ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောပြိုင်ပွဲ အားကစားသမားများ အား တွေ့ဆုံကာ အောင်စိတ်မွေး၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး လေ့ကျင့်ယှဉ်ပြိုင်ကြရန် အားပေး စကားပြောကြား။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောပြိုင်ပွဲ အားကစားသမားများ အား တွေ့ဆုံကာ အောင်စိတ်မွေး၍ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး လေ့ကျင့်ယှဉ်ပြိုင်ကြရန် အားပေး စကားပြောကြား။

နေပြည်တော်၊ နိုဝင်ဘာ ၂၉ ။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကိုယ်စားပြု အမျိုးသားဘော်လီဘောအားကစား သမားများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တွေ့ဆုံအားပေးစကားပြောကြားခြင်းအခမ်းအနားကို နိုဝင်ဘာလ (၂၉) ရက်၊ ယနေ့ညနေ (၄) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ရှေးဦးစွာ အားကစားအသင်းတာဝန်ခံ အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းက ဝန်ကြီးဌာန အမျိုးသား ဘော်လီဘောအသင်းဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ အမျိုးသားအားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်မှု၊ အားကစားသမားများ၏ ကျန်းမာရေး၊ နေထိုင်စားသောက် ရေးဆိုင်ရာ ဆောင်ရွက်ပေးမှုနှင့် ပြိုင်ပွဲယှဉ်ပြိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။

IMG_8335 IMG_8341

          ထို့နောက် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများက တစ်ဦးချင်း မိတ်ဆက် ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အားပေးစကားပြောကြားရာတွင် နိုင်ငံတော်အဆင့် ကျင်းပသည့် အမျိုးသားအားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် စည်းကမ်းတကျပြိုင်ပွဲဝင်ကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှသည် နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားအဖြစ် ရွေးချယ်ခံရရေးအတွက် တစ်ဦးချင်းမှအစ၊ အသင်းလိုက်စုဖွဲ့ကြိုးပမ်း ကြရန်လိုကြောင်း၊ “ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုသည့်အတိုင်း ပြိုင်ပွဲမဝင်မီ လေ့ကျင့်သား ပြည့်ဝစေရေးအတွက် စနစ်တကျလေ့ကျင့်ကြရန်နှင့် နေထိုင်၊ စားသောက်မှုနှင့် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များကိုလည်း အလေးဂရုပြုကြရန်လိုကြောင်း၊ အားကစားသမားတိုင်း အောင်စိတ် မွေး၍ ဌာနဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရေး လေ့ကျင့်ကြိုးစား ယှဉ်ပြိုင်ကြရန်လိုကြောင်းဖြင့် အကျယ်တဝင့် အားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများအား ထောက်ပံ့ငွေများပေးအပ်ကာ တာဝန်ရှိသူများအား လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး ပြီး အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းနှင့် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.