ပြည်သူလူထုထံ အသိပေးအကြောင်းကြားခြင်း

ပြည်သူလူထုထံ အသိပေးအကြောင်းကြားခြင်း

  • နိုင်ငံတစ်ဝန်း၌ မွေးရာပါနိုင်ငံသားများအတွက် လိုအပ်ချက်များ လျော့ပေါ့/ဖြေလျော့နည်းဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းအား (၁-၇-၂၀၁၁) မှ စ၍ မိုးပွင့်စီမံချက်များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မိုးပွင့် အဆင့်(၄)အထိ ဆောင်ရွက်ပြီးဖြစ်ကြောင်း (၃၁-၁-၂၀၁၃) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
  • မိုးပွင့်အဆင့်(၅)၏ (၁-၄-၂၀၁၃)မှ (၃၁-၅-၂၀၁၃)အထိ နှစ်လအတွင်း နိုင်ငံတစ်ဝန်း အိမ်ထောင်စု (၇၁၅၅၀)စု နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း (၂၀၀၉၈၆)ပြား ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
  • မိုးပွင့်(၁)မှ(၅)အထိ အိမ်ထောင်စုပေါင်း (၄၈၆၇၀၇)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၃၄၃၁၈၂၃) ဆောင်ရွက်ပေးခဲ့ ပြီးဖြစ်ပါသည်။
  • မိုးပွင့်အဆင့်(၅)တွင် စေတနာရှင် ပြည်သူများ၊ တိုင်းဒေသကြီး / ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ လွှတ်တော် ကိုယ်စားလှယ်များ နှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ပါဝင်လှူဒါန်းမှု ပိုမိုများပြား ခဲ့ပါသည်။
  • မိမိဝန်ထမ်းများနှင့်အတူ နော်ဝေနိုင်ငံအခြေစိုက် (Norwegian Refugee Council-NRC) အဖွဲ့မှလည်း ကရင်ပြည်နယ်(၇) မြို့နယ်၊ ကယားပြည်နယ်(၇)မြို့နယ်၊ ရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၃)မြို့နယ်နှင့် မြို့နယ်ခွဲ(၂)မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ကျောက်ကြီးနှင့် ရွှေကျင်ရှိ စီမံကိန်းစမ်းသပ်နယ်မြေဒေသ၊ မွန်ပြည်နယ်(၃)မြို့နယ်၊ တနင်္သာရီ တိုင်းဒေသကြီး(၁၀)မြို့နယ်နှင့် မြို့နယ်ခွဲ(၆)မြို့နယ်တို့တွင် စာချုပ်ချုပ်ဆိုပြီးသည့်နေ့မှစ၍ ယနေ့အထိ လူဦးရေ (၉၃၀၁၉)ဦး အား နိုင်ငံသားစိစစ်ရေးကတ်ပြားကို One Stop Serviceဖြင့် (အခမဲ့) ကွင်းဆင်းထုတ်ပေးဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။
  • UNHCR အဖွဲ့အစည်းမှလည်း မွန်ပြည်နယ်(၂)မြို့နယ်နှင့် ကချင်ပြည်နယ်(၂)မြို့နယ်တွင် ပြည်သူ (၅၂၉)  ဦးအား လည်းကောင်း ၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ  ကွင်းဆင်း ဆောင်ရွက်ရာတွင် လည်းကောင်း၊ နိုင်ငံသားစိစစ်ရေး    ကတ်ပြားထုတ်ပေးခြင်းကို (One Stop Service)ဖြင့် (အခမဲ့) ဆောင်ရွက်ရေးအတွက် ပူးပေါင်း ကူညီခဲ့ပါသည်။
  • ယခုအခါ ၂၀၁၄ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်ဆောင်ရွက်မည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအတွက် မြေပြင်လုပ်ငန်းများကို ဝန်ကြီးဌာန တစ်ခုလုံး စုပေါင်းဆောင်ရွက် နေရချိန်ဖြစ်၍ မိုးပွင့်အဆင့်(၆)အား ကွင်းဆင်းဆောင် ရွက်မည့်အစား ယခင်ပုံစံအတိုင်း မြို့နယ်ရုံးများတွင်သာ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ မြေပြင်ကွင်းဆင်း သန်းခေါင်စာရင်း လုပ်ငန်းပြီးဆုံးသည်နှင့် မိုးပွင့်အဆင့်(၇)ကို ပြန်လည် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
  • ဤဝန်ကြီးဌာန၏ ကွင်းဆင်းဆောင်ရွက်မှုများအပေါ် လိုအပ်ချက်ရှိနေခြင်း၊ မပြည့်စုံခြင်းတို့ကြောင့် တိုက်ရိုက်တိုင်ကြား နိုင်ပါကြောင်း အသိပေးချက်အရ ယနေ့အထိ တယ်လီဖုန်း/စာဖြင့် ဆက်သွယ်မှုပေါင်း ၆၅ မှုအနက် ၄၈ မှုအား ဖြေရှင်း ဆောင်ရွက်ပေး၍ သက်ဆိုင်ရာကာယကံရှင် များထံသို့ ပြန်လည်ရှင်းလင်းအကြောင်းကြားပေးခဲ့ပြီးဖြစ်ပါသည်။ ဖြေရှင်း ပေးရန် ကျန်ရှိသည့်         ၁၇ မှုအား စိစစ်ဆောင်ရွက်ဆဲဖြစ်ပါသည်။
  • ဆောင်ရွက်ချက်များအပေါ် သိရှိလိုသည်များ၊ ကျေလည်မှုမရှိသည်များ ၊ လွဲချော်နေသည်များ ရှိပါက နေပြည်တော်ဦးစီး (ရုံးချုပ်) ဖုန်းနံပါတ် ၀၆၇-၄၃၁၀၁၆ နှင့် ၀၆၇-၄၃၁၀၄၅ သို့ လူကိုယ်တိုင် တိုက်ရိုက်တိုင်ကြားနိုင်ပါသည်။ ကာယကံရှင်အား ပြန်လည် ရှင်းလင်း အသိပေး နိုင်ရန်အတွက် တိုင်ကြားသူ၏ လိပ်စာအပြည့်အစုံအား တစ်ပါတည်း ထည့်သွင်းဖော်ပြပေးစေ လိုပါသည်။
  • ကြားပွဲစားလိုးဝမလို(မလို)ပါ။ ဝိုင်းဝန်းသတင်းပေးဖော်ထုတ်ပေးစေလိုပါသည်။
  • အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာမြို့နယ်ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
  • ဤဝန်ကြီးဌာနအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများအပေါ် ပြည်သူ့လိုအပ်ချက်များ ပြည့်မီစေရေး အတွက် စွမ်းအားပြည့် ကြိုးပမ်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားပါမည်။
  • နိုင်ငံသားဖြစ်မှုသည် နိုင်ငံတော်အချုပ်အခြာအာဏာ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။ သို့ပါ၍ အချက်အလက် မပြည့်စုံပါက စိစစ်ရန်လိုအပ်သည့်အချိန် ရယူရပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

Sorry, the comment form is closed at this time.