ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ လဝကဝန်ထမ်းများအား တွေ့ဆုံ မှာကြား၊ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတား နယ်စပ်စစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည်ရှု့စစ်ဆေးကာ နှစ်နိုင်ငံနယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များ မေးမြန်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေး။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ လဝကဝန်ထမ်းများအား တွေ့ဆုံ မှာကြား၊ ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေးတံတား နယ်စပ်စစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည်ရှု့စစ်ဆေးကာ နှစ်နိုင်ငံနယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်နှင့်အညီ ဆောင်ရွက်ရန်လိုအပ်ချက်များ မေးမြန်းဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေး။

နေပြည်တော်၊ နိုဝင်ဘာ ၇။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင် တို့နှင့်အတူ နိုဝင်ဘာလ ၆ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ သီလဓမ္မကုန်းသာတောရကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်) အား ဖူးမြော်ကာ သာသနာရေးဆိုင်ရာများ လျှောက်ထားကြပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာကြားကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒုတိယပြည်နယ် ဦးစီးမှူးရုံးနှင့် ခရိုင်နှင့် မြို့နယ် ဦးစီးမှူးရုံးများမှ ဝန်ထမ်းများအားတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိဆောင်ရွက်နေသည့် ဌာန၏လုပ်ငန်း များသည် နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းများဖြစ်မှု၊ ယင်းလုပ်ငန်းစဉ်များ သတ်မှတ် ကာလအတွင်း ပြီးစီးအောင်မြင်ရေးအတွက် ဒေသအာဏာပိုင်များ၊ ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်နိုင်ရေးအခြေအနေ၊ လက်ရှိအခြေအနေတွင် လုံခြုံရေးကို အထူးဂရုပြုဆောင်ရွက် နိုင်ရေးနှင့် ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေးအခြေအနေ၊ ဝန်ထမ်း အချင်းချင်း အထက်အောက်အပြန်အလှန် ချစ်ကြည်လေးစားပြီး စည်းလုံးညီညွတ်စွာဖြင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးနှင့် ပြည်သူကို ကြည်သာရွှင်ပြစွာဆက်ဆံ၍ ထိရောက်သော ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန ကျိုင်းတုံခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးအဆောက်အဦအခြေအနေ၊ ရုံးအတွင်း သန့်ရှင်း သပ်ရပ်ရေးဆောင်ရွက်ထားရှိမှု၊ ရုံးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသခံပြည်သူများ အား e-ID စနစ်အတွက် Unique ID နံပါတ်ထုတ်ပေးဆောင်ရွက်နေမှု၊ ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးဖိုင်များစနစ်တကျ ထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအို ချစ်ကြည်ရေး တံတား နယ်စပ်စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာနိုင်ရေး အတွက် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ နယ်စပ် စစ်ဆေးရေးဂိတ်တွင် နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ စစ်ဆေးဆောင်ရွက်သည့် ဆက်စပ်ဌာနများ၏ ရုံးခန်းများအခြေအနေ၊ လက်ရှိအခြေအနေတွင် နှစ်နိုင်ငံပြည်သူများ ဝင်ထွက်သွားလာမှုနှင့် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ စစ်ဆေးရေးဂိတ်ဝန်းအတွင်းနှင့် ပတ်ဝန်းကျင် အခြေအနေ၊ နယ်စပ်စစ်ဆေးရေးဂိတ်နှင့် ကျိုင်းလပ်ချစ်ကြည်ရေးတံတား လုံခြုံရေးဆောင်ရွက် ထားရှိမှု အခြေအနေများကို အသေးစိတ် လှည်လည်ကြည်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

IMG_6179

IMG_6243

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-လာအို ချစ်ကြည်ရေးတံတားပေါ်သို့ သွားရောက်၍ တံတားကြီး ကြံခိုင်ကောင်းမွန်မှုနှင့် တံတားကြီး၏ အလည်တွင်ရှိသည့် နှစ်နိုင်ငံ နယ်စပ်အမှတ်အသား အခြေအနေတို့ကိုလည်းကောင်း၊ တံတားအောက် ရေလမ်းကြောင်း အခြေအနေနှင့် လာအိုဘက်ခြမ်း တံတားအဝင်လမ်း အခြေအနေကိုလည်းကောင်း လှည်လည် ကြည်ရှု့စစ်ဆေးကာ နှစ်နိုင်ငံကုန်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ လက်ရှိ ဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍ သိရှိလိုသည်များကို တာဝန်ရှိသူများအား မေးမြန်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နယ်စပ်စစ်ဆေးရေးဂိတ် အစည်းအဝေးခန်းမ၌ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေသည့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူ များအား တွေ့ဆုံ၍ အမှာစကား ပြောကြားရာတွင် မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ် ကျိုင်းလပ် စစ်ဆေးရေးဂိတ်သည် မကြာမီ နယ်စပ်ကုန်သွယ်ရေးအပါအဝင် နှစ်နိုင်ငံ နိုင်ငံသားများ ကူးသန်း သွားလာမှု များပြားလာမည်ဖြစ်သည့်အတွက် လိုအပ်ချက်များ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ သို့မှသာ မြန်မာ-လာအို နှစ်နိုင်ငံနယ်စပ်ဒေသစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်နှင့်အညီ ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံ နယ်စပ် ကူးသန်းသွားလာမှုနှင့် ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်မည်ဆိုပါက ဖြည့်ဆည်းပေးရန် လိုအပ်ချက်များ၊ လုပ်ငန်းအခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြကြစေလိုကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများအား လုပ်ငန်းအခက်အခဲများ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွားရောက်ကြည့်ရှု့စစ်ဆေးရာ စခန်းတာဝန်ခံနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။(-)

 

 

 

Sorry, the comment form is closed at this time.