ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ဝန်ကြီးဌာန၏ ဌာနတွင်း ဘာသာရပ်ဆိုင်ရာ ဥပဒေသင်တန်း ဖွင့်ပွဲတက်ရောက်၊ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေများကို သိရှိနားလည်ပြီး ပြည်သူကို ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ ဝန်ကြီးဌာန၏ ဌာနတွင်း ဘာသာရပ်ဆိုင်ရာ ဥပဒေသင်တန်း ဖွင့်ပွဲတက်ရောက်၊ ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေများကို သိရှိနားလည်ပြီး ပြည်သူကို ထိရောက်သောဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား။

 နေပြည်တော်၊စက်တင်ဘာ ၃၀ ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဌာနတွင်း ဘာသာရပ်ဆိုင်ရာ ဥပဒေ သင်တန်းဖွင့်ပွဲကို စက်တင်ဘာလ (၃၀)ရက်၊ ယနေ့နံနက် (၉)နာရီခွဲက နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသားအရာထမ်းဝန်ထမ်းများ တက်ရောက်ကြသည်။

IMG_3574

          အစီအစဉ်အရ ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ဝန်ကြီးဌာနအနေဖြင့် ဌာန ၏လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်တာဝန်များအပြင် နိုင်ငံတော်အတွက် လက်ငင်းဦးစားပေး လုပ်ငန်းများဖြစ်သည့် နောင်ကျင်းပမည့် ရွေးကောက်ပွဲများနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်များဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဥပဒေနှင့်အညီထုတ်ပေးခြင်း၊ e-ID စနစ်အတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူကာ Unique ID နံပတ်ထုတ်ပေးခြင်း၊ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် အဓိကကျသည့် မဲစာရင်းတိကျ မှန်ကန်စွာ ပြုစုနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း၊ မနက်ဖြန် အောက်တို ဘာလ(၁)ရက်မှ (၁၅)ရက်အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းစသည့် လုပ်ငန်းများကို ဒေသအာဏာပိုင်များ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ထို့ပြင် သန်းခေါင်စာရင်းမှရရှိသည့် ရှေ့ပြေးလူဦးရေစာရင်းနှင့် မြေပြင် ကွင်းဆင်းကောက်ယူခဲ့သည့်စာရင်းများ နှိုင်းယှဉ်သုံးသပ်ကာ တိကျမှန်ကန်သည့် မဲစာရင်းပြုစု ဆောင်ရွက်သွားမည့်အခြေအနေ၊ ဌာန၏လုပ်ငန်းဆောင်ရွက်မှုအားလုံးသည် တည်ဆဲဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသည့်အခြေအနေ၊ ဝန်ထမ်းအားလုံး ထုတ်ပြန်ပြဋ္ဌာန်းထားသည့် ဥပဒေများကို သိရှိနားလည်ပြီး ပြည်သူကိုထိရောက်သောဝန်ဆောင်မှု များပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည့်အခြေအနေ၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ဆွေးနွေးပို့ချမှုများကို သေချာစွာလေ့လာမှတ်သား၍ လက်တွေ့နယ်ပယ်တွင် လုပ်ငန်းများအောင်မြင်ရေးအတွက် ထိထိရောက်ရောက် အသုံးပြုဆောင်ရွက်နိုင်ရေးနှင့် ဥပဒေ များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာဆည်းပူး ဆောင်ရွက်ကြရေးအခြေအနေများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် အမှာစကားပြောကြားသည်။

IMG_3605

          ထို့နောက် သင်တန်းသားအရာရှိများက တစ်ဦးချင်းမိတ်ဆက်ကြပြီး သင်တန်းဖွင့်ပွဲကို ရုပ်သိမ်းလိုက်ကြောင်းနှင့် အဆိုပါသင်တန်းသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ရွေးချယ်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ သင်တန်းတက်ရောက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် လက်ရှိ ဝန်ကြီးဌာနမှ အရာထမ်းများ စုစုပေါင်းသင်တန်းသား (၅၃)ဦးအား ဝန်ကြီးဌာန၌ လက်ရှိကျင့်သုံး နေသည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို (၅)ရက်ကြာသင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.