ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဝန်ထမ်းများအား တွေ့ဆုံမှာကြား၊ လေဆိပ်အတွင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ လှည့်လည်ကြည့်ရှု။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဝန်ထမ်းများအား တွေ့ဆုံမှာကြား၊ လေဆိပ်အတွင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ လှည့်လည်ကြည့်ရှု။

နေပြည်တော်၊ ဇူလိုင် ၁။

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁ ရက်၊ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီး လေဆိပ်ဧည့်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လေဆိပ်ဝန်ထမ်းများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အလုပ်သမားရေးရာဆိုင်ရာနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ရုံးများမှ တာဝန်ရှိသူများအား တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ အရေးပေါ်ကာလ ပြဌာန်းချက်များအရ စီမံဆောင်ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်(5)ရပ်၊ ဦးတည်ချက်(9)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းဆောင်ရွက်ချက်များအပေါ် အချို့မီဒီယာများက နည်းမျိုးစုံဖြင့် ကောလဟလ သတင်းမှားများ ဖြန့်ချီထုတ်လွှင့် နေကြသည့် အတွက် ဝန်ထမ်းများအနေဖြင့် ၎င်းသတင်းမှားများအား နားမယောင်ဘဲ နိုင်ငံပိုင် မီဒီယာများမှ ထုတ်လွှင့်ဖော်ပြမှုများကိုသာ ယုံကြည်မှုအပြည့်ဖြင့် လေ့လာမှတ်သား ဆောင်ရွက်ကြရန် လိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင်လည်း တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ် ဆောင်ရွက်ရခြင်းဖြစ်ပြီး ဆက်စပ်ဌာနများ နှင့်ပေါင်းစပ်ဆောင်ရွက်ရသည့်အတွက် တာဝန်ရှိသူ များအား လုပ်ငန်းအခြေအနေများကို ရှင်းလင်းချပြကာ လိုအပ်သည်များကို အချိန်မီညှိနှိုင်း ဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ မိမိတို့ဌာနဝန်ထမ်းများသည် နိုင်ငံတော်လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ဆက်စပ်ဆောင်ရွက်ရပြီး ပြည်သူကို ဝန်ဆောင်မှုပေးရသူများဖြစ်ပါ ကြောင်း၊ လူဝင်မှုကြီးကြပ်ရေး၊ နိုင်ငံသားစိစစ်ရေး၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းများ နှင့် အလုပ်သမားများ၏ အကျိုးခံစားခွင့်ရရှိရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ရသကဲ့သို့ ပြည်သူကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက်ကြရန် လိုကြောင်း၊ လေဆိပ်ဝန်ထမ်းများအနေဖြင့်လည်း ယခုအခါ COVID-19 ကပ်ရောဂါကြောင့် ပြည်ပလေကြောင်းလိုင်းများ ဝင်/ထွက်မှုကန့်သတ်ချက်အရ မန္တလေးလေဆိပ်သို့ ပြည်ပလေယာဉ်များ ဆင်းသက်ပျံသန်းမှု လျော့နည်းလျက်ရှိပါကြောင်း၊ COVID-19 ကန့်သတ်ချက် များဖြေလျော့ သည့်အခါ လေကြောင်းလိုင်းများခွင့်ပြုပြီး ပြည်တွင်း/ပြည်ပခရီးသွားများ ပြန်လည်များပြား လာနိုင်သည့်အတွက် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နိုင်ရေး ကြိုတင် မျှော်တွေး ပြင်ဆင်ထားကြရန်လိုအပ်ပါကြောင်း၊ ယခုကာလတွင် လုပ်ငန်းဆိုင်ရာ စက်ကိရိယာ များ ပြည့်စုံရေးနှင့်ကြံ့ခိုင်ကောင်းမွန်ရေး စစ်ဆေးဆောင်ရွက်ကာ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းဆောင်ရွက်မှု ကျွမ်းကျင်ပိုင်နိုင်ရေးအတွက် အစဉ်လေ့ကျင့်ဆောင်ရွက်နေကြရန် လိုအပ် ပါကြောင်း၊ ယခုအခါ COVID-19 ကူးစက်မြန်ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမားရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေး တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် နှင့်အညီ နေထိုင်ကျင့်ကြံဆောင်ရွက်ကြရန်၊ မိမိတို့၏ မူလတာဝန်များကို မမေ့မလျော့ထမ်း ဆောင်ကြရန်နှင့်လုပ်ငန်းဆိုင်ရာ အခက်အခဲများရှိပါက အချိန်မီတင်ပြကြရန်လိုကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ထို့နောက် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်းက လေဆိပ်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ထမ်းအင်အားနှင့် စက်ပစ္စည်းများတပ်ဆင်အသုံးပြုမှု ၊ ပြည်တွင်း/ပြည်ပလေကြောင်းလိုင်း များအခြေအနေနှင့် ပြည်တွင်း/ပြည်ပခရီးသွားများ ဝင်ရောက်/ထွက်ခွာမှုအခြေအနေ၊ COVID-19 ကာလအတွင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ရှင်းလင်း တင်ပြပြီး တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပ ထွက်ခွာကောင်တာသို့လည်းကောင်း၊ ဆိုက်ရောက်ဗီဇာ (Visa on Arrival – VOA) ကောင်တာနှင့် ဆာဘာခန်းတို့ကိုလည်းကောင်း၊ ပြည်ပဆိုက်ရောက်ကောင်တာသို့လည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Sorry, the comment form is closed at this time.