ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲတက်ရောက်၊ လုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းကြရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲတက်ရောက်၊ လုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းကြရန်မှာကြား။

နေပြည်တော်၊ ဇွန် ၂၃ ။

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲကို ဇွန်လ (၂၃) ရက် ၊ ယနေ့နံနက် (၁၀)နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနား သို့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ ၊ NSSA မှ တာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ်ရေးနှင့်ပတ်သက်သည့် ကော်မတီအသီးသီးမှတာဝန်ရှိသူများ၊ ကျွမ်းကျင် လုပ်သားများတက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန် ယူစဉ် ပထမဆုံးအကြိမ်ကျင်းပသည့် အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲဖြစ်ပါကြောင်း၊ ယခုအချိန် တွင် COVID-19 ကပ်ရောဂါဖြစ်ပွားနေချိန် ရောဂါကူးစက်ပျံ့ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေး၊ လုပ်သားများ၏ အလုပ်အကိုင်ဆိုင်ရာ အခွင့်အလမ်းများမထိခိုက်စေရေး၊ အချိန်ကုန်သက်သာစေရေး တို့အတွက် နေပြည်တော်တွင်တာဝန်ထမ်းဆောင်နေသည့် ကိုယ်တိုင်တက်ရောက်နိုင်သူများကိုသာ ဖိတ်ကြား၍ ရပ်ဝေးရှိသူများအား Online မှတစ်ဆင့် Virtual စနစ်ဖြင့် ဆောင်ရွက်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားတွင် ကိုယ်စားလှယ်များဖြင့် ပေးအပ်လိုက်သည့် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ NSSA နည်းပညာ အထောက်အကူပြုရုံးများ၊ သက်ဆိုင်ရာ Assessment Center များမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများ ထံသို့ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ အမျိုးသား အဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များပေးအပ်ခဲ့ရာ ယခုအထိ အလုပ်အကိုင် (၃၀)မျိုးအတွက် အရည်အချင်းပြည့်မီသူ ကျွမ်းကျင်လုပ်သား (၁၆၆၃၆) ဦးရှိခဲ့ပြီး၊ ကျွမ်းကျင်လုပ်သား(၁၄၃၆၃)ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ် ပြုလက်မှတ်များပေးအပ်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း NSSA အနေဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးကို ခေတ္တရပ်နားထားခဲ့ရပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်သား (၃၀၀၀) ဦး စစ်ဆေးအကဲဖြတ်ဖို့ လျာထားမှုအပေါ် (၁၃၆) ဦးကိုသာ စစ်ဆေးပေးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှစ် ကျန်ရှိသည့် (၃) လတာ အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေး အကဲဖြတ်မှုလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယခုအခါ ကမ္ဘာ့အလုပ်အကိုင်ပြောင်းလဲမှုများအရ အလုပ်ရှင်များအနေဖြင့် စက်စွမ်းအားကို ဒီဂျစ်တယ် နည်းပညာများအသုံးပြု၍ လုပ်ငန်းများလည်ပတ်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လုပ်သား များအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်မှုအရည်အချင်းကို ခေတ်နှင့် လျော်ညီအောင် ကျွမ်းကျင်တတ်မြောက်ထားရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြောင်းလဲ လာသည့် ကမ္ဘာ့အလုပ်အကိုင်များနှင့်အညီ လုပ်ငန်းခွင်အတွင်းရှိ လုပ်သားများအား ဘဝတစ်သက် တာ လေ့ကျင့်သင်ကြားရေး၊ လုပ်သားဈေးကွက်လိုအပ် ချက်နှင့်ကိုက်ညီသည့် ကျွမ်းကျင်မှု “စံ”များ ရေးဆွဲနိုင်ရေး၊ ဒီဂျစ်တယ်နည်းပညာတတ်မြောက်ရေးနှင့် အမျိုးမျိုးသော ပေါင်းစပ်သင်ကြားမှုပုံစံ စသည့်နည်းလမ်းများကိုအသုံးပြု၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ အားလုံးကပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ NSSA အနေဖြင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရာတွင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်မည့် အလုပ်အကို်ငအခွင့်အလမ်းများ ဖော်ဆောင်ပေး နိုင်ရေးနှင့် ကျွမ်းကျင်လုပ်သားများဖြင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေးတို့အတွက် လုပ်ငန်းခွင် တွင် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများကို နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးမူဝါဒနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် NSSA ၏ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ရရှိထားသည့် ကျွမ်းကျင်လုပ်သားများအနေဖြင့် မိမိတို့ရရှိထားသည့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ကို တန်ဖိုး ထားပြီး ခေတ်နှင့်အညီပြောင်းလဲတိုးတက်လာသည့် ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် လေ့လာ သင်ယူကြရန်လိုအပ်ပါကြောင်း၊ လုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးက တက်ညီ လက်ညီလက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို Inspector ၊ Assessor ၊ Assessment Center နှင့် ကျွမ်းကျင် လုပ်သားများကိုယ်စား ကိုယ်စားလှယ်အသီးသီးထံပေးအပ်ကြသည်။
ထို့နောက် အလုပ်ရှင်များကိုယ်စား မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးအေးလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါအခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှုအဆင့် (၁) အလုပ်အကိုင် (၁၇) မျိုးတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျွမ်းကျင်လုပ်သား (၁၀၁၄) ဦးနှင့် ကျွမ်းကျင်မှု အဆင့်(၂) အလုပ်အကိုင် (၃) မျိုးတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျွမ်းကျင် လုပ်သား (၅၉) ဦး ၊ စစ်ဆေး အကဲဖြတ်ရေးဌာန (၃)ခု၊ Inspector (၅)ဦးနှင့် Assessor (၃၅)ဦးတို့ကို ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ Online မှတစ်ဆင့် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.