ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်း ခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲတက်ရောက်၊ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝစေရေး အတွက် အစဉ်လေ့လာသင်ယူကြရေး ရှင်းလင်းပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားရေးရာဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်း ခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) ဖွင့်ပွဲတက်ရောက်၊ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝစေရေး အတွက် အစဉ်လေ့လာသင်ယူကြရေး ရှင်းလင်းပြောကြား။

နေပြည်တော်၊ ဇွန် ၂၁ ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ ဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်းဖွင့်ပွဲကို ဇွန်လ (၂၁)ရက်၊ ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ သင်တန်းနည်းပြများ၊ နေပြည်တော်ရုံးချုပ်မှ သင်တန်းသားများနှင့် virtual စနစ်ဖြင့် တက်ရောက်ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ရုံးများမှ သင်တန်းသားများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် အလုပ်သမားရေးရာကိစ္စရပ်များကို ရည်မှန်းချက် တာဝန် (၉) ရပ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေပါကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် အလုပ်သမား ရေးရာဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်စေရေးနှင့် ရုံးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရေးတို့အတွက် ယခုကဲ့သို့မွမ်းမံသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ပါ ကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉)ရပ် ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည်များ ကိုလည်း ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် သင်တန်းအမှတ်စဉ် (၁/၂၀၂၁) ကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့မှ အရာထမ်း၊ အမှုထမ်း သင်တန်းသား (၇၅) ဦးတို့ဖြင့် ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်သည့်မွမ်းမံ သင်တန်းများ၊ အသိပညာပေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ASEAN LABOUR MINISTERS’ (ALM) Work Programme 2021-2025 ကို ပံ့ပိုးပေးရာ ရောက်သည့်အပြင် သင့်လျော်ကောင်းမွန်ပြီး လုံခြုံမှုရှိသော လုပ်ငန်းခွင် ဆက်ဆံရေး စနစ်များ တိုးမြှင့်နိုင်မည်ဖြစ်ပါကြောင်း၊ အလုပ်သမားရေးရာဆိုင်ရာ ဝန်ထမ်းများသည် အလုပ်သမားများ၏ အကျိုးခံစားခွင့်ကို ကာကွယ်စောင့်ရှောက်ကြရပြီး အလုပ်သမားများ၏ ရပိုင်ခွင့် ကို ပြည့်ပြည့်ဝဝရရှိနိုင်ရေးအတွက် ဥပဒေနှင့်အညီ ကြိုးပမ်းဖော်ဆောင်ပေးနေကြသူများ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို စနစ်တကျ တက်ကျွမ်းနားလည်မှသာ အလုပ်သမားများ၏ အကျိုးအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေး နိုင်မည်ဖြစ်ပါကြောင်း၊ ယခုအခါ စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်များမှ အလုပ်သမားများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုယ်စီရရှိနိုင်ရေးအတွက်လည်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်နေသည့် လူဝင်မှု့ကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် Covid -19 ကပ်ရောဂါ ဖြစ်ပွားမှုသည်လည်း သိသိသာသာမြင့်တက်လျက်ရှိခြင်း ကြောင့် ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်ကြရန်လည်း အရေးကြီးပါကြောင်း၊ သင်တန်းမှ ပို့ချမည့်ဘာသာရပ်များအပေါ် လက်တွေ့ လုပ်ငန်းခွင် အတွေ့အကြုံများနှင့် နှိုင်းယှဉ်၍ လုပ်ငန်းစွမ်းဆောင်ရည် ပြည့်ဝနေစေရေးအတွက် အစဉ်လေ့လာသင်ယူကာ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းသို့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမား ရေးရာဆက်ဆံရေးဦးစီးဌာနတို့ရှိ နေပြည်တော်ရုံးချုပ်မှ အင်အား (၂၀)နှင့် တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ ရုံးများမှ virtual စနစ်ဖြင့် တက်ရောက်မည့်အင်အား (၇၂) ဦး၊ စုစုပေါင်း အရာထမ်း၊ အမှုထမ်း သင်တန်းသား (၉၂) ဦး တက်ရောက်၍ သင်တန်းကာလမှာ ရက်သတ္တတစ်ပတ်ကြာမြင့် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.