ပြည်သူလူထုထံအသိပေးအကြောင်းကြားခြင်း

ပြည်သူလူထုထံအသိပေးအကြောင်းကြားခြင်း
၁။ မွေးရာပါနိုင်ငံသားများအတွက် မိုးပွင့်စီမံချက်များဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းအားတစ်နေရာတည်းတွင် ဖြေလျော့ခြင်းများဖြင့် ၁.၇.၂၀၁၁မှ
၃၁.၅.၂၀၁၃ထိမိုးပွင့်စီမံချက်အဆင့်(၁)မှအဆင့်(၅)ထိနိုင်ငံတစ်ဝန်း ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။

၂။ ယခုအခါပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်း၏ ဒုတိယအဆင့်ဖြစ်သော မြေပြင် ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းပြီးစီးပြီဖြစ်၍မိုးပွင့်အဆင့်(၆)စီမံချက်အား (၁၇.၇.၂၀၁၄) ရက်နေ့တွင်                     ပြန်လည်စတင်မည်ဖြစ်ပြီးတစ်လတွင်(၂)ရက်သတ်မှတ် ကွင်းဆင်းဆောင်ရွက် မည်ဖြစ်၍ ကျန်ရက်များအားမြို့နယ်ရုံး၌ ဆောင်ရွက်ပေးသွားပါမည်။

၃။ သွေးနှောပြည်သူများအတွက် အခြေခံမှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်ချက်အရ မြို့နယ်ရုံးများတွင်သာဆောင်ရွက်ပေးနေပါသည်။

၄။မိမိဝန်ထမ်းများနှင့်အတူနော်ဝေနိုင်ငံအခြေစိုက်(Norwegian Refugee Council – NRC) အဖွဲ့မှလည်းကရင်ပြည်နယ်(၇)မြို့နယ်၊ ကယားပြည်နယ်(၇)မြို့နယ်၊ ရှမ်းပြည်နယ်၊                           ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်နှင့်ပဲခူးတိုင်းဒေသကြီး(အရှေ့)ကျောက်ကြီးနှင့်ရွှေကျင် ရှိစီမံကိန်းစမ်းသပ်နယ်မြေဒေသ၊မွန်ပြည်နယ်(၃)မြို့နယ် တနင်္သာရီတိုင်းဒေသကြီး(၁၀)မြို့နယ်         တို့တွင်စာချုပ်ချုပ်ဆိုပြီးသည့်နေ့မှစ၍ One Stop Service ဖြင့် အခမဲ့ကွင်းဆင်းဆောင်ရွက် ပေးလျှက်ရှိပါသည်။

၅။ဤဝန်ကြီးဌာန၏ကွင်းဆင်းဆောင်ရွက်မှုများအပေါ်သိရှိလိုသည်များ၊ ကျေလည်မှုမရှိသည် များ၊ လွဲချော်နေသည်များရှိပါကနေပြည်တော်ဦးစီး(ရုံးချုပ်)ဖုန်းနံပါတ် ၀၆၇ – ၄၃၁၀၁၆ နှင့် ၀၆၇ – ၄၃၁၀၄၅သို့             လူကိုယ်တိုင်တိုက်ရိုက်တိုင်ကြားနိုင်ပါသည်။ ကာယကံရှင်အားပြန်လည် ရှင်းလင်းအသိပေးနိုင်ရန်အတွက် တိုင်ကြားသူ၏လိပ်စာအပြည့်အစုံအား တစ်ပါတည်း ထည့်သွင်း ဖော်ပြပေးစေလိုပါသည်။               အကြံပြုချက်များကိုလည်းလေးစားစွာလက်ခံပါသည်။

၆။ ကြားပွဲစားလုံးဝမလို(မလို)ပါ။ ကြားပွဲစားများအားဝိုင်းဝန်းသတင်းပေးဖော်ထုတ်ပေးစေလိုပါသည်။

၇။ အသေးစိတ်သိရှိလိုပါကသက်ဆိုင်ရာမြို့နယ်ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၈။ ဤဝန်ကြီးဌာနအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများအပေါ် ပြည်သူ့လိုအပ်ချက်များပြည့်မီနိုင်စေ ရေးအတွက် စွမ်းအားပြည့်ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမည်။

၉။ နိုင်ငံသားဖြစ်မှုသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အချက်အလက်မပြည့်စုံပါကစိစစ်ရန် လိုအပ်သည့်အချိန်ရယူရပါကြောင်းကြိုတင် အသိပေးအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

Sorry, the comment form is closed at this time.