ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ လုပ်ခ လစာ ပေးချေနိုင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးညှိနှိုင်း အစည်း အဝေးတက်ရောက်၊ စက်မှုဇုန်ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ လုပ်ခ လစာ ပေးချေနိုင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးညှိနှိုင်း အစည်း အဝေးတက်ရောက်၊ စက်မှုဇုန်ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေး။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃ ။

အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ လုပ်ခလစာပေးချေနိုင်ရေးနှင့် စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၂၃) ရက်၊ မွန်းလွဲ (၂) နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ နှင့်အညီ တက်ရောက်ကြပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ မင်္ဂလာဒုံ၊ ဒဂုံ (အရှေ့ပိုင်း) ၊ ဒဂုံ (တောင်ပိုင်) ၊ ဒဂုံ (ဆိပ်ကမ်း) စသည့် စက်မှုဇုန်များနှင့် ရွှေလင်ပန်း၊ ငွေပင်လယ်၊ ဝါးတရာ၊ ပျဉ်းမပင်၊ ရွှေပေါက္ကံစသည့် စက်မှုဇုန်များမှ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာ တွင် ယခုအစည်းအဝေးကို COVID-19 ရောဂါအခြေအနေကြောင့် Online က ပြုလုပ်ရခြင်း ဖြစ်ပါ ကြောင်း၊ အားလုံးသိရှိပြီးဖြစ်သည့်အတိုင်း တပ်မတော်က နိုင်ငံတော်ကို အရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စသည့်အာဏာအရပ်ရပ် ကို ဖေဖော်ဝါရီလ (၁) ရက်မှစတင်၍ လွှဲပြောင်းတာဝန်ယူလိုက်ပြီဖြစ်ပါကြောင်း၊ ယင်းကဲ့သို့ နိုင်ငံရေးအခြေအနေ လတ်တလောပြောင်းလဲမှုများကြောင့် ဆူပူဆန္ဒပြမှုအချို့ရှိခဲ့ပြီး နိုင်ငံ့ ဝန်ထမ်းများအား CDM လှုပ်ရှားဆောင်ရွက်မှုတွင် ပါဝင်လာရေးလှုံ့ဆော်မှုများလည်း ရှိပါ ကြောင်း၊ အလားတူ စက်ရုံ၊အလုပ်ရုံများရှိ အလုပ်သမားများကိုလည်း CDM လှုပ်ရှားမှုတွင် ပါဝင်အောင်လှုံ့ဆော်စည်းရုံးမှုများရှိပါကြောင်း၊ ထို့ကြောင့် စက်ရုံ၊အလုပ်ရုံများသည် လုပ်ငန်းများ ရပ်ဆိုင်းမှုများရှိသည့်အတွက် ကုန်ထုတ်လုပ်မှုများ လျော့နည်းကျဆင်းခဲ့ရပါကြောင်း၊ အလုပ်ရှင် များလည်း ထိခိုက်နစ်နာမှုများရှိသကဲ့သို့ အလုပ်သမားများလည်း လုပ်ခလစာမရရှိကြဘဲ စားဝတ်နေရေးခက်ခဲကြပ်တည်းမှုများ ဖြစ်ပေါ်ခဲ့ကြပါကြောင်း၊ ယင်းသို့ အရေးပေါ်ကာလ အတွင်း CDM လှုပ်ရှားဆောင်ရွက်မှုများတွင် အလုပ်သမားများ ပါဝင်မှုရှိသဖြင့် စက်ရုံ၊အလုပ်ရုံ များ လည်ပတ်ရန်ခက်ခဲမှုများရှိလာပြီး ဆက်လက်လည်ပတ်ဆောင်ရွက်နေသည့် စက်ရုံ၊အလုပ်ရုံ များမှ အလုပ်သမားများအား အလုပ်သမားဥပဒေနှင့်အညီ လုပ်ခလစာများပေးချေနိုင်ရေးနှင့် အလုပ်သမားများ CDM တွင် ပါဝင်ခြင်းမရှိစေရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ နိုင်ငံအတွင်းရှိ စက်ရုံ ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်မှသာ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာပြီး နိုင်ငံ၏စီးပွားရေးကဏ္ဍသည်လည်း တိုးတက်မြင့်မား လာမည်ဖြစ်ပါကြောင်း၊

ယခုအချိန်တွင် CDM လှုပ်ရှားမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ယင်းတို့နှင့်ဆက်စပ်၍ စက်ရုံ၊ အလုပ်ရုံများ၌ ကုန်ကြမ်းပြတ်လပ်ခြင်း၊ အမှာစာမရရှိခြင်း၊ အရှုံးပေါ်ခြင်း၊ စက်ရုံ၊အလုပ်ရုံများ ယာယီပိတ်သိမ်းခြင်း၊ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ခြင်း၊ ကားလမ်းပိတ်ဆို့ခြင်း၊ အလုပ်သမားအဖွဲ့ အစည်းခေါင်းဆောင်အချို့မှ ဦးဆောင်၍ စက်ရုံပေါက်မှ စောင့်ကာ အလုပ်ဆင်းရန်လာရောက် သည့် အလုပ်သမားများအား အလုပ်မဆင်းရန် တားဆီးနှောင့်ယှက်ခြင်းများ ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရှိရပါကြောင်း၊ စက်ရုံအချို့တွင် အလုပ်သမားများက ယခုလကုန်အထိ ပိတ်ထားပေး ရန်တောင်းဆိုသည့်အတွက် အလုပ်ရှင်များက လစာမဲ့ခွင့်များ ခွင့်ပြုပေးခြင်း၊ Day ကြေးဖြင့် အလုပ်ပိတ်ပေးခြင်းများလည်း ရှိခဲ့ပါကြောင်း၊ ဆန္ဒပြမှုများတွင် မပါလိုပဲ စက်ရုံ၌ အေးချမ်းစွာ အလုပ်လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများလည်းရှိနေခြင်းကြောင်း ၎င်းတို့၏ စားဝတ်နေရေး အခက်အခဲအကြပ်အတည်းများ မဖြစ်ပေါ်စေရေးအတွက် လုပ်အားခပေးချေရမည့် သတ်မှတ် ကာလအပိုင်းအခြားအတွင်း အလုပ်ရှင်များက လုပ်ခလစာပေးချေနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ (၃၀-၉-၂၀၂၀) ရက်နေ့အထိ ကောက်ယူခဲ့သည့်စာရင်းများအရ စက်ရုံ၊ အလုပ်ရုံပေါင်း (၇၁၉၇) ရုံတွင် ကျား (၁၉၂၆၀၅) ဦး၊ မ (၄၉၇၅၇၃) ဦး ၊ ပေါင်း (၆၉၀၁၇၈) ဦးရှိသည့်အနက်အမှာ CDM လှုပ်ရှားမှုများ နှင့်ဆက်စပ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ (၂၂-၂-၂၀၂၁) ရက်နေ့အထိ ကာလတိုရက် သတ်မှတ်ချက်အဖြစ်ပိတ်သိမ်းသည့် စက်ရုံ၊ အလုပ်ရုံ (၅၇) ရုံရှိကြောင်း သိရှိရပြီး အများစုမှာ (CMP) ကုန်ကြမ်းပေး ကုန်ချောယူ လက်ခစားများလုပ်ငန်းများဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (COVID-19) ကြောင့်လည်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ (၂၀-၂-၂၀၂၁) ရက်နေ့အထိ တင်ပြလာသည့် စာရင်းများအရ စက်ရုံအပြီးပိတ်သိမ်းခြင်း၊ ယာယီ ပိတ်သိမ်းခြင်းနှင့် အင်အားလျှော့ချခြင်းတို့ကို ဥပဒေနှင့်အညီ အပြီးသတ်ဆောင်ရွက်ပြီးစီးခဲ့သည့် စက်ရုံ၊ အလုပ်ရုံစုစုပေါင်း (၃၂၇) ရုံမှ လုပ်သားအင်အားလျှော့ချမှု (၁၀၀၀၃၄) ဦးပိတ်သိမ်းခြင်း နှင့် အင်အားလျှော့ချခြင်းတို့ကို ဥပဒေနှင့်အညီ အပြီးသတ်ဆောင်ရွက်ပြီးစီးခြင်းမရှိသည့် စက်ရုံ၊ အလုပ်ရုံစုစုပေါင်း (၆၅) ရုံမှ လုပ်သားအင်အားစုစုပေါင်း (၁၈၅၈၉) ဦးဖြစ်သည့်အတွက် ယာယီ အားဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားဦးရေစုစုပေါင်း (၁၁၈၆၂၃) ဦးရှိကြောင်း၊ ခန့်မှန်းနိုင်ပါကြောင်း၊ ယင်းတို့အနက် မြန်မာနိုင်ငံသားပိုင် (၁၅၃) ရုံနှင့် နိုင်ငံခြားသားပိုင် (၂၃၉) ရုံ စုစုပေါင်း စက်ရုံ၊အလုပ်ရုံ (၃၉၂) ရုံတို့ဖြစ်ပြီး အလုပ်အကိုင်အမျိုးအစားများအနေနဲ့ ကုန်ကြမ်း ပေးကုန်ချောယူ လက်ခစားစနစ် ( CMP) လုပ်ငန်းများဖြစ်သည့် အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ် စက်ရုံ၊ အိတ်ချုပ်စက်ရုံနှင့် အခြားစက်ရုံများဖြစ်ပါကြောင်း၊ သို့ရာတွင် ယင်းကာလအတွင်း (၂၂-၂-၂၀၂၁) ရက်နေ့အထိ အသစ်ဖွင့်လှစ်ခဲ့သည့် စက်ရုံ၊အလုပ်ရုံ (၁၅၁) ရုံနှင့် ပြန်လည်ဖွင့်လှစ် ခဲ့သည့်စက်ရံ၊ အလုပ်ရုံ (၄၈) ရုံ စုစုပေါင်း (၁၉၉) ရုံရှိခဲ့ပြီး မြန်မာနိုင်ငံသားပိုင် (၅၅)ရုံ၊ နိုင်ငံခြား သားပိုင် (၁၄၃) ရုံနှင့် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား (ဖက်စပ်) ပိုင် (၁) ရုံတို့ ဖြစ်ပြီး အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ အိတ်ချုပ်စက်ရုံနှင့် အခြားစက်ရုံများဖြစ်ရာ လုပ်သားအင်အား စုစုပေါင်း (၃၇၂၇၈) ဦးမှာ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရရှိခဲ့သည်ဟု ဆိုနိုင်ပါကြောင်း၊ (၃-၉-၂၀၂၀) ရက်မှ (၂၂-၂-၂၀၂၁) ရက်နေ့အထိ COVID-19 ရောဂါကူးစက်သည့် စက်ရုံ၊ အလုပ်ရုံ (၅၂၅) ရုံ၊ဆိုင်၊ အလုပ်ဌာန(၁၉၆) ဆိုင် ပေါင်း (၇၂၁) ဦးတို့မှာ COVID-19 ရောဂါ အတည်ပြုလူနာ (၁၈၇၆) ဦး တွေ့ရှိခဲ့ပြီး Quaratine ဝင်ရောက်သူ (၄၂၀၀) ဦး ကျန်ရှိနေကြောင်းလည်း သိရှိရပါ ကြောင်း၊ ယခုကာလအတွင်းဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ဆက်နွယ်ပြီး စက်ရုံ၊ အလုပ်ရုံ များသည် ကာလတိုပိတ်သိမ်းမှုများ ၊ အလုပ်သမားအချို့မှာလည်း CDM လှုပ်ရှားမှုနှင့် ပတ်သက် ဆက်နွယ်ဆောင်ရွက်နေမှုများရှိသည်ကို တွေ့ရှိရခြင်းကြောင့် စက်ရုံ၊ အလုပ်ရုံများ၏ လုပ်ငန်း ခွင်အတွင်း တည်ငြိမ်အေးချမ်းမှုရှိရန်နှင့် လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက် လည်ပတ် နိုင်ရေး၊ ဈေးကွက်အတွင်း ကုန်စည်စီးဆင်းမှုများ ပုံမှန်ရှိစေရေးအတွက် အားလုံးက ဝိုင်းဝန်း ထိန်သိမ်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ထို့ပြင် အလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် အကြပ်အတည်းများမဖြစ်ပေါ်စေရေးကိုလည်း ထည့်သွင်းစဉ်းစား ကာ ၎င်းတို့၏ လုပ်ခလစာများကို ဥပဒေနှင့်အညီ သတ်မှတ်ကာလအတွင်း အချိန်မီထုတ်ပေးနိုင် ရန်လိုအပ်ပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများနှင့်ဆက်စပ်၍ လက်ရှိလုပ်ငန်းခွင် တည်ငြိမ်အေးချမ်းမှုများကို အဟန့်အတားမဖြစ်စေရေး၊ အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့် များကို အလုပ်ရှင်၊ အလုပ်သမားများ အချင်းချင်းအပြန်အလှန်နားလည်ယုံကြည်မှုဖြင့် ဝိုင်းဝန်း ထိန်းသိမ်းကာ မိမိတို့လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်လုပ်မှုများ ပုံမှန်လည်ပတ်နိုင် ရေးနှင့် အလုပ်ခွင်တည်မြဲနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိဝန်ကြီး ဌာနအနေဖြင့် ယခုကာလအတွင်း အလုပ်သမားများ ကြုံတွေ့နေရသည့်အခက်အခဲများကို အချိန်နှင့်တစ်ပြေးညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးနှင့် အလုပ်သမားများ၏ ဥပဒေပါရပိုင်ခွင့် များ မှန်မှန်ကန်ကန်နှင့် အပြည့်အဝရရှိစေရေးကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများကလည်း စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် အလုပ်သမားများအခွင့်အရေးကို အလေးထားဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ အသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား ယခုကဲ့သို့ တွေ့ဆုံညှိနှိုင်းရခြင်းဖြစ်ပါကြောင်း၊ စက်မှုဇုန်ဥက္ကဋ္ဌများအနေဖြင့် စက်ရုံ၊အလုပ်ရုံများ ပြန်လည် လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလိုအပ်ချက်များ ၊ လုပ်ငန်းအခက်အခဲများနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများကို ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးပေးကြစေလိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက တိုင်းဒေသ ကြီးအတွင်းရှိ စက်မှုဇုန်အသီးသီး၌ စက်ရုံ၊အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေးနှင့် အလုပ်ရှင်၊အလုပ်သမား ဆက်ဆံရေးတိုးတက်ကောင်းမွန်ရေး ၊ အလုပ်သမားများ CDM လှုပ်ရှား မှုတွင် မပါဝင်စေရေးတို့အတွက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ UMFCCI မှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အလုပ်ရှင်ကိုယ်စားလှယ် များက စက်ရုံ၊ အလုပ်ရုံများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုအပ်ချက်များကိုလည်းကောင်း ၊ စက်မှုဇုန်အသီးသီးမှ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များက အလုပ်သမားများ အလုပ်ခွင်ရေရှည်တည်မြဲရေးနှင့် စက်မှုဇုန် အလိုက် လုပ်ငန်းလိုအပ်ချက်များ၊ လုပ်ငန်းအခက်အခဲများကိုလည်းကောင်း အသီးသီးရှင်းလင်း တင်ပြဆွေးနွေးကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ တိုင်းကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက သတင်းရရှိသည်။

Sorry, the comment form is closed at this time.