ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ကြီးမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲသို့ တက်ရောက်၊ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၍ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ကြီးမြို့၌ ကျင်းပသည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ

တွေ့ဆုံပွဲသို့ တက်ရောက်၊ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၍ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်း

နေပြည်တော်၊ မေ ၂၁။

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ ကောက်ယူရေးလုပ်ငန်း ဆိုင်ရာတွေ့ဆုံပွဲကို မေလ ၂၁ ရက်၊ ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်စုသန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။

IMG_4539

          အစီအစဉ်အရ ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏တိကျမှန်ကန်သောလူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်း  အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရှရိရန်နှင့် လိုအပ်သောမူဝါဒများ၊ စီမံကိန်းများ၊ မဟာဗျူဟာနှင့်နည်းဗျူဟာများ ချမှတ်နိုင်ရန်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ် အဆင့် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီးဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ငွေကြေးကုန်ကျမှုများပြားသည့်အတွက် နိုင်ငံအများစုတွင် (၁၀) နှစ်လျှင်တစ်ကြိမ်သာ ကောက်ယူခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့်ကောက်ယူပြီးနောက်ပိုင်း (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ်တွင် ထပ်မံကောက်ယူရန် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် ကြားကာလများတွင် မိမိတို့နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု၊ အကြမ်းဖက်အဖွဲ့အစည်းများ ကြောင့် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားခဲ့မှုနှင့် ပြည်တွင်း/ပြည်ပ ရွှေ့ပြောင်းသွားလာမှုများ ကြောင့့် လူဦးရေဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေ ဖြစ်ပေါ်မည်ဖြစ်သည့်အတွက် တိကျ မှန်ကန်သည့်လူဦးရေ၊ ကိန်းဂဏန်းအချက်အလက်များရရှိရန် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ ရှိမည့်ခန့်မှန်းလူဦးရေ(၅၆)သန်း ကျော်နှင့် ခန့်မှန်းအိမ်ထောင်စု အရေအတွက် (၁၃) သန်းခန့်ကို အခြေခံတွက်ချက်ထားရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) (၈၀၀၀၀) ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း (၁၁၀၀၀၀) ခန့် ရှိမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း (၄၂၀၀၀) ခန့်ဖြင့် ကောက်ယူဆောင်ရွက်ရန်လျာထားပြီး ရှမ်းပြည်နယ်အနေဖြင့် သန်းခေါင်စာရင်းယူနစ် (၁၈၀၀) ခန့်ကို ကောက်ကွက်ပေါင်း (၁၂၀၀၀) ကျော်ဖြင့်ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် (၅၀၀၀) ခန့်ဖြင့် ကောက်ယူရန်လျာထားပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းသို့ ကယားပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူများ ဝင်ရောက်နေထိုင်မှုရှိသည့်အတွက် ၎င်းတို့ကိုကောက်ယူနိုင်ရေး အတွက်လည်း  ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စာရင်းကောက် ယူရာတွင် တွေ့ရှိရာ အရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြု၍ စာရင်းကောက် များက ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews-CAPI) စနစ်ဖြင့် Tabletများ အသုံးပြုကောက်ယူဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်မှ (၁၅) ရက်အထိ (၁၅) ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအခြေအနေမှ လွဲ၍ လမ်းခရီးအခက်အခဲကြောင့် သတ်မှတ်ရက် အတွင်းကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့် ကောက်ယူနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထားကြရန်လည်းလို ကြောင်း၊ သန်းခေါင်စာရင်းရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်၊ ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း(၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ မေးခွန်း(၁၈)ခုကို တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသများ အပါအဝင် နေရာအားလုံးအား ကောက်ယူနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ် နှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည်လိုက်ပါပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်လည်း ပြည်သူလူထုအသိပညာပေးလုပ်ငန်းများကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ လာမည့် ဩဂုတ်လမှစ၍ သန်းခေါင်စာရင်းဆိုင်ရာ နည်းပြ သင်တန်းအပါအဝင် သင်တန်းအဆင့်ဆင့်ကို ဖွင့်လှစ်သွားမည်ဖြစ်သည့်အတွက် ဆင့်ပွားသင်တန်းများဖွင့်လှစ်နိုင်ရေး အတွက်လည်း ကြိုတင်စီမံဆောင်ရွက်ထားကြစေလိုကြောင်း၊ လုပ်ငန်းဆိုင်ရာ အခက်အခဲများ ရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်နှင့်အညီလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် အားလုံးကဝိုင်းဝန်းကူညီကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါ ကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

IMG_4580

          ထို့နောက် ရှမ်းပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်အတွင်း  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းနှင့်ပတ်သက်၍ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

          ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက သန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိနိုင်မည့် အချက်အလက်များ၊ လူဦးရေပြောင်းလဲမှုဖြစ်စဉ်၏အရေးပါမှု၊ သန်းခေါင် စာရင်း အချက်အလက်များမှ ဖော်ထုတ်ချက်အကျဉ်းချုပ်တို့ကို ရှင်းလင်းဆွေးနွေးတင်ပြပြီး သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ ရုပ်မြင်သံကြား Channel များတွင် ထုတ်လွှင့် ပြသမည့် ပြည်သူလူထု အသိပညာပေး TV Spot များကို ပြသသည်။

IMG_4673

          ထို့နောက် တက်ရောက်လာကြသူများက သန်းခေါင်စာရင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုးက ပြန်လည် ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည်နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစိုင်းသော်ဝင်းက လက်ခံရယူပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပြည်လုံးကျွတ် သန်းခေါင်စာရင်းတွင် အသုံးပြုမည့် ပစ္စည်းများခင်းကျင်းပြသလာမှုအား ကြည့်ရှုအားပေးပြီး နောက် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

 

Sorry, the comment form is closed at this time.