ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်း အခမ်းအနားတက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာန၏ နှစ်သစ်မင်္ဂလာအန္တရာယ်ကင်းပရိတ်တရားတော် နာယူခြင်း အခမ်းအနားတက်ရောက်ကြည်ညို၍ ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း။

နေပြည်တော်၊ ဧပြီ ၁၇ ။

          လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက် နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းအခမ်းအနားကို ဧပြီလ ၁၇ ရက်၊ ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်၊ ပျဉ်းမနားမြို့ ဝေဠုဝန်ကျောင်းဆရာတော် ဘဒ္ဒန္တကေလာသ အမှူးပြုသော ပင့်သံဃာတော်ငါးပါး ကြွရောက်တော်မူကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများ၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များ တက်ရောက်ကြသည်။

IMG_5998

          အစီအစဉ်အရ ကြွရောက်လာကြသူများက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဝေဠုဝန်ကျောင်းဆရာတော် ဘဒ္ဒန္တကေလာသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြ၍ ဆရာတော် သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

          ထို့နောက် ဆရာတော်သံဃာတော်များက အနန္တရာယိကကမ္မဝါစာများကို ရွတ်ပွားသရဇ္ဇာယ် တော်မူကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

          ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ဆရာတော် ဘဒ္ဒန္တပညာသီရိ ထံမှ အနုမောဒနာတရားနာယူတော်မူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ (-)

Sorry, the comment form is closed at this time.