ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တက်ရောက်၊ ကြုံတွေ့လာနိုင်သည့် လုပ်ငန်းအခက်အခဲ များအပေါ် ကြိုတင်မျှော်တွေး၍ လုပ်ငန်းများ မဖြစ်မနေအောင်မြင်အောင် အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်း။
နေပြည်တော်၊ ဇန်နဝါရီ ၂၁ ။
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) ကို ဇန်နဝါရီလ (၂၁) ရက်၊ ယနေ့နံနက် (၉) နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ကြီးကြပ်မှုဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဝန်ကြီး ဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း တို့မှ ဥက္ကဋ္ဌများနှင့်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများတက်ရောက်ကြပြီး ကြီးကြပ်မှုဗဟို ကော်မတီဝင် တိုင်းဒေသကြီး/ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသည့် ဝန်ကြီးချုပ်များနှင့် ကော်မတီဝင်ကိုယ်စားလှယ်များက သက်ဆိုင်ရာ နယ်မြေများမှ ဗီဒီယိုကွန်ဖရန့်ဖြင့် တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဦးစွာမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံအနေဖြင့် ယခု ၂၀၂၅ ခုနှစ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ၏ အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည့်စုံ မှန်ကန်သည့် မဲစာရင်းဆိုရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင် ပါရှိစေရုံသာမက ဆန္ဒမဲပေးပိုင်ခွင့်မရှိသူများ မဲစာရင်းတွင်မပါရှိစေသည့် မဲစာရင်းပင်ဖြစ်ပါကြောင်း၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ များက အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများကို အဆင့်ဆင့် စိစစ်အတည်ပြုပေးပို့လျက်ရှိရာ ယင်းစာရင်းများအား ဗဟိုကော်မတီမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ စိစစ်အတည်ပြုပေးပို့လျက်ရှိပါကြောင်း၊ ယခုအခါ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ရှေ့ပြေးလူဦးရေစာရင်းကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ဆိုသည်မှာ သတ်မှတ်ထားသည့် သန်းခေါင်စာရင်းရည်ညွှန်းချိန်တွင် မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရောက်ရှိနေထိုင်သူအားလုံးကို တစ်ပြိုင်တည်းကောက်ယူခြင်းဖြစ်ပြီး အိမ်ထောင်စုလူဦးရေ စာရင်းရှိသူ၊ မရှိသူ၊ ၎င်းအချိန်တွင်ရောက်ရှိနေသည့် နိုင်ငံခြားသား စသည်တို့အားလုံးပါဝင်ပါ ကြောင်း၊ ယေဘူယျအားဖြင့် သန်းခေါင်စာရင်းသည် နိုင်ငံခြားသားများပါ ပါဝင်နေသည့်အတွက် အိမ်ထောင်စုလူဦးရေစာရင်းထက် များရမည်ဖြစ်သော်လည်း တစ်ချို့ဒေသများ၌ အိမ်ထောင်စု လူဦးရေစာရင်းအမည်ပါရှိသော်လည်း သန်းခေါင်စာရင်းကောက်ယူချိန်တွင် အကြောင်းအမျိုးမျိုး ကြောင့် မြန်မာနိုင်ငံအတွင်းမရှိဘဲ ပြည်ပသို့ရောက်ရှိနေသည့်အတွက် သန်းခေါင်စာရင်းတွင်ပါဝင် ခြင်းမရှိသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေကိန်းဂဏန်း အချက်အလက်များနှင့် မြေပြင်ကွင်းဆင်းကောက်ယူရာမှ ရရှိသည့် စာရင်းအချက်အလက်များကို မြို့နယ်အဆင့်မှစ၍ အခြေခံကျကျ တိုက်ဆိုင်စိစစ်ကာ မဲစာရင်းမှန်ကန်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရာဒေသ အလိုက် ရွှေ့ပြောင်းသွားလာနေထိုင်မှုများရှိသည့်အတွက် ယင်းတို့၏အမည်စာရင်းများကို မဲစာရင်း တွင်ပါရှိရေးနှင့် မဲစာရင်းမထပ်စေရေးတို့အတွက် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ အချင်းချင်းအပြန်အလှန် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက် ပေးကြရမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြီးကြပ်မှု ကော်မတီများက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင်ရှိမည့် အသက်(၁၈)နှစ်အထက် လူဦးရေ စာရင်းများကို အဆင့်ဆင့်စိစစ်အတည်ပြုပေးပို့သည့်စာရင်းများအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဗဟိုမဲဆန္ဒရှင်စာရင်းစီမံခန့်ခွဲမှုစနစ် (CVLMS) သို့ ထည့်သွင်း၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အပြန်အလှန်စိစစ်လျက်ရှိရာ အချက်အလက်ကွဲလွဲမှုနှင့်မပြည့်စုံမှု၊ အချက်အလက်ထပ်နေမှု နှင့်မပါရှိမှု စသည့်ကွဲလွဲမှုများ မဖြစ်ပေါ်စေရေးအတွက် အဆင့်ဆင့် စနစ်တကျစိစစ်အတည်ပြု၍ သတ်မှတ်ရက်အရောက် ပြုစုပေးပို့ကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်သင့်သည် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် လက်ရှိနိုင်ငံတော် အစိုးရစတင်တာဝန်ယူချိန်မှစ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပန်းခင်းစီမံချက် ရေးဆွဲကာ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပန်းခင်းစီမံချက်အဆင့်(၃)သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ယခုအခါ ပန်းခင်းစီမံချက်အဆင့်(၃)အပါအဝင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူကတ်ပြား စုစုပေါင်း (၉ ဒသမ ၁)သန်းကျော် ထုတ်ပေးပြီးဖြစ်ပါကြောင်း၊ ယခု ထပ်မံ၍ ပန်းခင်းစီမံချက် အဆင့်(၃) ကာလအား ၂၀၂၅ခုနှစ် အောက်တိုဘာလ (၃၁)ရက်အထိ တိုးမြှင့်၍ စုစုပေါင်းလူဦးရေ (၄) သိန်းကျော်ကို နိုင်ငံသားကတ်ပြားဆောင်ရွက်ပေးရန် လျာထား သတ်မှတ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် လျာထားသတ်မှတ်ချက်များ အတိုင်း ပြီးစီးအောင်မြင်ရေးအတွက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ နယ်မြေဒေသလမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအခြေအနေ များအရ ကြုံတွေ့လာနိုင်သည့် လုပ်ငန်းအခက်အခဲများအပေါ် ကြိုတင်မျှော်တွေး၍ မဲစာရင်းတိကျ မှန်ကန်ရေးအတွက် ပြည့်စုံမှန်ကန်သည့် လူဦးရေစာရင်းပြုစုခြင်းနှင့် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို မဖြစ်မနေအောင်မြင်အောင် အလေးထားပူးပေါင်းညှိနှိုင်း ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ယခုအစည်းအဝေးတွင် ယခင် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ပြည့်စုံမှန်ကန် သည့် လူဦးရေစာရင်းပြုစုပေးပို့နိုင်ရေးနှင့် ပန်းခင်းစီမံချက် အဆင့် (၃) အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာအခက်အခဲများကို ပွင့်ပွင့်လင်းလင်း ရှင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်းဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ၊ ကော်မတီဝင်ကိုယ်စားလှယ်များက ယခင် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် အတည်ပြုလူဦးရေစာရင်းများ အချိန်မီပေးပို့နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ လုပ်ငန်းဆိုင်ရာ လိုအပ်ချက် များကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ကြီးကြပ်မှုဗဟိုကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက လုပ်ငန်းများအချိန်မီ ပြီးစီးရေးအတွက် ဌာနအလိုက် ပံ့ပိုးကူညီပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး မိမိတို့အနေဖြင့် တူညီသောရည်မှန်းချက်ဖြစ် သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများသတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် အားလုံးက တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရေး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။(-)
Sorry, the comment form is closed at this time.