ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ “ဝ” အထူးဒေသ မိုင်းမောနှင့် နမ့်တစ်မြို့နယ်အတွင်း ပန်းခင်း စီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲများ တက်ရောက်၊ နိုင်ငံသားအခွင့်အရေး၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့်အခွင့်အရေး အပြည့်အဝရရှိနိုင်မည့် အထောက်အထားဖြစ်၍စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန် ပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ “ဝ” အထူးဒေသ မိုင်းမောနှင့် နမ့်တစ်မြို့နယ်အတွင်း ပန်းခင်း စီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်

နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲများ တက်ရောက်၊ နိုင်ငံသားအခွင့်အရေး၊ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့်အခွင့်အရေး  အပြည့်အဝရရှိနိုင်မည့် အထောက်အထားဖြစ်၍စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းရန် ပြောကြား။

နေပြည်တော်၊ ဇန်နဝါရီ ၁၅ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) “ဝ” အထူးဒေသအတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲများကို ဇန်နဝါရီလ ၁၅ ရက်က “ဝ”အထူး ဒေသအတွင်းရှိ မိုင်းမောနှင့် နမ့်တစ်မြို့တို့၌ အသီးသီးကျင်းပရာ အခမ်းအနားများသို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ ဦးညီနပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ “ဝ”အထူးဒေသအုပ်ချုပ်ရေးအဖွဲ့မှ တိုင်းရင်းသားခေါင်းဆောင်များနှင့်  တာဝန်ရှိ သူများ၊ “ဝ”တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက် ကြသည်။

          ရှေးဦးစွာ “ဝ” အထူးဒေသ၊ မိုင်းမောမြို့နယ်ခန်းမ၌ အခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးခြင်း လုပ်ငန်းကို ခေတ်အဆက်ဆက် စီမံချက်များ ရေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ယခု အခါ  “ဝ” အထူးဒေသတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ ပန်းခင်းစီမံချက်သည် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ရာ ယခုအခါ နိုင်ငံ တစ်ဝန်း ရာနှုန်းပြည့်နီးပါး ထုတ်ပေးဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်ရန် ကျန်နေသေးသည့် “ဝ” အထူးဒေသနှင့် ယခုနှစ်အတွင်း အသက်(၁၆) နှစ်ပြည့်လာမည့် နိုင်ငံသား များအတွက် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသား ကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်သည့် အထောက် အထားတစ်ခုဖြစ်ပြီး လူမှုဘဝဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သည့် ကတ်ပြားတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်ရရှိပြီးသည့် နိုင်ငံသားတစ်ဦးအနေဖြင့်လည်း နိုင်ငံသားတစ်ဦး၏ တာဝန်ကို ကျေပွန်ကြရန်လိုအပ်ပြီး ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ပန်ဆင်ထားကြရန်လိုကြောင်း၊  ရရှိပြီးသော နိုင်ငံသားကတ်ပြားများကိုလည်း ပျက်စီးပျောက်ဆုံးမှုမရှိစေရေး  စနစ်တကျကိုင်တွယ် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ပေးရန် ကျန်ရှိနေသေးသည့် “ဝ”အထူး ဒေသအတွင်းရှိ မြို့နယ်များကိုလည်း နိုင်ငံသားကတ်ပြားထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သဖြင့် တာဝန်ရှိသူများနှင့် ‌ဒေသခံတိုင်းရင်းသားများက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြစေလိုကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်း ပန်းခင်း စီမံချက် ဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီးနောက် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် မိုင်းမောမြို့နယ်အတွင်း ကွင်းဆင်း ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၉၇၅) စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၈၈)ကတ်တို့ကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ “ဝ”အထူးဒေသမှ အထွေထွေအတွင်းရေးမှူး ဦးတာ့ပေါင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဒေသခံ ကိုယ်စားလှယ် များထံ အသီးသီးပေးအပ်ကြသည်။

          ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုအတွက် “ဝ” အထူးဒေသမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက မိုင်းမော မြို့နယ်အတွင်း ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်ပေးသည့် ဝန်ထမ်းများအား စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကာ  အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တက်‌ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေး ကြသည်။

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်မတော်ရဟတ်ယာဉ်ဖြင့် မိုင်းမော မြို့မှ နမ့်တစ်မြို့သို့ထွက်ခွာ၍ နမ့်တစ်မြို့ မြို့နယ်ခန်းမ၌ကျင်းပသည့် ပန်းခင်းစီမံချက်အဆင့်(၂) ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲသို့ တက်ရောက်ကြပြီး အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားကတ်၏ အသုံးဝင်တန်ဖိုးနှင့် နိုင်ငံသား တစ်ဦး၏ နိုင်ငံတော်အပေါ် ကျေးဇူးသစ္စာစောင့်သိကြရန် လိုအပ်မှု၊ နိုင်ငံသားကတ်အား စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အကျယ်တဝင့်ရှင်းလင်း အမှာစကား ပြောကြားပြီး  ပြည်နယ်ဝန်ကြီးချုပ်က နမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက် ဆောင်ရွက်ပြီးစီးမှု နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် နမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂) ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း (၂၉၄၁) စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၇၁၅) ကတ်တို့ကို  ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒေသခံတိုင်းရင်းသားအဖွဲ့မှ ဦးအိုက်ရုန်းနှင့် တာဝန်ရှိသူများက ‌ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များထံ အသီးသီးပေးအပ်ကြသည်။

          ယင်းနောက် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုအတွက် “ဝ” အထူးဒေသအဖွဲ့ မှ ဦးလူကြာရှင်းက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ပြီး နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကြသည်။

          အဆိုပါအခမ်းအနားများတွင် မိုင်းမောနှင့် နမ့်တစ်မြို့နယ်အတွင်း ပန်းခင်းစီမံချက် အဆင့်(၂) ဖြင့် စုစုပေါင်းအိမ်ထောင်စုလူဦးရေစာရင်း (၃၉၁၆)စောင်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၃၀၃) ကတ်တို့ကို ကွင်းဆင်းဆောင်ရွက်ထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် “ဝ” အထူးဒေသအတွင်း ဆောင်ရွက် ရန်ကျန်ရှိသည့် မြို့နယ်များသို့လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ဆက်လက်ကွင်းဆင်းဆောင်ရွက်ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.