Online e-Visa လျှောက်ထားမှုများအား ပြန်လည်ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

Online e-Visa လျှောက်ထားမှုများအား ပြန်လည်ခွင့်ပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း

အသိပေးကြေညာချက်

၁။         လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် Online e-Visa လျှောက်ထားရယူမှုများ အား ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှစတင်၍လွှင့်တင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ တစ်ဝန်း ကိုဗစ်-၁၉ ဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှုန်းမြင့်မားလာသည့်အတွက် မြန်မာနိုင်ငံသို့လာရောက် သည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်မှုဆောင်ရွက်သည့် ကန့်သတ်ချက်များနှင့်အညီ (၂၀-၃-၂၀၂၀) ရက်နေ့ မြန်မာစံတော်ချိန် (GMT +6:30)၊ (၂၃:၅၉) အချိန်မှစတင်၍ ယာယီရပ်ဆိုင်းထားခဲ့ပါသည်။

၂။         ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျှော့နည်းကျဆင်းလာသည့် အပြင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ရာ Online e-Visa စနစ်အား ပြန်လည်စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်၍ Business Visa(လုပ်ငန်းဗီဇာ)လျှောက်ထားမှုများအား ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၃။         Online e-Visa (Business) လျှောက်ထားရန်လိုအပ်သည့်သတ်မှတ်ချက်များအား မိမိဝန်ကြီးဌာန၏ website လိပ်စာ https://evisa.moip.gov.mm တွင် ဝင်ရောက်ကြည့်ရှုလေ့လာ၍လျှောက်ထားနိုင်ပြီဖြစ်ပါ ကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

Sorry, the comment form is closed at this time.