ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ e-ID စနစ်အတွက် နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များ အား အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက လေ့လာသုံးသပ်အကြံပြုဆွေးနွေးပွဲသို့တက်ရောက်၊ တွေ့ကြုံရသည့်အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေး အကြံပြုပေးရန်မှာကြား

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ e-ID စနစ်အတွက် နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များအား အိန္ဒိယနိုင်ငံမှနည်းပညာရှင်များက လေ့လာသုံးသပ်အကြံပြုဆွေးနွေးပွဲသို့တက်ရောက်၊

တွေ့ကြုံရသည့်အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်ရေး ပွင့်ပွင့်လင်းလင်းဆွေးနွေး အကြံပြုပေးရန်မှာကြား

 နေပြည်တော်၊ ဇူလိုင် ၁၇  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် e-ID စနစ်အတွက် နည်းပညာဆိုင်ရာဆောင်ရွက်ချက်များအား အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက လေ့လာသုံးသပ်အကြံပြုဆွေးနွေးပွဲကို ဇူလိုင်လ ၁၆ ရက်၊ မွန်းလွဲ (၃) နာရီ က အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ဆွေးနွေးပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တက်ရောက်၍အမှာစကား ပြောကြားရာတွင် အိန္ဒိယနိုင်ငံ Aadhaar စနစ်သည် အောင်မြင်သည့် နည်းပညာတစ်ခုဖြစ်ပြီး ယင်း Aadhaar စနစ်ကိုလေ့လာ၍ ယခု e-ID စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ e-ID စနစ်သည် မြန်မာနိုင်ငံ၏ e-Government စနစ်အတွက် အခြေခံအကျဆုံး လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏ e-ID စနစ်အတွက် လူတစ်ဦးချင်းစီ၏ Biographic/Biometric ကောက်ယူ၍ ဂဏန်း(၁၀)လုံးပါ Unique ID နံပါတ်ထုတ်ပေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်နှင့်ဆက်စပ်၍ ဝန်ကြီးဌာနများ၊ အခြားသောအဖွဲ့အစည်း များနှင့် ချိတ်ဆက်ကာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံမှ နည်းပညာဆိုင်ရာပညာရှင်များအနေဖြင့် မိမိတို့၏ e-ID စနစ် လုပ်ငန်းစဉ် ဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ်၍ လုပ်ငန်းဆိုင်ရာအကြံပြုချက်များ၊ တွေ့ကြုံရသည့် အခက်အခဲများအပေါ် ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ပွင့်ပွင့် လင်းလင်းဆွေးနွေး အကြံပြုပေးကြစေလိုပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

IMG_8689 IMG_8702

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ Development Partnership Administration Mr. Anish Kumar ဦးဆောင်သော National Institute of Smart Government (NISC) နှင့် Modular Open-Source Identity Platform(MOSIP) တို့မှ နည်းပညာရှင် ကိုယ်စားလှယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်သည်။

          ယင်းနောက် လက်ရှိ e-ID စနစ်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် နည်းပညာဆိုင်ရာအဖွဲ့နှင့် အိန္ဒိယနိုင်ငံနည်းပညာဆိုင်ရာကိုယ်စားလှယ်အဖွဲ့တို့သည် နည်းပညာ ဆိုင်ရာဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို ဇူလိုင်လ ၁၇ ရက်၊ ယနေ့တွင်လည်း ဆက်လက်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ e-ID စနစ်နှင့်ပတ်သက်၍ နည်းပညာ ဆိုင်ရာလိုအပ်ချက်များအပေါ် အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက သုံးသပ်အကြံပြုကာ လိုအပ် သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.