ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်များ၌ ဖွင့်လှစ်လျက်ရှိသည့် သန်းခေါင်စာရင်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းများဖွင့်လှစ် ပို့ချနေမှုကြည့်ရှု၊ ပြည်သူကို ကြည်သာရွှင်ပြစွာ မေးမြန်းကောက်ယူနိုင်ရေး ဆွေးနွေးပို့ချကြရန်မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်များ၌ ဖွင့်လှစ်လျက်ရှိသည့် သန်းခေါင်စာရင်းဆိုင်ရာ ခရိုင်အဆင့် နည်းပြသင်တန်းများဖွင့်လှစ် ပို့ချနေမှုကြည့်ရှု၊ ပြည်သူကို ကြည်သာရွှင်ပြစွာ မေးမြန်းကောက်ယူနိုင်ရေး ဆွေးနွေးပို့ချကြရန်မှာကြား။

နေပြည်တော်၊ စက်တင်ဘာ ၁၁။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ (၁၁) ရက်၊ ယနေ့နံနက် ၁၁ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ခန်းမ၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ ရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် ခရိုင်အဆင့်နည်းပြသင်တန်းသို့ သွားရောက်ကြည့်ရှု အားပေး ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သင်တန်းသားများအား အမှာစကား ပြောကြားရာတွင် ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကွင်းဆင်းကောက်ယူရန် (၁၉) ရက်သာလိုတော့သည့်အတွက် အချိန်ကာလ နီးကပ်နေပြီဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရန် နည်းပြသင်တန်းသားများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးသည်နှင့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများတွင် ဆက်လက်ပို့ချနိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သန်းခေါင် စာရင်းအချက်အလက်များ၏ အသုံးဝင်မှုနှင့် မေးမြန်းရမည့် မေးခွန်းများ၏အရေးပါမှုကို သိရှိ နားလည်ပြီး သင်တန်းမှပို့ချချက်များကို မိမိတို့၏အတွေ့အကြုံများနှင့်ပေါင်းစပ်ကာ မြေပြင် တွင် ကြုံတွေ့ရမည့် အခက်အခဲများအပေါ် ကျော်လွှားဖြေရှင်းနိုင်ရေး အလေးထားဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ နည်းပညာအသုံးပြု မေးမြန်းကောက်ယူမည်ဖြစ်သည့်အတွက် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်း တတ်ကျွမ်းနားလည် သိရှိထားကြရန်လိုကြောင်း၊ ထို့ပြင် သန်းခေါင်စာရင်း လုပ်ငန်းစဉ်အတွက် ထုတ်ပြန်ပြဋ္ဌာန်းထားသည့် သန်းခေါင်စာရင်းဥပဒေကိုလည်း သိရှိ နားလည်ပြီး စာရင်းစစ်၊ စာရင်းကောက်များနှင့် ပြည်သူများအတွက် အကာအကွယ်ပေးထား သည့်ဥပဒေပြဋ္ဌာန်းချက်များကိုရှင်းလင်းချပြထားကြရန်လည်းလိုကြောင်း၊စာရင်းစစ်၊စာရင်းကေက်  များသည် တစ်အိမ်တက်ဆင်းဖြင့် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ကာ သတ်မှတ်မေးခွန်းများကို မေးမြန်း၍ ဖြေကြားချက်များကို ရေးမှတ်ကောက်ယူရမည်ဖြစ်သည့်အတွက် ပြည်သူကို ယဉ်ယဉ် ကျေးကျေးဆက်ဆံ၍ ကြည်သာရွှင်ပြစွာ မေးမြန်းဆောင်ရွက်နိုင်ရေး နည်းပြများမှ ဆွေးနွေးချပြ ထားရန်လိုကြောင်း၊ သန်းခေါင်စာရင်း လုပ်ငန်းစဉ်သည် ပြည်သူအားလုံး ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်သည့်အတွက် ပြည်သူများသိရှိနားလည်လိုက်ပါပူးပေါင်း ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များ၊ အခက်အခဲများရှိပါက အထက်အဆင့်ဆင့်သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြော ကြားသည်။

IMG_2313

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင် ရွက်ပေးမှုနှင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များ အောင်မြင်‌ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင် ရေးအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ် တို့သည် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ သင်တန်းပို့ချဆွေးနွေးနေမှုကို ကြည့်ရှုအားပေး၍ သင်တန်းသားများအား သန်းခေါင်စာရင်း အထောက်အကူပြုပစ္စည်းများ လိုက် လံဝေငှ ပေးအပ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မရမ်းကုန်း မြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်လျက်ရှိသည့် သန်းခေါင် စာရင်းဆိုင်ရာ ခရိုင်အဆင့်နည်းပြ သင်တန်းသို့သွားရောက်ကြည့်ရှုအားပေးကာ သင်တန်းသား များအား သင်တန်းမှ ဆွေးနွေး ပို့ချမှုများကို မကြာမီဆက်လက်ဖွင့်လှစ်မည့် မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများတွင် လက်တွေ့ကျကျထိရောက်စွာ ပြန်လည်ပို့ချနိုင်ရန် အလေး ထားမှတ်သား ဆောင်ရွက်နိုင်ရေး၊ မေးမြန်းမည့် မေးခွန်းများအပေါ် ပြည်သူများအနေဖြင့် မှန်မှန် ကန်ကန် ဖြေကြားခြင်းဖြင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် ကြိုတင်မျှော်တွေးဆောင်ရွက်ကြရေး၊ တစ်အိမ်တက်ဆင်း ကောက်ယူမည့် စာရင်းစစ်၊ စာရင်းကောက်များအား ပြည်သူအပေါ် ယဉ်ကျေးပျူငှာစွာဆက်ဆံ၍ ကြည်သာရွှင်ပြစွာ မေးမြန်းကောက်ယူနိုင်ရေးအတွက် အသိပညာ ပေးဆွေးနွေးဆောင်ရွက်ရေးနှင့် ကောက်ယူရရှိသည့် အချက်အလက်များ၏အရေးပါမှုကို သိရှိ နားလည်ပြီး စနစ်တကျ မေးမြန်းကောက်ယူနိုင်ရေး၊ အမျိုးသားရေးလုပ်ငန်းတစ်ရပ်အဖြစ်ခံယူ ကာ လုပ်ငန်းများ အောင်မြင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သင်တန်းသား များအား သန်းခေါင်စာရင်း အထောက်အကူပြုပစ္စည်းများကို လိုက်လံဝေငှ ပေးအပ်ကြပြီး  နည်းပြ များ၏ သင်ခန်းစာပို့ချနေမှုများကို ကြည့်ရှုအားပေးကြသည်။

IMG_2335

          ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းကို လာမည့် အောက်တိုဘာလ(၁)ရက်မှ(၁၅)ရက်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက် သွားမည်ဖြစ်ရာ ယခုအခါ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် သင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် ခရိုင်အဆင့် မြို့ကြီးများတွင် တစ်ပြိုင်တည်း ဖွင့်လှစ်လျက်ရှိပြီး ယင်းသင်တန်းပြီးဆုံးပါက မြို့နယ်အလိုက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက် သင်တန်းများ ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.