ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီနားမြို့ရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးများအားလှည့်လည်စစ်ဆေး၍ လိုအပ်သည်များမှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြစ်ကြီနားမြို့ရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးများအားလှည့်လည်စစ်ဆေး၍ လိုအပ်သည်များမှာကြား။

နေပြည်တော်၊ ဇူလိုင် 4 ။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ 3 ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရုံးများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ကချင်ပြည်နယ်ဦးစီးမှူးရုံးသို့ ရောက်ရှိပြီး ရုံးခန်းများအခြေအနေနှင့် ရုံးပတ်ဝန်းကျင် အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဧရာရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံး အဆောက်အဦ အခြေအနေနှင့် မြစ်ကြီးနားမြို့နယ် ဦးစီးမှူးရုံး၏ မှတ်တမ်းခန်း အခြေအနေတို့ကိုလည်းကောင်း၊ အလုပ်သမားရေးရာဆိုင်ရာ ပြည်နယ် နှင့် မြို့နယ်လူမှုဖူလုံရေးအဖွဲ့ ရုံးအဆောက်အဦ၊ ရုံးခန်းများအခြေအနေနှင့် လူမှုဖူလုံရေး၊ မြတ်မွန် အထွေထွေရောဂါကုဆေးခန်း တို့ကိုလည်းကောင်း၊ ကချင်ပြည်နယ်နှင့် မြစ်ကြီးနားမြို့နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရုံးခန်းများနှင့် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး အဆောက်အဦအခြေအနေတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရုံးဖွင့်လှစ်ဆောင်ရွက်မှုနှင့် ရုံးအဆောက်အဦများ အခြေအနေကို လိုက်လံရှင်းလင်းတင်ပြကြပြီး၊ ပြည်ထောင်စုဝန်ကြီးက ရုံးသန့်ရှင်းသာယာလှပရေး၊ ရုံးစာရွက်စာတမ်းများ လုံခြုံရေး၊ ရုံးဝန်း အတွင်း ပြည်သူများ ခေတ္တနားနေဆောင်များစီစဉ်ပေးရေး၊ COVID-9 ကူးစက်မြန်ရောဂါ တားဆီး ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ဆောင်ရွက်ကြရေး မှာကြား၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။

Sorry, the comment form is closed at this time.