ပြည်ထောင်စုဝန်ကြီး မြင့်ကြိုင် ၊ e-ID စနစ်လုပ်ငန်းကော်မတီ၊ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ e-ID စနစ်လုပ်ငန်း အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများအပေါ် အဖက်ဖက်ကသုံးသပ်ကာ အကြံပြုဆွေးနွေးရန်တိုက်တွန်း။

ပြည်ထောင်စုဝန်ကြီး မြင့်ကြိုင် ၊ e-ID  စနစ်လုပ်ငန်းကော်မတီ၊ ပဉ္စမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်၊ e-ID စနစ်လုပ်ငန်း

အောင်မြင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အဖက်ဖက်ကသုံးသပ်ကာ အကြံပြုဆွေးနွေးရန်တိုက်တွန်း။

နေပြည်တော်၊ အောက်တိုဘာ ၂၈  ။

          e-Government စနစ်၏ အခြေခံအကျဆုံးလုပ်ငန်းတစ်ခုဖြစ်သည့် e-ID စနစ် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက် လျက်ရှိသည့် e-ID စနစ် လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ (၂၈) ရက်၊ ယနေ့မွန်းလွဲ () နာရီက နေပြည်တော်ရှိ  အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ e-ID စနစ် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်လူမွန်၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်နှင့် ကော်မတီဝင်များ ၊ တာဝန်ရှိသူများတက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ e-ID  စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတွင်းနေထိုင်သူ အသက် (၁၀) နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် PR (Permanent Residence) ဖြင့် ခွင့်ပြုထားသူ၊ အမြဲနေအခွန်ဆောင်နိုင်ငံခြားသားများ စသည် တို့၏ ကိုယ်ရေးအချက်အလက် (Biographic Data) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) များ ကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း (၁၀) လုံးပါသည့် Unique ID နံပါတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ e-ID စနစ်လုပ်ငန်းကော်မတီသည် ပြည်တွင်းနည်းပညာအကြံပေးအဖွဲ့ဝင်များ၊ ပြည်တွင်းနည်းပညာဆိုင်ရာ ပညာရှင်များဖြင့် ညှိနှိုင်းပေါင်းစပ်ကာ System Architecture Design e-ID စနစ်ဆိုင်ရာ စီမံချက် Master Plan နည်းဥပဒေနှင့် နိုင်ငံခြားသားအကြံပေး ငှားရမ်းခြင်းဆိုင်ရာ TOR (Term of Reference) ရေးဆွဲ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်မှုများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်း အထက်ဌာနအဆင့်ဆင့်သို့ တင်ပြထားပြီးဖြစ်ပါ ကြောင်း၊ e-ID စနစ်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်တွင်းမှနည်းပညာရှင် များ၏ အကူအညီဖြင့် Software ရေးဆွဲကာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မိမိတို့ဌာန၏ မြို့နယ်ရုံးများရှိ နိုင် မှတ်တမ်း (၅၂) သန်းကျော်ကို e-ID Biographic Registration System အတွင်း ဖြည့်သွင်းခဲ့ပြီးဖြစ်ပါကြောင်း၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ FRC PR ရရှိသူတို့၏ အချက်အလက်များကိုလည်း Database Server အတွင်းသို့ ဆက်လက်ထည့်သွင်းခဲ့ပါကြောင်း၊ ထို့ပြင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/) (၁၃) သန်းကျော်ကို နိုင် Database Server မှတစ်ဆင့်ချိတ်ဆက်၍ Household Registration Software Program အတွင်းသို့ ထည့်သွင်း ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ဆိုက်ဘာလုံခြုံရေးအစီအမံများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အချက်အလက်များ မှန်ကန်ပြည့်စုံ တိကျစေရေးအတွက်လည်း နည်းပညာနှင့်မူဝါဒဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ e-ID စနစ်လုပ်ငန်းစဉ်များသည် နိုင်ငံတော်လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့် သက်ဆိုင်သည့်အတွက် လုပ်ထုံးလုပ်နည်းမှန်ကန်ရေး၊ တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ အထက်ဌာနညွှန်ကြားချက်များနှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်ရေး စသည်တို့ကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါ‌‌ကြောင်း၊ e-ID စနစ်နှင့်ပတ်သက်၍ တင်ဒါ ခေါ်ယူရာတွင်လည်း အထက်ဌာန၏ ညွှန်ကြားချက်နှင့်အညီ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းထားသည့် ကော်မတီ အဆင့်ဆင့်ကလည်း ယင်းတို့၏လုပ်ငန်းတာဝန်များအလိုက် တိတိကျကျ ဆောင်ရွက်ကြရန်လို ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အထစ်အငေါ့မရှိစေရေးအတွက် အဖက်ဖက်က သုံးသပ်တွေးတောဆောင်ရွက်ကြရန်လိုကြောင်း၊ ယင်းသို့ဆောင်ရွက်ပြီးပါက ပထမဆင့် e-ID စနစ်ဖြင့် ကောက်ယူမည့် ဦးတည်အုပ်စုများ လျာထားဆောင်ရွက်၍ လာမည့် နိုဝင်ဘာလအတွင်း ပြည်ထောင်စုနယ်မြေရှိ နိုင်ငံ့ဝန်ထမ်းများအား Pilot Project ဖြင့် ဇီဝဆိုင်ရာ အချက်အလက်များ (Biometrics)ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး e-ID စနစ်ဆောင်ရွက်မည့် နည်းပညာဆိုင်ရာပစ္စည်းများရရှိပါက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆက်လက်ကောက်ယူနိုင်ရေး အဆင့်ဆင့် ဆောင်ရွက်သွားရမည်ဖြစ်ပါ ကြောင်း၊ e-ID စနစ် အောင်မြင်စွာဆောင်ရွက်နိုင်မှသာ လူတစ်ဦးချင်းစီ၏ မှန်ကန်သော အချက်အလက်များရရှိပြီး နိုင်ငံတော်၏ e-Government စနစ်နှင့် National Database စနစ်ကို အကောင်အထည်ဖော်ရာတွင် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ဆက်လက်ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် e-ID စနစ်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အဖက်ဖက်ကသုံးသပ်ကာ ပွင့်ပွင့်လင်းလင်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ထို့နောက် အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်း က e-ID စနစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဝန်ကြီးဌာန အသီးသီးမှ ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် e-ID နည်းပညာဆိုင်ရာ ပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် တင်ဒါခေါ်ယူရာတွင် ဆောင်ရွက်သင့်သည့် အခြေအနေ များနှင့်စပ်လျဉ်း၍ အသီးသီးအကြံပြုဆွေးနွေးကြသည်။

          ဆက်လက်၍ e-ID စနစ်လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က တင်ဒါခေါ်ယူရေးနှင့်ပတ်သက်၍လည်းကောင်း၊ လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ဆပ်ကော်မတီအလိုက် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ လည်းကောင်း  ဆွေးနွေးတင်ပြချက်များအပေါ် ထပ်မံသုံးသပ်အကြံပြုဆွေးနွေးကြပြီး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး၍ ကော်မတီအလိုက် မိမိလုပ်ရမည့်လုပ်ငန်းများကို ကြိုတင်သိရှိနားလည်ပြီး ကြိုတင်စီစဉ် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ထားကြရန်နှင့် မြန်မာနိုင်ငံ၏ e-Government စနစ်၏ အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်လုပ်ငန်းသည် နိုင်ငံတော်အတွက် ခေတ်မီဒီဂျစ်တယ် စနစ်ဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းဖြစ်သည်နှင့်အညီ လုပ်ငန်းစီမံချက်ပါအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရေးနှင့် ဆွေးနွေးချက်များအား အထက်ဌာနအဆင့်ဆင့်သို့ ဆက်လက်တင်ပြ ဆောင်ရွက်နိုင်ရေး နိဂုံးချုပ် အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။(-)

Sorry, the comment form is closed at this time.