လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပန်ကြားလွှာ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ပန်ကြားလွှာ

ချစ်ခင်လေးစားရပါသော မိဘပြည်သူ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျာ –

  •  ကျွန်တော်တို့ ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည့်စုံမှုရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများ အား နိုင်ငံသား စိစစ်ရေးကတ်များ လက်ဝယ်အရောက် ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှစ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
  •  ဤဝန်ကြီးဌာနတွင် (၁-၄-၂၀၁၁) မှ (၁၂-၈-၂၀၁၅) ထိ မိုးပွင့်စီမံချက် အမည်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေါင်း (၈.၄)သန်းခန့်အား လည်းကောင်း ၊ (၁-၄-၂၀၁၆) မှ(၃၁-၁-၂၀၂၁) ထိသစ္စာစီမံချက်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၆.၂)သန်းအားလည်းကောင်း ထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
  •  ယခုအခါ နိုင်ငံတော်လိုအပ်ချက်နှင့် ဝန်ကြီးဌာန၏ မူလတာဝန်အား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ရရှိခဲ့ပြီး အတွေ့အကြုံများအပေါ် အခြေခံ၍ ပန်းခင်း စီမံချက်အား ဆက်လက် ဆောင်ရွက်လျှက်ရှိပါသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် အဖွဲ့အစည်း အားလုံးကဝိုင်းဝန်းကူညီ ဆောင်ရွက်ကြခြင်းဖြင့် လုပ်ငန်းစဉ်တစ်ရပ်လုံး ပိုမိုချောမွေ့ အောင်မြင်မည်ဟု လေးနက်စွာယုံကြည်ပါသည်။
  •  ဤဝန်ကြီးဌာန၏မြို့နယ်ရုံးများက လိုအပ်ချက်များအား ကူညီဆောင်ရွက်ပေးရန်နှင့် အသေးစိတ် ရှင်းလင်းပြောကြားရန်လည်း အသင့်တံခါးဖွင့်ကြိုဆိုလျက်ရှိပါသည်။
  • တစ်ဦးချင်း အဆိုပြုပုံစံများ ပြည့်စုံစွာဖြည့်စွက်ပြီးသည်နှင့် လတ်တလောကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ One Stop Service ဖြင့် နယ်မြေအရောက် ကွင်းဆင်း ဆောင်ရွက်ပေးရန်လည်း ပြင်ဆင်ထားပြီး ဖြစ်ပါသည်။
     ပြည်သူများမှ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို လက်ကမ်းကြိုဆိုလျှက်ရှိပါသည်။

“လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့”

ချစ်ခြင်းမေတ္တာဖြင့်၊ လေးစားလျက်

ဦးခင်ရီ
ပြည်ထောင်စုဝန်ကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

Sorry, the comment form is closed at this time.