ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနဝန်းအတွင်း ဝန်ထမ်းများ ယာယီနေရာချထားနိုင်ရေး ဆောင်ရွက်ထား ရှိမှုကြည့်ရှု၊

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ UNHCR မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ၊ ဝန်ကြီးဌာနဝန်းအတွင်း ဝန်ထမ်းများ ယာယီနေရာချထားနိုင်ရေး ဆောင်ရွက်ထား ရှိမှုကြည့်ရှု၊

နေပြည်တော်၊ ဧပြီ ၁၁ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ဧပြီလ (၁၁) ရက်၊ ယနေ့နံနက် (၁၀၃၀) နာရီ တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌လက်ခံတွေ့ဆုံ သည်။

IMG_5546

          ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး အင်အား အလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် တစ်ချို့၌ ထိခိုက်ပျက်စီးဆုံးရှုံးမှုအပေါ် မြန်မာနိုင်ငံရှိ UN အဖွဲ့အစည်းများမှလည်း တတ်နိုင်သမျှ ကူညီကယ်ဆယ်ဆောင်ရွက်နေမှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်း၍ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့် UNHCR အနေဖြင့် ယင်းလုပ်ငန်းစဉ်အပေါ် ကူညီဆောင်ရွက်ပေးနိုင်ရေးအခြေအနေ၊ UNHCR ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြု ဆောင်ရွက်ပေးမှု၊ UNHCR ၏ ဒေသခန့်ဝန်ထမ်းစာရင်းများ ပြန်လည်ပြုစုပေးပို့နိုင်ရေးနှင့် ယင်းတို့၏ ခရီးသွားလာရေးနှင့် အခြေပြုနေထိုင်နိုင်ရေး တင်ပြဆောင်ရွက်ရမည့်အစီအစဉ်၊ ဝန်ကြီးဌာနနှင့် UNHCR တို့အကြား ရင်းနှီးပွင့်လင်းစွာဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

IMG_5552

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဝန်ကြီးဌာနဝန်းရှေ့ ယာဉ်ရပ်နားနေရာများ၌ ငလျင်ဒဏ်ခံရသည့် ဝန်ထမ်းများအတွက် ယာယီနေရာချထားနိုင်ရေး အခန်းများဖွဲ့စည်း တည်ဆောက်ပြီးစီးမှုနှင့် ပြောင်းရွှေ့နေထိုင်မှုအခြေအနေကိုလည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာနရုံးအနီး ရုံးဖွင့်လှစ်ဆောင်ရွက်နိုင်ရန်နှင့် ဝန်ထမ်းများ နေထိုင်နိုင်ရန် ကွန်တိန်နာ Box များ တပ်ဆင်ပြီးစီးမှုနှင့် ဆက်လက်တပ်ဆင်ဆောင်ရွက်မည့် အခြေအနေကိုလည်းကောင်း၊  ပြည်သူ့အင်အားဦးစီးဌာနရုံးဘေးရှိ ယာဉ်ရပ်နား နေရာများ၌ ဝန်ထမ်းများနေထိုင်နိုင်ရန် အခန်းများဖွဲ့စည်းတည်ဆောက် ပြီးစီးအခြေအနေများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

IMG_5644

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယာယီနေရာချထားရာ နေရာများ၌ ရေဆင်းမြောင်း များ ဖောက်လုပ်ပေးရေး၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ယာယီနေရာချရာတွင် လုံခြုံမှုရှိ စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ (-)

 

Sorry, the comment form is closed at this time.