ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ကြီးမြို့ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး Biometric ကောက်ယူမှုကြည့်ရှု့အားပေး၊ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ တောင်ကြီးမြို့ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက် အဆင့်()ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးပြီး

Biometric ကောက်ယူမှုကြည့်ရှု့အားပေး၊ ဝန်ထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေး

နေပြည်တော်၊ မေ ၂၀။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများနှင့်အတူ မေလ (၂၀)ရက် ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများအား ပန်းခင်း စီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ်ဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်းဆောင်ရွက်ထုတ်ပေးနေမှု အခြေအနေကိုလည်းကောင်း လှည့်လည်ကြည့်ရှု့ အားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

IMG_4441

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြို့နယ်ရုံးရှေ့၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း(၁၀)လုံးပါ (Unique ID) နံပါတ်ထုတ်ပေးနေမှုကို လှည့်လည်ကြည့်ရှု့ကာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ်  ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး Unique ID နံပါတ်လာရောက်ဆောင်ရွက်ကြသူ ပြည်သူ များအား လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းဆွေးနွေး၍ UID နံပါတ်ရရှိပြီးပါက ပြည်သူ များ၏ လူမှုဘဝမြှင့်တင်ရေးအတွက် အခြားသော ဝန်ဆောင်မှုလုပ်ငန်းများနှင့် ချိတ်ဆက်နိုင်မှု၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် ထိရောက်စွာအသုံးပြုနိုင်မှုနှင့် ပျောက်ဆုံးမှု မရှိစေရေးအတွက် စနစ်တကျကိုင်တွယ်ထိန်းသိမ်းနိုင်ရေး အခြေအနေများကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

IMG_4446IMG_4493

          ယင်းသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံသားကတ်ပြားမရှိသေးသူနှင့် လဲလှယ်လျှောက်ထား သူ စုစုပေါင်း (၂၇)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးကာ Biographic/ Biometric ကောက်ယူ၍ UID နံပါတ်တစ်ပါတည်း ထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားကတ်ပြားရှိပြီးသူ ပြည်သူ (၂၇၄)ဦးအား Biographic/ Biometric ကောက်ယူ၍ UID နံပါတ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရ သည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များ စနစ်တကျထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ လူတစ်ဦးချင်းစီ ကိုယ်ရေးဖိုင်များဖြစ်သည် နှင့်အညီ လုံခြုံစွာထားရှိဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်နှင့် ပိုးမွှားအန္တရာယ် ကြိုတင်ကာကွယ် တားဆီးဆောင်ရွက်ရေး၊ အသုံးပြုကိုင်တွယ်ရာတွင်လည်း စနစ်တကျမှတ်တမ်းရေးသွင်း ကိုင်တွယ် ထိန်းသိမ်းဆောင်ရွက်ကြရေး မှာကြားကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

IMG_4495IMG_4500

          ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ် အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်မှ တိုက်ပွဲရှောင် ရောက်ရှိနေသည့် ဝန်ထမ်းများအား တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဌာန၏ရည်မှန်းချက်တာဝန်များအပြင် နိုင်ငံတော်အတွက် အရေးကြီး ပြီး လက်ငင်းဆောင်ရွက်ရမည့်လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ပန်းခင်း စီမံချက်လုပ်ငန်းများကိုလည်း စီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊  ယခုဆောင်ရွက်နေ သည့် ပန်းခင်းစီမံချက်အဆင့်(၃)လုပ်ငန်းစဉ် အောင်မြင်ရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်လုံးကျွတ်လူဦးရေနှင့်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ကိုလည်း ယခုနှစ် အောက်တိုဘာ လ  (၁) ရက်မှ (၁၅) ရက်အထိ ကောက်ယူမည်ဖြစ်ရာ လုပ်ငန်းစဉ် အဆင့်ဆင့် အောင်မြင်ရေး အတွက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် e-ID စနစ်ကိုလည်း မိမိတို့ဝန်ကြီး ဌာနမှ ဆောင်ရွက်လျက်ရှိရာ ယခုအခါ နိုင်ငံသားကတ်ရှိပြီးသူများ နှင့် နိုင်ငံသားကတ်ပြားအသစ် လျှောက်ထားရယူသူများကို Biographic/Biometric ကောက်ယူ ကာ ရုံးချုပ်ရှိ e-ID Server ရှိအချက်အလက်များနှင့် တိုက်ဆိုင်စိစစ်၍ Unique ID နံပါတ်များ ထုတ်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်သည် နယ်စပ်ဒေသနှင့်ထိစပ်နေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် လုပ်ငန်းဆောင်ရွက်မှုတိုင်း၌ အထူးအလေးထား ဂရုပြု ဆောင်ရွက်ကြရန်နှင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ပြည်သူကို ထိရောက်သော ဝန်ဆောင်မှု များပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းများ ဖြစ်သည့်အတွက် ဝန်ထမ်းအားလုံးစည်းလုံး ညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ရှင်းလင်းပြောကြားပြီး ဝန်ထမ်း များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.