ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာရုံး၊
ညွှန်ကြားရေးမှူး Ms. Hai Kyung Jun နှင့်အဖွဲ့အား လက်ခံ တွေ့ဆုံ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး
နေပြည်တော်၊အောက်တိုဘာ ၃ ။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့်ပစိဖိတ်ဒေသ ဆိုင်ရာရုံး၊ ညွှန်ကြားရေးမှူး Ms. Hai Kyung Jun နှင့်အဖွဲ့အား အောက်တိုဘာလ (၃) ရက်၊ ယနေ့နံနက် (၉) နာရီ မိနစ် (၂၀) တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြ သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့ သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာ MoU မူဘောင်အရ လုပ်ငန်းများအကောင် အထည်ဖော်ဆောင်ရွက်နေမှုနှင့် MoU သက်တမ်းထပ်မံတိုးမြှင့်ကာ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ခွင့်ဗီဇာကိစ္စရပ်များနှင့် ပြည်ပမှတင်သွင်းသည့်ပစ္စည်းများအား အကောက်အခွန်လွတ်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် အညီ သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းဆောင်ရွက်ပေးမှုအခြေအနေ၊ ဘူးသီးတောင်၊ မောင်တော ဒေသမှ ဒေသခန့်ဝန်ထမ်းများ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင်နိုင်ရေးအတွက် ဆောင်ရွက် ပေးမှုနှင့်လိုအပ်ချက်ရှိပါက ကြိုတင် တင်ပြဆောင်ရွက်နိုင်ရေးအခြေအနေ၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းလာသည်နှင့်အမျှ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထိရောက်စွာဆောင်ရွက် ပေးနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိနိုင်ရေးအခြေအနေ၊ ဝန်ကြီးဌာနနှင့် UNDP-UNHCR တို့အကြား ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသတင်း ရရှိသည်။(-)
Sorry, the comment form is closed at this time.