ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) တက်ရောက်၊ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်း အချက်အလက်များပြည့်စုံမှန်ကန်ရေးနှင့် အတည်ပြုစာရင်းများ သတ်မှတ်ကာလအတွင်းပေးပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) တက်ရောက်၊ မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်း အချက်အလက်များပြည့်စုံမှန်ကန်ရေးနှင့် အတည်ပြုစာရင်းများ သတ်မှတ်ကာလအတွင်းပေးပို့နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား။

နေပြည်တော်၊ ဇွန် ၂၈ ။

          မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၄) ကို ဇွန်လ (၂၈) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြ သည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တို့မှ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက် ကြပြီး ကြီးကြပ်မှုဗဟိုကော်မတီဝင် တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးချုပ်များနှင့် ကော်မတီဝင် ကိုယ်စားလှယ်များက သက်ဆိုင်ရာနယ်မြေများမှ ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။

03

06

          အစီအစဉ်အရ ရှေးဦးစွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းသည် လူဦးရေစာရင်းတိကျမှန်ကန်စွာ ရရှိရေးအတွက်ဖြစ်ပြီး ကောက်ယူရရှိသည့် အချက်အလက်များအပေါ်အခြေခံကာ မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီနှင့်အတူ တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းပြီး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ (Working Group) များဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်မှ (၃၁) ရက်အထိ ရုံးပိတ်ရက်များမပါ ရက်ပေါင်း (၂၀) ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူဆောင်ရွက်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ရာနှုန်းပြည့် ကောက်ယူပြီးစီးသည့် တိုင်းဒေသကြီး/ ပြည်နယ် (၉) ခုရှိခဲ့ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ် (၆) ခုရှိ မြို့နယ်အချို့တွင်သာ လုံခြုံရေး အခြေအနေအရကောက်ယူရန် အနည်းငယ်ကျန်ရှိနေကာ တစ်နိုင်ငံလုံးအနေဖြင့် ရာနှုန်းပြည့်နီးပါး ကောက်ယူပြီးစီးခဲ့ပါကြောင်း၊ အဆိုပါဒေသများတွင်လည်း တတ်နိုင်သမျှ ဆက်လက် ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရရှိသည့် အချက်အလက်များ မှန်ကန်စေရေးအတွက် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့် က လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်အတည်ပြုဆောင်ရွက်ကြပြီး မဲစာရင်းပြုစု နိုင်ရေးအတွက် အသက် (၁၈) နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းကို ကာလအပိုင်းအခြား အလိုက် ဆက်လက်စိစစ်အတည်ပြုကာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟို ကော်မတီသို့ ဆက်လက်တင်ပြလျက်ရှိရာ ယခုအခါ အဆိုပါအတည်ပြုစာရင်းများကို ကော်မတီ အဆင့်ဆင့်က (၃) ကြိမ်တိုင် ပြုစုပေးပို့ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းစာရင်းများကို ဗဟိုကော်မတီမှ တစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ ဆက်လက်တင်ပြပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့လည်း မဲစာရင်းပြုစုရေးလုပ်ငန်းများ ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရေး အတွက်လည်း ဆက်လက်ပေးပို့ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ လူဦးရေစာရင်းများသည် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း၊ အသက်(၁၈)နှစ်ပြည့်တိုးလာခြင်း စသည့်ဖြစ်စဉ် များ ကြောင့် စာရင်းကွဲလွဲမှုများ အမြဲလိုလိုဖြစ်ပေါ်နိုင်သည့်အတွက် ယင်းအခြေအနေများကိုသက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက အမြဲမပြတ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယင်း ကွဲလွဲချက်များကိုလည်း ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုပြီး သတ်မှတ်ကာလအပိုင်းအခြား တွင်ရှိမည့် အသက် (၁၈) နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းကို သတ်မှတ်ချိန်အမီ စိစစ် အတည်ပြုပြီး ဗဟိုကော်မတီကိုပေးပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လာမည့်အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည် ဖြစ်ရာ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရန် ကျန်ရှိသည့်စာရင်းများကိုလည်း ပူးတွဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါက စာရင်းကောက်ရမည့်ရက် တိုးမြှင့်ကောက်ယူနိုင်ရေးနှင့် လုံခြုံရေးအပြည့်အဝရယူ၍ ကောက်ယူဆောင်ရွက်နိုင်ရေးတို့အတွက် ကြိုတင်စီစဉ်ဆောင်ရွက်ထား ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဗဟိုကော်မတီအနေဖြင့်လည်း မြေပြင်ကွင်းဆင်းကောက်ယူခဲ့သည့် စာရင်းအချက်အလက်များမှ သတ်မှတ်ကာလအပိုင်းအခြားတွင် အသက် (၁၈) နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းကိုလည်း ပြည်လုံးကျွတ်သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းနှင့် ပြိုင်တူတင်ပြ၍ နှိုင်းယှဉ်သုံးသပ်ပြီး တိကျမှန်ကန်သည့်မဲစာရင်းကို ထုတ်ပြန်နိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့ဌာနအနေဖြင့်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက်လည်း ဥပဒေနှင့်အညီ ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ထုတ်ပေးလျက်ရှိရာ ယင်းလုပ်ငန်းစဉ် အောင်မြင်ရေးအတွက်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုအစည်းအဝေး တွင် ယခင်ကျင်းပခဲ့သည့် အစည်းအဝေး၏ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှု၊ လက်ရှိအခြေအနေတွင် မဲစာရင်းမှန်ကန်ရေးအတွက် အတည်ပြုလူဦးရေစာရင်းများ သတ်မှတ်ကာလအတွင်း စိစစ်ပြုစုပေးပို့နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ပွင့်ပွင့်လင်းလင်း ရှင်းလင်းဆွေးနွေးတင်ပြကြရန် တိုက်တွန်းပါကြောင်းဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

          ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် အတည်ပြုလူဦးရေစာရင်းများ အချိန်မီပေးပို့နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက် များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီ ပြီးစီးရေးအတွက် ဌာနအလိုက်ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ် များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယခုလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏ အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်ပြီး လုပ်ငန်းများသတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။(-)

Sorry, the comment form is closed at this time.