ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် e-ID စနစ်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ၊

နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် e-ID စနစ်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

 နေပြည်တော်၊ ဇူလိုင် ၂၄  ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်အဖွဲ့အား ဇူလိုင်လ (၂၄) ရက်၊ ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

3

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် တာဝန်ရှိသူ များတက်ရောက်ကြပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ဝင်/ထွက်သွားလာနိုင် ရေးအတွက် ပြည်ဝင်ဗီဇာနှင့် နေခွင့်ဆိုင်ရာ ခွင့်ပြုဆောင်ရွက်ပေးမှုအခြေအနေ၊ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် အထူးသဖြင့် တမူး-မိုးရေး နယ်စပ်ဂိတ်အား အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပေးပို့ထားသည့်စာရင်းအရ အိန္ဒိယနိုင်ငံသားများအား ရှာဖွေကူညီ ကယ်တင်ဆောင်ရွက်မှုနှင့် ရှာဖွေတွေ့ရှိသူများအား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရ အရေးမယူဘဲ ပြန်လည်လွှဲပြောင်းဆောင်ရွက်ပေးမှုအခြေအနေ၊ အိန္ဒိယနိုင်ငံ၌ အောင်မြင်စွာ ဆောင်ရွက်နေ သည့် Aadhaar စနစ်ကို နမူနာယူ၍ ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်နေမှုအခြေအနေ၊ ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယနိုင်ငံ ပြည်ပရေးရာဌာနနှင့် National Institute of Smart Government (NISG) တို့မှ နည်းပညာဆိုင်ရာကိုယ်စားလှယ်များ လာရောက်၍ e-ID စနစ်လုပ်ငန်း ဆောင်ရွက်နေမှုများအား လေ့လာသုံးသပ်အကြံပြုဆွေးနွေး ဆောင်ရွက်ခဲ့မှုနှင့်ဆွေးနွေးချက်များအပေါ် အကောင်အထည်ဖော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးနိုင်ရေးအခြေအနေ၊ မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများနှင့်e-ID စနစ်အတွက် နည်းပညာဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.