ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင် ရွက်သည့် ဌာနပိုင် ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်မှု လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များ မှာကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊  ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဆောင် ရွက်သည့် ဌာနပိုင် ဇင်ယော်ရေယာဉ်များ ကြံ့ခိုင်မှုနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်မှု လှည့်လည်ကြည့်ရှုစစ်ဆေးကာ လုပ်ငန်း လိုအပ်ချက်များ မှာကြား။

နေပြည်တော်၊ နိုဝင်ဘာ ၄။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ (၄)ရက်၊  ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊  Yangon Innovation Centre (YIC) ရှေ့ရှိ ကျန်းမာရေးဆိပ်ခံတံတား၌ ဆိုက်ကပ်ထားသော ရေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်သည့် ဌာနပိုင် ဇင်ယော်(၁)၊ (၂)၊ (၃) ရေယာဉ် (၃)စီးအား သွားရောက် ကြည်ရှုစစ်ဆေးရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ဇင်ယော်ရေယာဉ် ရေယာဉ်တစ်စီးချင်းအလိုက် ဝန်ထမ်းများ တာဝန် ထမ်းဆောင်မှုအခြေအနေ၊  စက်ခန်းများနှင့် ရေယာဉ်တက်မခန်းများ အခြေအနေ၊ ရေယာဉ် တစ်စီးချင်းအလိုက် ဒေါက်တင် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုနှင့် စစ်ဆေးရေးလုပ်ငန်း တာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လိုက်လံ ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

IMG_5746

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရေယာဉ်ဝန်ထမ်းများနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့် ဝန်ထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဂရုပြုဆောင်ရွက် ကြရန်နှင့် ရေယာဉ်များ ကြံ့ခိုင်ကောင်းမွန်စေရေး၊ မီးဘေးအန္တရယ် ကာကွယ်ရေးနှင့် လုံခြုံမှုရှိစေ ရေးတို့အတွက် တာဝန်ရှိသူများအနေဖြင့် အမြဲမပြတ် စစ်ဆေးကြပ်မတ် ဆောင်ရွက်ကြရန်လို ကြောင်း၊ ဇင်ယော်ရေယာဉ်များတွင် တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများအနေဖြင့် သင်္ဘော သားဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်စေရေးအတွက် လေ့လာဆည်းပူးကြရန် လိုအပ်ကြောင်း၊ မိုးလေဝသဆိုင်ရာ သတင်းများကိုလည်း စဉ်ဆက်မပြတ် လေ့လာသိရှိထားရန် လိုအပ်ပြီး လုံခြုံရေး အသိရှိရန်လည်း လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်  ပေးအပ်သည့်တာဝန်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း အခြားသောဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန် လိုကြောင်းဖြင့် ရှင်းလင်းမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လေဆိပ်ရှိ CIP Leunge အစည်းအဝေးခန်းမ၌ လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား တွေ့ဆုံသည်။

IMG20241104085858

ထိုသို့ တွေ့ဆုံရာတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား လေဆိပ်တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကိုလတ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဆိုက်ရောက် ထွက်ခွာသည့် ပြည်တွင်း၊ ပြည်ပလေကြောင်းလိုင်းများနှင့် ခရီးသည်များဝင်ထွက်သွားလာမှုနှင့် လူဝင်မှုစစ်ဆေးရေးကောင်တာများ ဖွင့်လှစ်ဆောင်ရွက်နေမှု၊ e-Visa နှင့် ဆိုက်ရောက်ဗီဇာ များဖြင့် ရောက်ရှိသည့် နိုင်ငံခြားသားခရီးသည်များ စစ်ဆေးဆောင်ရွက်မှု၊ Imtegrated Border Management Control System (iBMC) ဆာဗာဖြင့် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်း တင်ပြရာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက ဖြည့်စွက်ရှင်းလင်း တင်ပြ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သည် နိုင်ငံတကာ ခရီးသည်များနှင့် ပြည်တွင်းခရီးသည်များ ဝင်ထွက်သွားလာမှု အများဆုံး လေဆိပ်ဖြစ်ရာ ဝန်ထမ်းများအနေဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရီးသည်များအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံဆောင်ရွက် ကြရန်လိုကြောင်း၊ ဝန်ထမ်းများ ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှု၊ ပြုမူဆောင်ရွက်မှုများ သည် ဌာန၏ ပုံရိပ်ဖြစ်သကဲ့သို့ နိုင်ငံခြားသားခရီးသည်များအတွက် နိုင်ငံတော်၏ ပုံရိပ်ဖြစ်သည် ကို သိရှိနားလည်ကာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့် ထိရောက်သော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖြစ်စေရေး၊ နိုင်ငံတကာအဆင့်မီ စိစစ်ဆောင်ရွက်နိုင်ရေးနှင့် နည်းပညာ တတ်ကျွမ်း နားလည်စေ‌ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် အမည်မည်းစာရင်း ရေးသွင်းထား သူများ ပြည်ပသို့ ထွက်ခွာခွင့်မပြုမိစေရန် စနစ်တကျ စိစစ်တားဆီးနိုင်‌ရေးနှင့် အမည်မည်းစာရင်း မရှိသူများအား မှားယွင်း တားဆီးမှုမရှိစေရေး အလေးအနက်ထား ဂရုပြုဆောင်ရွက်ကြရန်လို ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အမြဲရှိစေရန် လိုအပ်ပြီး ဆက်စပ် ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ရှင်းလင်းမှာကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြည်ပထွက်ခွာစစ်ဆေးရေးကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ နှင့် လူဝင်မှုကြီးကြပ်ရေးမှတ်တမ်းများ ထိန်းသိမ်းထားရှိသည့် iBMC ဆာဗာခန်း အခြေအနေ တို့ကိုလည်းကောင်း၊ ရက်လွန်ဒဏ်ကြေးအခငွေ ကောက်ခံဆောင်ရွက်သည့် ကောင်တာနှင့် အလုပ်သမားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ သတင်းပို့ ကောင်တာသို့လည်းကောင်း၊ ပြည်ပဆိုက်ရောက်ကောင်တာများ၌ ဝန်ထမ်းများ၏ လုပ်ငန်း ဆောင်ရွက်မှုအခြေအနေနှင့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ရောက်ရှိလာသည့် ခရီးသည်များအား စစ်ဆေးခွင့်ပြုဆောင်ရွက်သည့် ကောင်တာတို့ကိုလည်းကောင်း၊ လှည့်လည် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.