ ပန်းအလှပင် စုစုပေါင်း သစ်ပင်ပျိုးပင် (၄၀၀) ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြ ကြောင်းသတင်းရရှိသည်။

Sorry, the comment form is closed at this time.