ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachahige Prabashini Ponnamperuma အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachahige Prabashini Ponnamperuma အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေး။

 နေပြည်တော်၊ ဇွန် ၁၁  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachahige Prabashini Ponnamperuma အား ဇွန်လ(၁၁)ရက်၊ ယနေ့မွန်းလွဲ (၁) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။

IMG_5677

IMG_5692

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံ၏ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ တူညီသည်နှင့်အမျှ နှစ်နိုင်ငံပြည်သူအချင်းချင်း အပြန်အလှန်ကူးသန်းသွားလာနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နိုင် ရေးအခြေအနေ၊ နှစ်နိုင်ငံရှိ တန်ခိုးကြီးဘုရားများအား နှစ်နိုင်ငံပြည်သူများ ဖူးမြော်နိုင်ရေး အတွက် ပြည်ဝင်ဗီဇာကိစ္စရပ်များ လွယ်ကူအဆင်ပြေစေရေး စီစဉ်ဆောင်ရွက်ပေးနိုင်ရေး အခြေအနေ၊ နှစ်နိုင်ငံပြည်သူများ တရားမဝင် ဝင်/ထွက်သွားလာမှု မရှိစေရေးအတွက် စိစစ် ကြပ်မတ်ဆောင်ရွက်နိုင်ရေးနှင့် နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.