Online လျှောက်ထားနိုင်သည့် e-Visa System တွင် Tourist Visa အားထပ်မံတိုးမြှင့်ခွင့်ပြုကြောင်း အသိပေးကြေညာချက်

Online လျှောက်ထားနိုင်သည့် e-Visa System တွင်

Tourist Visa အားထပ်မံတိုးမြှင့်ခွင့်ပြုကြောင်း အသိပေးကြေညာချက်

 

၁။        လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသားရင်းနှီးမြုပ်နှံသူများ၊လုပ်ငန်း ရှင်များ အဆင်ပြေချောမွေ့စွာ မိမိနိုင်ငံသို့လာရောက်နိုင်ရန်အတွက်Online e-Visa (Business) လျှောက် ထားမှုလုပ်ငန်းစဉ်အား ၁-၄-၂၀၂၂ ရက်နေ့မှစ၍ ပြန်လည်စတင်ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သဖြင့် ယခုအခါနိုင်ငံခြားသားခရီးသွားများ တိုးတက်ဝင်ရောက်လျှက်ရှိနေပြီဖြစ်ပါသည် ။

၂။         အလားတူ နိုင်ငံတော်၏ခရီးသွားလုပ်ငန်းကဏ္ဍဖွံဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တွင် အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် e-Visa (Tourist) အမျိုးအစား လျှောက်ထားမှုများအား (၂၀-၅-၂၀၂၂) ရက်နေ့မှစ၍ တိုးမြှင့်ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

၃။        Online e-Visa (Tourist) လျှောက်ထားရန်လိုအပ်သည့်သတ်မှတ်ချက်များအား မိမိဝန်ကြီးဌာန၏ website လိပ်စာ https://evisa.moip.gov.mm  တွင် ဝင်ရောက်ကြည့်ရှုလေ့လာ၍ လျှောက်ထားနိုင်ပြီဖြစ်ပါ ကြောင်းအသိပေးကြေညာအပ်ပါသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

Sorry, the comment form is closed at this time.