Online e-Stay Extension Website လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

Online e-Stay Extension Website လွှင့်တင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
 

၁။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ e-Government လုပ်ငန်းစဉ်များ လျင်မြန်စွာအကောင်အထည်ဖော် နိုင်ရန်နှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် e-Visa website ( https://evisa.moip.gov.mm ) ကို ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁) ရက်နေ့မှစတင်၍ တရားဝင်လွှင့်တင်ထားရှိပြီး ကမ္ဘာလှည့်ဗီဇာ (Tourist Visa) နှင့် လုပ်ငန်းဗီဇာ (Business Visa) ထုတ်ပေးခြင်းတို့ကို Electronic စနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ယခုအခါနိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် e-Visa website မှ Online ဖြင့် လျှောက်ထားရယူ ထားသည့် e-Visa (Business) ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအတွက် နေခွင့်သက်တမ်းတိုးခြင်း (Stay Extension) နှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa) တို့ကို Online မှ လျှောက်ထားနိုင်ရန် e-Stay Extension website (https://estay.moip.gov.mm) ကို ၂၀၂၁ခုနှစ် နိုဝင်ဘာလ ( ၁ ) ရက်နေ့တွင် စတင်၍တရားဝင်လွှင့်တင် စမ်းသပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါ သည်။
၃။ အထက်ပါ website များတွင်ပါရှိသော ဒီဇိုင်းများ၊ သတင်းအချက်အလက်များ၊ website ၏ အစိတ်အပိုင်းတစ်စိတ်တစ်ဒေသ (သို့မဟုတ်) အလုံးစုံအား ကူးယူအသုံးချခြင်း၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းကို မြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ ပြည်ပနိုင်ငံများတွင်ဖြစ်စေ ပြုလုပ်ခဲ့ကြောင်း အထောက်အထားတွေ့ရှိပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

Sorry, the comment form is closed at this time.