ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူရေး ဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူဖွင့်လှစ်ပွဲသို့ တက်ရောက်၍ Bill Board အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး၊၊
နေပြည်တော်၊ ဇွန် ၂၁၊
” ပြည်သူအားလုံးပါဝင်လို့သန်းခေါင်စာရင်းကောက်ကြစို့ ” ဆိုသည့် ဆောင်ပုဒ်အတိုင်း ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေး လုပ်ငန်းတစ်ရပ် ဖြစ်သည့် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ Bill Boardများကို တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်းခေါင်စာရင်းကောက်ယူ ရေးဆိုင်ရာအသိပညာပေး Bill Board စိုက်ထူပွဲကို ဇွန်လ (၂၁)ရက် ယနေ့နံနက်၈နာရီခွဲ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှေ့၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဌ ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်ကော်မတီဥက္ကဌ၊ တိုင်ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအတွင်းရှိ သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်မှ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ၊ ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များ ၊ ဒေသခံပြည်သူ များတက်ရောက်ကြသည်၊၊
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် Bill Board ရှေ့သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် မင်္ဂလာအချိန်တွင် အခမ်းအနား ကို ဖဲကြိုးဖြတ်လှစ် ပေးကြသည်၊၊
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သန်းခေါင်စာရင်း ကောက်ယူရေး ဆိုင်ရာအသိပညာပေး Bill Board ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီးနောက် Bill Boardအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး၍ တာဝန်ရှိသူများ၊ ဘင်ခရာနှင့်ပန်းပွားအကအဖွဲ့ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး တက်ရောက်လာကြသူများ၊ ခရီးသွားပြည်သူများအား သန်းခေါင်စာရင်းဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လက်ကမ်း စာစောင်များ ဝေငှပေး၍ ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက်အားပေးသည်၊၊
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူ ခြင်းလုပ်ငန်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁)ရက်မှ (၁၅)ရက်အတွင်း စာရင်းကောက်ကွက်ပေါင်း (၁)သိန်း(၁)သောင်းခန့်ကို စာရင်းစစ်/စာရင်းကောက် (၄)သောင်း (၂)ထောင်ခန့်ဖြင့် ကောက်ယူဆောင်ရွက်သွားမည် ဖြစ်ရာ ပြည်သူများအနေဖြင့် သန်းခေါင်စာရင်း ဆိုင်ရာ သတ်မှတ်မေးခွန်းပုံစံများကို မှန်မှန်ကန်ကန်ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်တိုက်တွန်းထားကြောင်းလည်း သတင်းရရှိပါသည်၊၊(-)
Sorry, the comment form is closed at this time.